နော်မုနော်ပစ်သတ်ခံရမှုအပေါ် ကရင်ပါတီခေါင်းဆောင်အချို့အမြင်

နော်မုနော်ပစ်သတ်ခံရမှုအပေါ် ကရင်ပါတီခေါင်းဆောင်အချို့အမြင်

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၁၆ရက်နေ့က တပ်မတော်သား ၂ဦးမှ ကရင်အမျိုးသမီး နော်မုနော်ဆိုသူအား ပစ်သတ်ပြီး လက်ဝတ်ရတနာများ လုပ်ယူသွားခဲ့မှုနှင့်ပတ်သက်၍ ကရင်နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့၏ အမြင်သဘောထားကို စုစည်းဖော်ပြလိုက်ပါသည်။

နန့်ခင်အေးဦး။ ။ တွဲဖက်အတွင်းရေးမှူး(၁)၊ ကရင်ပြည်သူ့ပါတီ(KPP)၊

ဥပဒေမဲ့လုပ်ထားတဲ့ကိစ္စဖြစ်တယ်။ ဒီလိုလုပ်တဲ့အပေါ် ကျမတို့က ကန့်ကွက်တယ်။ ပါတီအနေနဲ့လည်း ကန့် ကွက်တယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့လည်း ကန့်ကွက်တယ်။ ကန့်ကွက်ကြောင်းကို လူထုသိအောင်ကော၊ စစ်တပ် သိအောင်ကော၊ အစိုးရသိအောင်တော့ပြောရမှာဘဲလေ။ လက်နက်ရှိတဲ့လူက လက်နက်မဲ့သူကို အနိုင်ကျင့်ရာ ရောက်သ လို ဥပဒေနဲ့နည်းနည်းအလှမ်းဝေးတဲ့ဆီမှာ လက်နက်မရှိလည်း အမျိုးသမီးတွေကို အနိုင်ကျင့်တာရှိနေတာပဲ ။ လက်နက်နဲ့ အနိုင်ကျင့်တယ်၊ လက်ဗလာနဲ့အနိုင်ကျင့်တာကို ကျမတို့က သီးခံနိုင်စရာအကြောင်းမရှိဘူး။ အမျိုးသမီးအခွင့်အရေး အနေနဲ့ ကန့်ကွက်ရမှာပဲ။  

ကျူးလွန်တဲ့သူကို စစ်တပ်ဥပဒေနဲ့အရေးယူရမှာပဲ ဘာပဲဖြစ်ဖြစ်။ သို့သော်လည်း အရေးယူတဲ့အခါမှ မှန်မှန်ကန် ကန်လုပ်ဖို့တော့ အရေးကြီးတာပေါ့။ သူတို့မှန်မှန်ကန်ကန်အရေးယူဖို့ကိုတော့ တွန်းအားပေးရမှာပဲ၊ တိုက်တွန်းရမှာပဲ။ တစ်တိုင်းပြည်လုံးလည်း သိကုန်ပြီး သေသေချာချာမလုပ်ဘဲ လုပ်ရင်တော့ ကြီးတဲ့ပြဿနာဖြစ်လာနိုင်တယ်။ အခုဟာက တော်တော်လေးကို အင်တာနက်မှာ ပျံ့နှံ့နေပြီးဆိုတော့ သူတို့အတိုင်းအတာတစ်ခုအထိတော့ လုပ်မှာပါ။ အခုဟာက ပစ္စည်းယူ ပစ်သတ်တာဖြစ်သွားတာပေါ့နော်၊ တကယ်တမ်းဆိုရင် ဘာမဟုတ်တာလေးနဲ့ လူသတ်သွားတဲ့အထိ ဖြစ်သွား တာတော့ မဖြစ်သင့်ဘူး ။ အမျိုးသမီးကာကွယ်တဲ့ဥပဒေနဲ့ပြန်ကြည့်ရင် အင်မတန်ဆိုးရွားစွာဖြစ်တယ် ။ ဒါကို ကျမတို့ KPP ပါတီက ရှှုတ်ချရမှာပေါ့။ ကျမတို့ပါတီတွေ လူထုတွေတွန်းအားပေးရမှာက သူတို့စစ်ခုံရုံးဥပဒေအရ သေချာလုပ်ဖို့လေး တော့ တွန်းအားပေးရမှာဖြစ်တယ်။



မန်းကျော်ငြိမ်း။ ။  အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားပါတီ (KNP)

အခုဟာက အရပ်သားတွေနဲ့မကဘူး၊ ကျနော်တို့တိုင်းရင်းသား အနေနဲ့ကြည့်မယ်ဆိုရင် ဒီလိုအပြုမူမျိုး လုပ်ရပ်မျိုးက မလုပ်သင့်ဘူး။ နောက်တစ်ခုက NCA ထိုးထားတဲ့ အချိန်မှာ NCAမှာပါတဲ့ ဥပဒေပြဌာန်းချက် အချက်အလက် တွေကို စောင့်ထိန်းသင့်တယ်။ ဒီလိုမျိုး တိုင်းရင်းသားဒေသတွေမှာ ခဏခဏ ဖြစ်နေတယ်ဆိုတာကတော့ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေဘက်က တစ်ဖက်က စစ်ဘေးကိုလည်း ကြောက်နေရချိန် ရက်စက်တဲ့လုပ်ရမျိုးလုပ်တာတွေက တိုင်းရင်းသားတွေအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် တော်တော်ကို စိုးရိမ်စရာရှိတာပေါ့ ။

အသက် အိုးအိမ်စည်းစိမ်တွေကအစ တစ်ခုမှလုံခြုံမှှုမရှိတော့တာ အဲဒါကိုတော်တော်စိုးရိမ်ဖို့ကောင်းတယ်။ ကျနော်တို့က ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှှုတ်ချတယ်။ လုံးဝ လက်မခံဘူး။ ထိရောက်စွာအရေးယူပေးဖို့ တောင်းဆိုပါတယ်။ လူတစ်ယောက် သေတဲ့ကိစ္စက သူတို့အတွက်ဘာမှမဟုတ်ပေမယ့်၊ သူ့ရဲ့ဘဝကော အကုန်လုံးကို ထိခိုက်သွားတာတွေက လုပ်ကိုမလုပ်သင့်တဲ့ကိစ္စ။ လက်နက်ရှိတဲ့သူက လက်နက်မဲ့  ပြည်သူတွေကိုဒီလို အနိုင်ကျင့်တာမျိုးက လုံးဝကိုမဖြစ်သင့်တာ။

တပ်ဘက်ကတော့ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုထားပေမယ့်လည်း ဘယ်လောက်အထိ အရေးယူသွားမလဲဆိုတာက စောင့်ကြည့်ရမှာဖြစ်တယ်။ ရာဇဝတ်မှှုနဲ့ပတ်သက်တဲ့ ကိစ္စအကုန်လုံးက စစ်သားတွေ ကျူးလွန်ရင် တပ်ဘက်ဆိုင်ရာအရေးယူမှှုနဲ့ဆိုရင် ဘယ်လိုလုပ်ပွင့်လင်းမြင်သာမှှုရှိမှာလဲ၊ အဲဒီအပေါ် ကျနော်တို့ကတော့ ယုံကြည်ရတာခက်ခဲတယ်။ ယုံကြည်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်။



မန်းအောင်ပြည်စိုး။ ။ ဥက္ကဋ္ဌ ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP

အဲလောက်ကိစ္စလေးနဲ့သေနတ်နဲ့ပစ်ပြီး သတ်ပစ်ရတဲ့အထိတော့မဖြစ်သင့်ဘူးလေ။ အဲလိုပဲ ပြောရမှာပေါ့ကွာ။ တပ်ပိုင်းက ဒီကိစ္စကို ထိရောက်တဲ့အရေးယူဆောင်ရွက်မှှုလည်း လုပ်ဖို့လိုတယ် ၊ တောင်းဆိုချင်တယ်။ ငြိမ်းချမ်းရေး ဖော် ဆောင်စဉ်ကာလမှာ ဒီလိုလုပ်နေတာကတော့ ဒါမလုပ်သင့်မလုပ်ထိုက်ဘူးလို့ တို့ပါတီအနေနဲ့တော့ ပြောလိုပါတယ်။ တိုင်းရင်းသားနယ်မြေမှာ ဒီလိုကျူးလွန်တာတွေက ဘယ်လောက်အထိရှိလဲတော့ တို့ကမသိဘူး။ ထိရောက်စွာ အရေး ယူလား၊ မယူလာတော့မသိဘူးလေ။ ဒါကအတိအလင်းကြားပြီးပြီးလေ။ အရေးယူမှှုအပိုင်းကတော့ သင့်တင့် လျောက်ပတ်နိုင်တဲ့ အရေးယူမှှု ဖြစ်ဖို့ လိုတယ်ဆိုတာပြောလိုပါတယ်။



စောကြည်လင်း၊ အထွေထွေအတွင်းရေးမှူး၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)

တပ်မတော်သားနှစ်ယောက်က သူတို့လိုချင်တာမရလို့ သေနတ်နဲ့ပစ်သတ်ရလောက်တဲ့အထိဟာ ဘာဥပဒေလဲပေါ့။ အဲဒါကတော့ များများကြီးကို လွန်သွားပြီး။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို အရပ်သားတွေကို လုပ်တာ တော့ အပြင်းအထန်ရှှုတ်ချတယ်။ ကျုးလွန်တဲ့လူကိုလည်း သိသွားပြီး ဒီကိစ္စကိုတပ်မတော်ဘက်ရဲ့ စစ်ခုံရုံးကစစ်မှာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ရှိနေပြီးသား။ ဒီကိစ္စကိုသူတို့က အရပ်ဖက်ကိုပေးမှာ မဟုတ်ဘူး ထင်တယ်။

အင်းဒင်ကိစ္စဆိုရင် သတ်တာနည်းတာမဟုတ်ဘူး။ အဲဒါလည်း တပ်မတော်စစ်ဥပဒေနဲ့ပဲလုပ်တယ်ကော ။ ဇာတ်လမ်းအစုံကိုတော့ သိပ်ပြီးနားမလည်ပေမယ့်လည်း လက်နက်ကိုင်တပ်မတော်သားနှစ်ယောက်က ဒီလိုပုံစံမျိုးလုပ်တာကတော့ ငါတို့အနေနဲ့လုံးဝမဖြစ်သင့်တဲ့ကိစ္စ တို့ပါတီအနေနဲ့ကော၊ ကိုယ်တိုင်အနေနဲ့ကော ဒါကရှှုတ်ချပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးရှိတဲ့နယ်မြေတိုင်းမှာ ဒီလိုကိစ္စဖြစ်တာတွေ့ရတယ်။ ရှိတာကတော့ မြန်မာပြည်အနှံ့အပြားပေါ့။ အဲလိုပုံစံဖြစ်တာကအများကြီးပဲ။ ဒါပေမယ့် တပ်ဘက်က ထိရောက်စွာအရေးယူ သွားခဲ့လား ဘယ်သူမှမသိဘူး ။ အခုကိစ္စက NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ထိန်းချုပ်နယ်မြေ မှာ ဖြစ်တာကိုး NCA မှာ ပါတဲ့အတိုင်း JMCလိုင်းကိုပဲသွားမှာပါ။ ဒါက JMCနဲ့လည်း သက်ဆိုင်တယ်ပေါ့။ JMC မှာ သူတို့လုပ်ထားတဲ့သဘော တူညီချက်မှာ အရပ်သားတွေကို ဒီလိုမျိုးလုပ်လာတဲ့ ကိစ္စတွေပါအားလုံးကို JMC အနေနဲ့ဆက်ပြီးတော့ လုပ်ဆောင်ပေး ဖို့က အကုန်ရှိပြီးသားပါ။ ရှိပြီးသားအတိုင်းလုပ်လိမ့်မယ်လို့ မျှော်လင့်တာပေါ့။

စစ်ဘက်တရားရုံးဆို သူတို့စစ်ဘက်ဆိုတော့ နည်းနည်းလေးတော့ကြည့်ပေးမှာပဲ ဖြစ်နိုင်ရင်အရပ်ဖက် တရားရုံးကို လွှဲပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းဟာ ပြည်သူနဲ့ဆက်ဆံတဲ့အခါ သူ့စည်းကမ်းနဲ့ အားလုံးက စာအုပ်ထဲမှာရှိတာပဲ။ တပ်မတော်သားတစ်ယောက်အနေနဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းတွေက စာအုပ်ထဲမှာ အပြည့်ပဲလေ။ ဒါက ကျင့်ဝတ်စည်းကမ်းကို ဖောက်ဖျက်တဲ့ပုံစံမျိုး။ တပ်ရှိတဲ့နေရာတွေမှာ ဒေသခံတွေက မလုံခြုံသလို ဖြစ်နေတာ။ အရေးယူမှုအပိုင်းမှာ  မြန်မာနိုင်ငံ ဥပဒေလောက်တော့ မလုံလောက်တော့ဘူးလို့ ကျနော်တို့က ထင်ပါတယ်။

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...