ကချင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမှု တိုင်းရင်းသားအခွင့်အရေး မဆုံးရှုံးလိုခြင်းကြောင့်ဖြစ်

ကချင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမှု တိုင်းရင်းသားအခွင့်အရေး မဆုံးရှုံးလိုခြင်းကြောင့်ဖြစ်
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကချင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားရေရာ ၀င်ရောက်အရွေးချယ်ခံမည့် ဦးစိုင်းစိုးမြင့်
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကချင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားရေရာ ၀င်ရောက်အရွေးချယ်ခံမည့် ဦးစိုင်းစိုးမြင့်

ကချင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမှု တိုင်းရင်းသားအခွင့်အရေး မဆုံးရှုံးလို၍ဖြစ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (မိုးညှင်းမြို့နယ်) မှ ဥက္ကဌ ဦးစိုင်းကျော်ဌေးကပြောသည်။

"ဗမာရေးရာ၀န်ကြီး၀င်ပြိုင်ရတဲ့အကြာင်းအရင်းကတော့ ဒီရှမ်းနီတွေထဲမှာ ဗမာမှတ်ပုံတင်ကိုင်ထားတဲ့လူ တွေအများကြီးရှိတယ်။ မှတ်ပုံတင်လုပ်တုန်းကတော့ ကိုယ်သဘောဆန္ဒမပါပဲ ဒီအတိုင်းဗမာလို့ ထည့်လိုက်ရတယ်။ အခု တိုင်းရင်းသားရေးရာတွေ မဲထည့်ရတော့မယ်ဆိုတော့ ကိုယ်ရှမ်းရေးရာရဲ့မဲကို ကိုယ်ထည့်ခွင့်မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာမှတ်ပုံတင်ကိုင်ထားလို့။ ဗမာမှတ်ပုံတင်ကိုင်ထားပြီးပြီဆိုတော့ ဗမာရေးရာပဲထည့်ရတော့မယ်။ အဲလိုဆိုတော့ ကိုယ့်ရှမ်းနီတွေက ဒါမျိုးတွေက အများကြီး။ အဲတော့ ဗမာမှတ်ပုံတင်ကိုင်ထားတဲ့ ရှမ်းနီတွေက ကိုယ်ကလည်း ဗမာမဟုတ်ဘူး။ အဲလို ဗမာမှတ်ပုံတင်ကိုင်ထားတဲ့ ရှမ်းနီတွေရဲ့ အခွင့်အရေးမဆုံးရှုံးအောင် ဗမာရေးရာ၀န်ကြီးကိုပြိုင်ရတာပေါ့လေ" ဟု ဦးစိုင်းကျော်ထွေးက ပြောသည်။

ရှမ်းနီတိုင်းရင်းသားအများစုသည် ယခင်က တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများကိုနာမလည်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ဗမာအဖြစ်ဖြည့်သွင်းမှုကို ကန့်ကွက်ခဲ့ကြခြင်းမရှိခဲ့ပဲ မှတ်ပုံတင်ရရှိရေးကိုသာ ဦးစားပေးခဲ့ခြင်းဖြစ်ပြီး တစ်ချို့ရှမ်းနီတိုင်းရင်းသားများ၏ မှတ်ပုံတင်တွင် ရှမ်းဗမာဟု ထည့်သွင်းထားခံရကာ ထိုသို့ထည့်သွင်းထားသော်လည်း ၎င်းတို့အနေဖြင့် ဗမာတိုင်းရင်းသားသွေးနှောထားခြင်းမရှိကြောင်းနှင့် ရှမ်းဗမာသည် တိုင်းရင်းသားတစ်ခုမဟုတ်ပဲ ရှမ်းတိုင်းရင်းသားနှင့် ဗမာတိုင်းရင်းသား သွေနှောထားခြင်းကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

"၀င်ပြိုင်ရခြင်းအကြောင်းကတော့ လူမျိုးအတွက်‌ လိုအပ်ချက်အရပေါ့ဗျာ။ ဗမာတိုင်းရင်းသားရေးရာ၀င်ပြိုင်ပေမယ့် ငါတို့က ဗမာတိုင်းရင်းသားစစ်စစ်မှမဟုတ်တာ တကယ်တမ်းကျတော့ အဖိုးတွေအဖွားတွေ က ရှမ်းနီတွေပဲဖြစ်နေကြတယ်။ အဲဒီအလွဲလေးတွေလဲပြုပြင်ချင်တဲ့ စိတ်လဲပါတာပေါ့လေ" ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကချင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားရေရာ ၀င်ရောက်အရွေးချယ်ခံမည့် ဦးစိုင်းစိုးမြင့်ကပြောသည်။ 

လက်ရှိရွေး‌ကောက်ပွဲတွင် ၎င်းအနေဖြင့် အနိုင်ရရှိခဲ့ပါက ဗမာမှတ်ပုံတင်ကိုင်ထားသော ရှမ်းနီတိုင်းရင်းသားများကို မူလအမည်မှန် ရှမ်းတိုင်းရင်းသားမှတ်ပုံတင် ပြန်လည်ရရှိစေရန် ဦးစာပေးဆောင်ရွက်မည်ဖြစ်ပြီးထိုသို့လုပ်ဆောင်ရန် အကန့်အသက်များရှိနေသော်လည်း မိမိတို့ဗမာမှတ်ပုံတင်ကိုင်ထားသော ရှမ်းနီတိုင်းရင်းသားများအတွက် အထောက်အကူဖြစ်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးစိုင်းစိုးမြင့်ကပြောသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း‌ဒသကြီးတို့တွင် နေထိုင်ကြသော ရှမ်းနီတိုင်းရင်းသားအများစုမှာ ဗမာမှတ်ပုံတင် ကိုင်ဆောင်ထားကြသူများဖြစ်ပြီး ကချင်ပြည်နယ် အင်းတော်ကြီးဒေသတစ်ချို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်၊ ပင်လည်ဘူး စသောမြို့နယ်များရှိ ရှမ်းနီတိုင်းရင်းသားအများစုမှာလည်း ဗမာအမည်ဖြင့်မှတ်ပုံတင်သာ ကိုင်ဆောင်ထားကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...