ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအတွက်အတားအစီးဖြစ်နိုင်သည့်အရာများ ရှောင်ရှားပေးရန် မိုးညှင်းမြို့နယ် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ဥက္ကဌပြော

ရွေးကောက်ပွဲတွင် မသန်စွမ်းသူများအတွက်အတားအစီးဖြစ်နိုင်သည့်အရာများ ရှောင်ရှားပေးရန် မိုးညှင်းမြို့နယ် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ဥက္ကဌပြော
၂၀၁၅ရွေးကောက်ပွဲတွင် မဲရုံ၌ ဆန္ဒမဲ ပေးနေရန်တန်းစီနေသော မိုးညှင်းပြည်သူများ
၂၀၁၅ရွေးကောက်ပွဲတွင် မဲရုံ၌ ဆန္ဒမဲ ပေးနေရန်တန်းစီနေသော မိုးညှင်းပြည်သူများ

၂၀၂၀ ရှေးကောက်ပွဲတွင် မသန်စွမ်းသူများမဲပေးရန် အတားအစီးဖြစ်‌စေသော အရာများကို ရှောင်ရှားပေးရန် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ မိုးညှင်းမြို့နယ်ရုံးခွဲမှ ဥက္ကဌ ဦးထွန်းခင်က ပြောသည်။

မိုးညှင်းမြို့နယ် မြန်မာနိုင်ငံမသန်းစွမ်းသူများရှေ့ဆောင်အဖွဲ့ ဥက္ကဌ ဦးထွန်းခင်

“တန်းတူမဲထည့်နိုင်ရေးကတော့ ကျွန်တော်တို့အနေနဲ့ ဘာတွေလိုအပ်မလဲဆိုတာကအတားအစီးပေါ့ဗျာ။ ဒီမဲရုံတွေမှာ ကျွန်တော်တို့သွားကြမယ်ဆိုရင် တစ်ချို့မဲရုံတွေဆိုရင်  မူလတန်းကျောင်းတို့ အထက်တန်းကျောင်းတို့မှာ ဆောက်ထားတာတို့၊ အမြင့်တွမှာပေါ့၊ ဝှီးချဲနဲ့သွားရတဲ့ ပုဂ္ဂိုလ်တို့ အမြင်အာရုံချို့တဲ့ တဲ့ပုဂ္ဂိုလ် တို့ဆိုရင် အခတ်အခဲရှိပါတယ်။ တကယ်လို့  ၂၀၂၀ ရွေးကောက်ပွဲမှာ မဲထည့်ကြရမယ်ဆိုရင် အတားအစီးတွေကို အစဉ်ပြေအောင် လုပ်ဖို့လိုအပ်တယ်” ဟု ၎င်းကပြောသည်။

ထိုသို့ ပြောရခြင်းမှာ မသန်စွမ်းသူများအတွက် အခွင့်အရေးပိုတောင်းခြင်းမဟုတ်ပဲ လူအများဖြင့်တိုးကာ မဲပေးရခြင်းသည်အဆင်မပြေ၍ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် မသန်စွမ်းသူများအတွက် သီးခြားသို့မဟုတ် အဆင်ပြေနိုင်မည့်ပုံစံတစ်ခုခုကို ကော်မရှင်က ဆောင်ရွက်ပေးနိုင်လျှင်ပိုမိုကောင်းမွန်မည်ဟု ဦးထွန်းခင်က ဖြည့်စွက်ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍  မိုးညှင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစံဧက မသန်စွမ်းသူများ မဲပေးရာတွင် အဆင်ပြေစေရန် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ၊ မီးသက်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့်ညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ မသန်စွမ်းသူများအတွက် ကြိုတင်မဲစာရင်းပေးနိုင်အောင်စီစဉ်ပေးမယ်။ တကယ်လို့ ဆန္ဒမဲကို ကိုယ်တိုင်ပေးချင်တယ်ဆိုရင် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ၊ မီးသက်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး အစဉ်ပြေအောင်ဆောင်ရွက်ပေးဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ၂၃ သိန်းခန့်ရှိသည့်အနက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲစာရင်းများအရ မသန်စွမ်းမဲဆန္ဒရှင် တစ်သိန်းခန့်ရှိရာ မသန်စွမ်းမဲပေးခွင့်ရှိသူများစွာ လျော့နည်းနေနိုင်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...