ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၀ ကျော်ရှိ

ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၀ ကျော်ရှိ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၁၃ ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၂ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ကော်မရှင်ကနေ သြဂုတ် ၃၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၂ ဦးသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၂ ဦးနှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကေရစီအဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ ဟူ၍ စုစုပေါင်း ၁၃ ပါတီမှ ကိုယ်စားလှယ်လောင်းများဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ်တွင် မြို့နယ်ခုနစ်မြို့နယ်ရှိပြီး ရွေးကောက်ပွဲဝင်ရောက်နိုင်မည့် မဲဆန္ဒနယ် ၃၄ နေရာရှိကာ ကယားတစ်ပြည်နယ်တစ်ခုလုံးတွင် မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းကျော်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ်ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...