“သူတို့မဲမပေးရင်လည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့ အယူလေးတွေရှိတယ်။ မဲတစ်မဲကလည်း သိပ်အရေးကြီးတယ်။ ဒါကြောင့် ကိုယ်တိုင် သွားပေးဖြစ်အောင်ပေးရမယ်”

“သူတို့မဲမပေးရင်လည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့ အယူလေးတွေရှိတယ်။ မဲတစ်မဲကလည်း သိပ်အရေးကြီးတယ်။ ဒါကြောင့် ကိုယ်တိုင် သွားပေးဖြစ်အောင်ပေးရမယ်”
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ် မသန်စွမ်းသူများ အသင်းဥက္ကဌ ဒေါ်သန်းနွယ်အောင်နှင့်အင်တာဗျူး

ရွေးကောက်ပွဲတွင် မသန်စွမ်းမဲပေးခွင့်အတွက် စိတ်ခေါ်မှုများ၊ အခက်အခဲများနှင့်ပတ်သက်၍ အမျိုးသမီးအရေး ဆောင်ရွက်နေသူ၊ မသန်စွမ်းသူများအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ရှမ်းပြည်နယ် မသန်းစွမ်းသူများ အသင်းဥက္ကဌ ဒေါ်သန်းနွယ်အောင်အား ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး ။    ။ ဆရာမတို့ မသန်စွမ်းပုဂိ္ဂုလ်တွေအနေနဲ့ မဲပေးနိုင်ဖို့ ဘယ်လိုစီစဉ်ထားလဲ။

ဖြေ ။    ။ ကျွန်မသတင်းကြားတာ ဒီရှမ်းပြည်ကလည်း မသန်စွမ်းတွေ မဲပေးနိုင်ဖို့ကို ဦးစားပေးပြီးတော့ စီစဉ်နေတယ်လို့လဲကြားပါတယ်။ အဓိက ကတော့ ဒီအသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မသန်စွမ်းတွေအတွက် မှတ်ပုံတင်ရဖို့လိုတယ်။ မှတ်ပုံတင်ရမှလည်းမဲပေးခွင့် ရှိတယ် ။ ကိုယ်အင်္ဂါမသန်စွမ်းသူတွေအတွက်ဝှီးချဲလ်အသုံး ပြု သူတွေ ဆိုရင်မဲရုံအဝင်အထွက်မှာအဆင်ပြေဖို့လိုတယ်။ အမြင်အာရုံ မသန်စွမ်းတွေအတွက် ဘေးက အကူတစ်ယောက်နဲ့ ဆန္ဒမဲပေးလို့ရတယ်။ ဉာဏ်ရည်မသန်စွမ်းသူတွေလဲ မဲပေးခွင့်ရှိတယ်။ သူတို့လဲ သူတို့ရဲ့ အုပ်ထိန်းသူတွေကနေပြီးတော့မှ သူတို့ဆန္ဒရှိတဲ့လူကို မဲထည့်ပေးလို့ရတယ်။ တစ်ချို့တွေက သူတို့ကိုယ်တိုင် မဲထည့်တာတွေလည်းရှိတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မသန်စွမ်းတွေ မဲပေးခွင့်ရှိတယ်။ မဲပေးခွင့်ရှိသလို ဒီမသန်စွမ်းသူတွေထဲကလည်း ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။

မေး ။    ။ မသန်စွမ်းကိုယ်စားလှယ်လောင်းတွေ ပေါ်ထွက်လာဖို့ ဘယ်လိုတိုက်တွန်းချင်လဲ။

ဖြေ ။    ။ ဒီမှာတော့ ဒီလိုတွေ သိပ်မကြုံတွေ့ဖူးသေးတဲ့အခါမှာ တစ်ချို့ကျတော့ မသန်စွမ်းသူတွေဆိုရင် ရွေးခံပိုင်ခွင့်မရှိဘူးလားဆိုပြီး ထင်နေတာမျိုးတွေရှိတယ်။ အမှန်ကတော့ မသန်စွမ်းသူတွေအနေနဲ့ကလည်း ကိုယ်စားလှယ်လောင်းအဖြစ် လွှတ်တော်ထဲကို ရောက်လာတဲ့အခါမှသာလျှင် မသန်စွမ်းတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပိုပြီးတော့မှ ဆောင်ရွက်လာနိုင်မှာဖြစ်တယ်။ ဒါကြောင့် အရည်အချင်းရှိတဲ့ မသန်စွမ်းတွေကလည်း ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံကြပါ။ တစ်ခြားနိုင်ငံမှာဆိုရင် သမ္မတ အဆင့်အထိတောင်ရောက်တဲ့ မသန်စွမ်းသူတွေလဲရှိတယ်။ မသန်စွမ်းသူတွေလဲ သာမာန်သန်စွမ်းသူတွေလို အခွင့်အရေးတန်းတူရှိပါတယ်။

မေး ။    ။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မသန်းစွမ်းတွေရဲ့ ဆန္ဒမဲပေးခွင့်နဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ ။    ။ တစ်ချို့မသန်စွမ်းတွေဆို မဲပေးရမယ်မှန်းတောင်မသိတာတွေရှိတယ်။တစ်ချို့ကျတော့ လည်း မှတ်ပုံတင်မရှိလို့ မဲမပေးရတာတွေရှိတယ်။ တစ်ချို့ကျတော့သွားလာရ ခက်ခဲတော့ သွားမပေးတာလည်း ရှိတယ်။ တစ်ချို့ ကျတော့ သူတို့မဲမပေးရင်လည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့ အယူလေးတွေ ရှိ တယ်။ မဲတစ်မဲက လည်း သိပ်အရေးကြီးတယ်။ ဒါကြောင့် ကိုယ်တိုင် သွားပေးဖြစ်အောင်ပေးရမယ်။ကိုယ့်ပတ်ဝန်းကျင်ကလည်း မသန်စွမ်းသူ တွေ မဲပေးနိုင်အောင် လှုံ့ဆော်ရမယ်။ လွယ်လွယ်ကူကူနဲ့သူတို့ ဆန္ဒမဲပေးခွင့်ရအောင်ကူညီပေးဖို့လို ပါတယ်။

မေး ။    ။ မသန်စွမ်းတွေအတွက် ဘယ်လိုကိုယ်စားလှယ်မျိုးကို မျှော်လင့်သလဲ။

ဖြေ ။    ။ အဓိက ကတော့ ကိုယ့်တိုင်းပြည်မှာရှိတဲ့ ပြည်သူတွေအားလုံးရဲ့ အကျိုးအတွက် ဆောင်ရွက်မယ့် သူကိုအလိုရှိပါတယ်။

မေး ။    ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောနိုင်ပါတယ်။  

ဖြေ ။    ။ မသန်စွမ်းသူတွေအတွက်က ပတ်ဝန်းကျင်ကောင်းရှိဖို့လိုတယ်။ ပတ်ဝန်းကျင်က သန်စွမ်းသွားရင် ဒီမသန်စွမ်းသူတွေကလည်း သန်စွမ်းသူဖြစ်သွားတာပဲ။ ဒါကြောင့်မို့လို့ ပတ်ဝန်းကျင်ကလူတွေ စိတ်ဓါတ်တွေ သန်စွမ်းပေးကြပါ မသန်စွမ်းသူတွေကို ဝိုင်းဝန်းဖေးမပြီးတော့ မှကူညီပေးကြပါလို့ ပြောချင်ပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...