ကျန်းမာရေးကန့်သတ်ချက်များကြောင့် ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်ရုံးရန်အလွန်ခက်ပြီး ရွေးကောက်ပွဲရလဒ်ကို ရိုက်ခတ်နိုင်

ကျန်းမာရေးကန့်သတ်ချက်များကြောင့် ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်ရုံးရန်အလွန်ခက်ပြီး ရွေးကောက်ပွဲရလဒ်ကို ရိုက်ခတ်နိုင်

ကျန်းမာရေးကန့်သတ်ချက်များကြောင့် ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်ရုံးရန်အလွန်ခက်ခဲပြီး ရွေးကောက်ပွဲရလဒ်ကို ရိုက်ခတ်နိုင်ကြောင်း ချင်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းများက ပြောသည်။

 

“ကျွန်တော်တို့ ချင်းတိုင်းရင်းသားရေးရာနေရာကတော့ တစ်ခြားနေရာထက် အများကြီး ရိုက်ခက်နိုင်တာပေါ့။ ကျွန်တော်တို့က တစ်မြို့နယ်နှင့်တစ်မြိုနယ် အသွားအလာလည်း ကန့်သက်ထားတော့ တော်တော်များများ ကျွန်တော်တို့ မရောက်နိုင်ဘူး။ ပါတီကြီးတွေက မြို့နယ်တိုင်းမှာ ပါတီရုံးခွဲတွေရှိတဲ့အတွက် မဲဆွယ်ရေး အဆင်ပြေတယ်။ ကျွန်တော်တို့လို နေရာတိုင်း မြို့နယ်ပါတီရုံးခွဲတွေ မရှိတဲ့အခါကြတော့ နစ်နာတာပေါ့” ဟု အရှိုချင်းအမျိုးသားပါတီ ချင်းတိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း ဦးဆလိုင်းမောင်မောင်ဝင်းက ပြောသည်။

 

ရခိုင်ပြည်နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားသည့်အတွက် မြို့နယ်များအားလုံးကို Stay at home ကြေညာထားပြီး တစ်မြို့နယ်နှင့် တစ်မြို့နယ်သွားလာမှု ကန့်သတ်ထားသည်။

 

ဆက်လက်၍ ဦးဆလိုင်းမောင်မောင်ဝင်းက “ရွေးကောက်ပွဲရလဒ်အနေနဲ့ကတော့ လက်ရှိအနိုင်ရပါတီက အားသာတာပေါ့။ သူတို့က မြို့နယ်တိုင်းမှာ ကိုယ်စားလှယ်လောင်းတွေရှိတယ်။ သူတို့ကိုယ်တိုင်က မလုပ်နိုင်ရင်တောင် သူကိုယ်စားလှယ်တွေက မဲဆွယ်ပေးလို့ရသေးတယ်။ အဲဒါတွေက ကျွန်တော်တို့အတွက် ရိုက်ခတ်မှုတွေ ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ချင်းတိုင်းရင်းသားများပါတီမှ တစ်ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ အရှိုချင်းအမျိုးသားပါတီမှ တစ်ဦးနှင့် တသီးပုဂ္ဂကိုယ်စားလှယ်လောင်း သုံးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးဆလိုင်းတင်ဦးက “လောလောဆယ်တော့ ကျွန်တော်တို့ဘယ်မှ သွားလို့မရဘူးဖြစ်နေတယ်။ ကိုယ့်ရွာကိုယ့်ဒေသပဲ သွားလို့ရတယ်။ တစ်ခြားမြို့တွေကလည်း ဘယ်မှသွားလို့မရဘူး။ အဓိကတော့ တိုင်းရင်သားလူမျိုးရေးရာဝန်ကြီးနေရာကို ယှဉ်ပြိုင်တယ်ဆိုတော့ ကျွန်တော်တို့ကဘာမှလည်း ပြောလို့မရဘူး။ ကိုယ့်စိတ်ကတော့ ကိုယ့်ရဲ့မဲဆန္ဒနယ်မြေတွေကို သွားချင်တာပေါ့။ ဒေသန္တရအမိန့်တွေလည်း ရှိနေတော့ ဘယ်မှမသွားနိုင်ဘူး။ တကယ်တမ်းပြောရရင် ကျွန်တော်တို့က နစ်နာတာပေါ့။ ကိုယ့်ရဲ့ မဲဆန္ဒနယ်မြေတွေက တစ်နေရာထဲမဟုတ်ဘူး။ ရခိုင်တစ်ပြည်နယ်လုံးကို ဖြစ်နေတယ်။ ချင်းတိုင်းရင်းသားတွေက တစ်ပြည်နယ်လုံး ပြန့်နေတာလေ။ ကိုဗစ်ကြောင့် ကျွန်တော်တို့က ခရီးမသွားနိုင်တော့ စည်းရုံးရေးအတွက် အများကြီးနစ်နာတယ်” ဟုဆိုသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...