ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်များ

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒနှင့် ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်များ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်တိုင်းရင်းသားမျိုးနွယ်စု၀င်ပါတီတစ်ခုဖြစ်သော ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် လူနည်းစု တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေးနှင့် ခမီတိုင်းရင်းသားများ လူနေမှုဖွံ့ဖြိုးတိုးတက်ရေးဟူသော မူဝါဒနှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပါတီဖြစ်သည်။

အဆိုပါ ပါတီအနေဖြင့် လူနည်းစု တိုင်းရင်းသားကိုယ်စားပြုပါတီတစ်ခုဖြစ်ပြီး ရွေးကောက်ပွဲတွင် ဒေသခံ ရခိုင်ပါတီများထက် အားနည်းကာ နိုင်ငံရေးပါတီနေဖြင့် ရွေးကောက်ပွဲတွင် အနည်းဆုံး သုံးနေရာ ဝင်ရောက်ယှဉ်ပြို်ငရမည်ဟု သတ်မှတ်ထားသည့်အတိုင်း ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီသည်လည်း ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် သုံးခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ည်။

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသုံးဦးမှာ လူငယ်များဖြစ်ပြီး ပညာအရည်အချင်းမှာ အနိမ့်ဆုံး အထက်တန်းအဆင့်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကတိကဝတ်အဖြစ် ၎င်းတို့အနိုင်ရရှိခဲ့လျှင် တခြားပါတီကြီးများနှင့်တန်းတူ အခွင့်အရေးရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ပါတီအနေနဲ့ မဲအနိုင်ရရှိခဲ့ရင် အခြားပါတီတွေနဲ့တန်းတူ အခွင့်အရေးရရှိအောင် ဆောင်ရွက်သွားမယ် ကတိကဝတ်ပေးထားပါတယ်။ ကျနော်တို့လူမျိုးနွယ်စုအနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ဖို့ တန်းတူအခွင့်အရေး ရရှိအောင်အတွက် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ပြိုင်ရတာဖြစ်တယ်” ဟု ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးမောင်ကံစိန်က ပြောသည်။

ခရွေးကောက်ပွဲဆောင်ပုဒ်မှာ “ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများတိုးတက်ဖို့ ခမီပါတီကို မဲပေးကြစို့” ဟူ၍ပေးထားပြီး ယခုအခါ ရခိုင်ပြည်နယ်တွင် Stay at home ကာလဖြစ်ခြင်းကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် ၂၀၁၀ ခုနှစ်မှစ၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ချေ။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပါတီများကိုကျော်လွန်၍ အနိုင်ရရှိရန် ကြိုးစားရုန်းကန်ရမည်ဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...