ချင်းပြည်နယ်တွင် မသန်စွမ်းမဲဆန္ဒရှင် ၃၂၀၀ ကျော်ရှိနေ

ချင်းပြည်နယ်တွင် မသန်စွမ်းမဲဆန္ဒရှင် ၃၂၀၀ ကျော်ရှိနေ

ချင်းပြည်နယ်တွင် မသန်စွမ်းမဲဆန္ဒရှင် ၃၂၀၀ ကျော်ရှိကြောင်း မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့  (DDI) ဒါရိုက်တာ Joshua ကပြောသည်။

“၂၀၁၅ တုန်းကတော့ အခက်အခဲတွေရှိတယ် အဲဒါတွေကို ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တယ်။ သူတို့ကလည်း လာမယ့်ရွေးကောက်ပွဲကတော့ အားလုံးအဆင်ပြေအောင် လုပ်ပေးမယ်လို့ပြောထားတယ်။ ဥပမာ မဲရုံတွေကို အပေါ်ထပ်မှာမထားပဲ မြေညီမှာထားဖို့ စသဖြင့် တင်ပြခဲ့တယ်။  မသန်စွမ်းတွေ မဲပေးတာအခက်အခဲရှိတယ်ဆိုရင် ကိုယ်စိတ်ချတဲ့သူကို အကူအညီတောင်းပြီး ခေါ်သွားလို့ရတယ်လို့ သိရတယ်” ဟု မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ Joshua က ပြောသည်။

ဆက်လက်၍ ၎င်းက “ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် မသန်စွမ်းသူတစ်အချို့အနေနဲ့ မဲသွားပေးဖို့စိုးရိမ်နေတယ်ဆိုရင် ကြိုတင်မဲပေးချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ်ကြိုတင်မဲပေးခွင့်ရှိတယ် ဆိုတော့ ချင်းပြည်နယ်မှာလည်း မသန်စွမ်းသူတွေ မဲပေးနိုင်အောင်လုပ်ပေးမယ်ဆိုတာတွေကြားရတယ။ မဲရုံလက်စွဲစာအုပ်ကို မကြာခင်ထွက်လာတော့မယ် အဲဒီမှာမသန်စွမ်းသူတွေအတွက် ဘာတွေပါလဲဆိုတာကတော့ စောင့်ကြည့်ရမဲ့အနေအထားမှာရှိတယ်” ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် မသန်စွမ်းသူများ မဲပေးရာတွင် ခက်ခဲမှုမရှိစေရန် ဆောင်ရွက်ပေးထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ကူညီရမှာပေါ့၊ ပထမတစ်မျိုးကတော့ ကြိုတင်မဲပေးတဲ့ချိန်မှာ သူ့တို့စိတ်ကြိုက် ဆွေးမျိုးသားချင်းတွေ မိဘ၊ညီအစ်ကို အရင်းတွေ၊ ဒါမှမဟုတ် သူတို့ကြိုက်တဲ့သူတွေနဲ့ မဲရုံမှာ လာမပေးနိုင်ရင်တော့ ကြိုတင်ပေးပေးဖို့ မသန်စွမ်းများကို ခွင့်ပြုတာရှိတယ်၊ နောက်မဲရုံကိုလာရင်လည်းခုနလိုပဲခေါ်လို့ရတယ်၊ ဒါမှမဟုတ် မဲရုံမှာရှိတဲ့ တာဝန်ရှိသူတွေကိုလည်း အကူအညီတောင်းနိုင်တယ်၊ တစ်ချက်စဉ်းစားရမဲ့ဟာတစ်ခုတော့ရှိတယ် မသန်စွမ်းပဲဖြစ်ဖြစ်၊ အသက်အိုတွေပဲဖြစ်ဖြစ် ဒီလူ တစ်ယောက်ကပဲ ခေါ်လာရင်တော့ သဘောရိုးလာဆိုတာ စိစစ်ဖို့လိုတယ်။ မသန်စွမ်းများ မဲပေးနိုင်ရန်အတွက် မဲရုံတွေကိုလည်း အောက်ထပ်မှာ အကုန်လုပ်ပေးထားတယ်။ အပေါ်ထပ်မရှိဘူး” ဟု၎င်းက ပြောသည်။

ချင်းပြည်နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄၂၁၄၂ ဦးရှိပြီး မဲရုံပေါင်း ၁၁၀၇ ရုံ ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်၏ မှတ်တမ်းများအရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...