မဲဆွယ်ကာလ မျှော်လင့်မထားသောအခက်အခဲများ ကြုံတွေ့ရမှုအပေါ် နိုင်ငံရေးပါတီများညည်းတွား

မဲဆွယ်ကာလ မျှော်လင့်မထားသောအခက်အခဲများ ကြုံတွေ့ရမှုအပေါ် နိုင်ငံရေးပါတီများညည်းတွား
by -
Salai Clian (Chin World)၊ Saw Zin Maung (Hin Tha)

မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များတွင် မျှော်လင့်မထားသည့် အခက်အခဲများ ကြုံတွေ့ရမှုအပေါ် နိုင်ငံရေးပါတီများ ညည်းတွားလျက်ရှိသည်။

 

“မဲဆွယ်စည်းရုံးရေးဆင်းရာတွင် ကိုဗစ်ကပ်ရောဂါကူးစက်မှု့ခံနေရသည့် semi lockdown ပြုလုပ်ထားသောနေရာသို့ရောက်ပြီး မဲဆွယ်ဖို့အခက်အခဲရှိခဲ့တယ့်ကြောင်း "ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးဆင်းတယ့်နေရာက ပိုးတွေ့ရှိတယ့်နေရာဖြစ်နေတယ်။ Semi Lockdown ချထားတဲ့နေရာဖြစ်နေတော့ မူလ plan အတိုင်း လုပ်လို့မရတော့ဘူး။ အခုလိုပဲ မဲဆွယ်စည်းရုံးရေးတွေမှာ လူထုနဲ့မထိတွေ့ရတော့ အားမရှိတော့ဘူး။ အဲဒါကြောင့် နောက်ဆုံးနည်းလမ်းက မီဒီယာပေါ့ အွန်လိုင်ကနေ သွားဖို့ပဲရှိတော့တယ်" ဟု မွန်ပြည်နယ်၊ပြည်ခိုင်းဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးကပြောသည်။

 

ယခုအခြေအနေသည် ၂၀၂၀ ရွေးကောက်ပွဲအား စတင်ဝင်ပြိုင်မည့် ပါတီသစ်များအတွက် ရိုက်နှက်မှုပြင်းထန်ပြီး ၎င်းပါတီသစ်များအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပိုမိုအားထည့်ရမည့်အနေအထားဖြစ်သည်ဟု ပါတီသစ်တစ်ခုဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးထွန်းနိုင်ဝင်း (မင်းရဲစစ်နိုင်) က သုံးသပ်သည်။

 

“ကိုဗစ်ဒုတိယလှိုင်းကြောင့် ပါတီမဲဆွယ်ရေးက တော်တော်လေး ရိုက်ခက်မှုပြင်းထန်နေတယ်။ ပြီးတော့လည်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အတိုင်း လိုက်နာဖို့လိုနေတော့ မလွယ်ဘူးဖြစ်နေတယ်။ ပြီးတော့ ပါတီအသစ်တွေအတွက် အတားအဆီးတွေပိုဖြစ်တာပေါ့။ ကျွန်တော်တို့အနေနဲ့ လက်ရှိအစိုးရကိုတော့ ဘာမှပြောလို့မရဘူး” ဟု ၎င်းကပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ကိုဗစ်ကာလကန့်သတ်ချက်များအပြင် နယ်မြေတည်ငြိမ်မှု အားနည်းမှုများကြောင့် မဲဆွယ်ရေးလုပ်ငန်း မလုပ်ဆောင်နိုင်ပဲ ထိခိုက်နစ်နာလျက်ရှိသည်ဟုဆိုသည်။

 

“စက်တင်ဘာလမှာစပြီး လုပ်ရှားလို့ရမဲ့အချိန်မှာ အခုလို ကိုဗစ်ဒုတိယလှိုင်းကထနေတော့ ချင်းပါတီအတွက် အရမ်းနှစ်နာနေတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သွားဖို့အဆင်သင့်ပြင်နေပေမဲ့ စစ်ရေးကြောင့်၊ ကိုဗစ်ကြောင့် ကျွန်တော်တို့ မသွားနိုင်ကြဘူး၊ အဲဒါကြောင့် အရမ်းနှစ်နာနေတယ်” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ Cherry Zahau ကပြောသည်။

ထိုသို့ နိုင်ငံရေးပါတီတချို့ မဲဆွယ်စည်းရုံးရေးဆင်းရန် အခက်အခဲများစွာ ကြုံတွေ့ရသည်ဆိုသော်လည်း ကျန်းမာရေးကန့်သတ်ချက်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပေါ် ရိုက်ခက်မှုရှိမည်မဟုတ်ကြောင်း ကလေးမြို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူကပြောသည်။

“သူက စည်းရုံးရေးကတော့ လောလောဆယ်ရပ်နားထားတယ်၊ ဘယ်တော့ပြန်စမလဲဆိုတာတော့ ပြောလို့မရသေးဘူး၊ ကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားချက်အတိုင်းပါပဲ။ ကျွန်မတို့ ပါတီကတော့ အဲလောက်ကြီး ရိုက်ခက်ခံရမယ်လို့တော့ မထင်ဘူး။ ကျွန်တော့တို့ ကျေးရွာတွေမှာ ပါတီအဖွဲ့ခွဲတွေရှိတယ်လေ၊ ကျန်းမားဝန်ကြီးဌာနညွန်ကြားချက်အတိုင်း ဆက်လုပ်သွားမှာပါ။ ကိုဗစ်ဒုတိယလှိုင်းကြောင့် ပါတီအပေါ် ရိုက်ခတ်ခံရမယ်လို့ မထင်ဘူး” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့သူ စတင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီအထိ ၃၈၉၅ ဦးရှိပြီး သေဆုံးသူ ၅၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...