မဲပေးရာတွင် ကိုဗစ်ကူးစက်မှုမရှိစေရေး ပြင်ဆင်နေဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ပြော

မဲပေးရာတွင် ကိုဗစ်ကူးစက်မှုမရှိစေရေး ပြင်ဆင်နေဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ပြော

ရွေးကောက်ပွဲမဲပေးရာတွင် ကိုဗစ်ဗိုင်းရပ် ကူးစက်မှုမရှိစေရေး ပြင်ဆင်လျက်ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမူး ဦးလင်းကျော်က ပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ မဲရုံပိုင်းနဲ့ မဲရုံတာ၀န်ကျတဲ့သူတွေရဲ့အပိုင်းကို ပြင်ဆင်တာပေါ့။ ပစ္စည်းပိုင်းကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပေါ် မူတည်မယ်။ မဲဆန္ဒရှင် ၁၀၀ ရှိတဲ့နေရာဆိုရင် ပုံမှန်အတိုင်း ဆိုဒ်တစ်ဆိုဒ်နဲ့ လုပ်ဆောင်သွားမယ်။ ပြီးတော့ ၁၀၀ နဲ့ ၅၀၀ ကြားဆိုရင်တော့ အခန်းကျယ်တဲ့နေရာကို ရွေးပြီးတော့ ဆိုဒ်နှစ်ဆိုဒ် လုပ်ဆောင်သွားမယ်။ အဲ့ဒီအတွက် အခန်းကျယ်နဲ့ နေရာကျယ်ကို ရွေးချယ်သွားမယ်။ မဲပေးတာလည်း မြန်သွားမှာပေါ့၊ ဟု ပြောသည်။

ချင်းပြည်နယ်တွင် ဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားလာခြင်းကြောင့် မဲပေးမှုနှင့်ပတ်သက်၍ မည်သို့ပြင်ဆင်ထားကြောင်း မေးမြန်းခြင်းကို ဦးလင်းကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲ ကချင်ပြည်နယ်တစ်ခုလုံးတွင် မဲရုံ ၁၀၃၁ ထဲခဲ့ရာမှ ကိုရိုဗိုင်းရပ်ကပ်ဘေးကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံ ၁၁၁၄ ထိထပ်တိုးခဲ့ကြောင်း ဦးလင်းကျော်ကဆိုသည်။

"၂၀၁၅ မှာတုန်းကတော့ ၁၀၃၁ ရုံဖွင့်လှစ်ခဲ့တယ်၊ အခု ၂၀၂၀ လက်ရှိအနေအထားမှာကတော့ ၁၁၁၄ ရုံထိပြင်ဆင်ထားတယ်၊ ရဲဌာနကနေ ဘယ်လောက်ထိ ကူညီပေးမလဲဆိုတော့ မသိဘူး၊ ဒါပေမဲ့ အထဲမှာ ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုဖို့အတွက် ကျန်းမာရေးအထောက်အကူပြုတဲ့သူတွေနဲ့ အသေးစိတ်ဆွေးနွေးပြီးပြီ။ သူတို့ကတော့ မဲရုံကိစ္စတွေကို အကုန်လုံးစီမံပေးမယ်” ဟု ၎င်းက ပြောသည်။

လာမည့် ၂၀၂၀ ခုနှစ် နို၀င်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၃၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...