ကရင်ပြည်နယ်လူမှုရေးဝန်ကြီးနှင့် မေးမြန်းခြင်း

ကရင်ပြည်နယ်လူမှုရေးဝန်ကြီးနှင့် မေးမြန်းခြင်း

ကရင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် -၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်နယ် အစိုးရ၏ လုပ်ဆောင်မှု၊ ကြိုတင်ပြင်ဆင်မှုအပိုင်းနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရ၏ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်အား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

——

မေး။တိုင်းရင်းသားလက်နက်ကိုင်တို့နဲ့ Mix Control ဧရိယာတွေမှာ ရောကာကွယ်ရေးအတွက် အစိုးရဘက်ဘယ်လိုလုပ်ဆောင်ထားတာရှိပါသလဲ။

ဖြေ။ KNUမှာ Covid respond Committee ဖွဲ့ထားတာရှိတာပေါ့ အစိုးရနဲ့ ဆက်ဆံရေးလုပ်ထားတာရှိတာတော့ ကျနော့်ကိုပြောတယ် စစချင်းဖြစ်ကတည်းက KNU ကျန်းမာရေးဌာနဘက်က အဖူးမာတာနဲ့ဆက်သွယ်တယ် ဆက်သွယ်တော့ လက်ရှိအနေထားက အားလုံးအာရုံစိုက်တာက ၂ပိုင်းရှိတာပေါ့ ၁ပိုင်းက ကုသရေးအပိုင်းပေါ့ ဟိုဘက်မှာက တကယ်လို့ ဒီရောဂါကိုတွေ့ပြီးဆိုရင် အစိုးရကျန်းမာရေးဌာနဘက်ကို လွှဲပြောင်းပေးမယ် ပြီးရင် ဒီဘက်က ပရိုစီဂျာအတိုင်းဆက်သွားမယ်။ နောက်တစ်ခုက ကာကွယ်ရေးအပိုင်းပေါ့ ကာကွယ်ရေးဘက်မှာ ၂ပိုင်းရှိတယ် တစ်ခုက quarantine အပိုင်းရှိမယ် ။ပြီးရင် ပညာပေးအပိုင်းရှိမယ်ပေါ့။ တစ်ခုချင်းဆီ guide line တွေရှိတယ် ။အဲဒီ informantion တွေကို ကျနော်တို့ share ထားတာတွေရှိတယ်။ ဖူးမာတာတို့ဘက်က ကာကွယ်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ကျနော်တို့ကိုပေးထားတာရှိတာပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနဲ့ NGO/INGO တို့နဲ့ တစ်ပတ်တစ်ကြိမ် ၂ပတ်တစ်ကြိမ် အစည်းဝေးလုပ်တာရှိတယ်။ အဲဒီအစည်းအဝေးမှာ ကျနော်တို့ကချပြတယ်။ ချပြပြီးတော့ CPI တို့လို ဟာမျိုး EHOတွေနဲ့ Save the Children လိုဟာမျိုး လက်ရှိ activity ရှိနေတဲ့လူတွေနဲ့ ကျနော်တို့က ဆွေးနွေးပြီး လိုအပ်တဲ့ပစ္စည်တွေကို ပေးဖို့ကိစ္စက ဒီဘက်အပိုင်း ကျနော်တို့ ဆောင်ရွက်တာရှိတယ် ။ နောက်တစ်ခုက ရောနှောအုပ်ချုပ်တဲ့ ဧရိယာတွေမှာအဓိကက Quarantine တွေပေါ့နော် Community base Quarantine Center မှာ တချို့နေရာတွေမှာ အရင်ရက်တွေမှာဆိုရင် လွန်ခဲ့တဲ့ တစ်လလောက်တုန်းကဆိုရင် ပုံမှန်အားဖြင့်က ရွာအပြင် ရော်ဘာခြံမှာဘဲ ထားတာရှိတယ် ။ကျနော်တို့က KNUနဲ့က အဓိက ရွာအဆင့်အတွက်ဆွေးနွေးတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆွေးနွေးတာရှိတယ်။ ရော်ဘာခြံတွေမှာထားတာက ကျန်းမာရေးစောင့်ရှောက်မှှုအတွက် နေ့စဉ်သွားရလာရခက်တယ် ။ဒါကိုပြန်စဉ်းစားပြီး စာသင်ကျောင်းတွေမှာ ပြန်ထားပြီး Community Base Quarantine guideline တွေနဲ့ စနစ်တကျ လုပ်တဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ပူးပေါင်းပြီး လုပ်တာတွေရှိတယ်။ စနစ်တကျလုပ်တဲ့ပုံစံဆိုရင်တော့လိုအပ်ချက်တွေရှိတာပေါ့ ။ဥပမာ Maskတွေလိုတာ တို့ ထမင်းကျွေးရင် ဘယ်လိုပုံစံကျွေးရမလဲ။ knowledge Sharing တာတွေရှိတယ် လိုအပ်တဲ့ လက်အိတ်တို့ Mask တို့ PPE ဝတ်စုံတို့ကျနော်တို့ထောက်ပံ့တာရှိတယ် ။ဒီလိုဘဲ NGOဖွဲ့တွေပူးပေါင်းပြီးထောက်ပံ့တာတွေလည်းရှိတယ်။ အဲလိုပုံစံမျိုးနဲ့ဘဲ ကျနော်တို့ကသွားတယ်။ ဒါကတော့ အောက်ခြေ Mix Control ဧရိယာအတွက် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှှုတွေပေါ့နော် နောက်တစ်ပိုင်း ဘယ်လိုပူးပေါင်းဆောင်ရွက်တာရှိလဲဆိုတော့ Facility Quarantine Center မျိုး ဥပမာ မြဝတီကနေ ဝင်လာတဲ့အခါမှာ ဝင်လာတဲ့လူအကုန်လုံးကို Quarantine ပေးတဲ့အခါမှာ ဥပမာ မြဝတီမြို့မှာဆိုရင် မြိုကပေါ်နေရာတွေမှာ ပေးတာရှိတယ် ။လေးကေကော် KNU Control ဧရိယာတွေမှာ သွားထားတာရှိတယ် ။သွားထားတဲ့အခါမှာ လုံခြုံရေးကော အစားအသောက်တွေတွေကော Process တစ်ခုလုံကို KNUက ကူညီပေးတာလည်းရှိတာပေါ့နော် ကျနော်တို့ဘက်က ကျန်းမာရေးဆရာ/မတွေပို့ပေးတာရှိတယ် ။အဲဒီအတွက် ညီညီညွတ်ညွတ် အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွာတာရှိတာပေါ့နော်။ DKBA control ဧရိယာတို့ BGF control ဧရိယာတို့က အဲလိုဘဲ လုပ်ဆောင်တယ်။

မေး။ ပြည်တော်ပြန်တွေမက ပြည်တွင်းကနေ သွားလာတဲ့လူတွေကို အစိုးရကနေ လုပ်ဆောင်တာမရှိလို့ ဝေဖန်တာတွေရှိနေတဲအပေါ်မှာ ဘယ်လိုပြောချင်လဲ။

ဖြေ။ ကျနော်တို့က Facility Quarantine Community Quarantine နှစ်ခုရှိတာပေါ့နော် Facility Quarantine ကတော့် အစိုးရကစီမံကွပ်ကဲတဲ့ဟာပေါ့ ။အဲဒီစီမံကွပ်ကဲတဲ့ဟာက ကျန်းမာရေးကဏ္ဍရှိမယ်။ နေ့စဉ်စားသောက်ရေးပေးတာတွေရှိတယ် ။အဲဒါတွေအကုန်လုံးက အစိုးရက စီမံဆောင်ရွက်တာပေါ့ ။နောက်တစ်ခု Community Quarantine ကတော့ ရပ်ရွာအခြေပြု တဲ့အတွက်ကြောင့်မို့ သူတို့ကျန်းမာရေးကဏ္ဍက ကျေးလက်ကျန်းမာရေး ဆေးခန်းက သူနာပြုဆရာမတွေ သွားဖွားဆရာမတွေက စီမံဆောင်ရွက်ပေးတယ်ပြီးရင် အခြားလိုအပ်ချက်တွေက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ကျေးရွာမှာရှိနေတဲ့ လူငယ်စေတနာ့ဝန်ထမ်းအဖွဲ့တွေက ဝင်ပြီး ဒီလုပ်ငန်းစဉ်ကို စီမံဆောင်ရွက်ပေးတာ အဲဒီမှာ Community Quarantine ဝင်တဲ့သူတွေက နေရာတွေက ကျောင်းတွေမှာဘဲထားပေးတယ် ။သူတို့စားသောက်ဖို့အတွက်က မိသားစုဝင်တွေက လာပို့ပေးတယ် ။Community Quarantine က တစ်နည်းအားဖြင့် ရွာမှာနေထိုင်တဲ့လူတွေကိုဘဲ လက်ခံတယ် ။ဒါမှမဟုတ် ရွာမှာရှိတဲ့လူတွေ အမျိုးတော်တဲ့ လူတွေရှိရမယ် ဒါမှမဟုတ် ရွာမှာ အခြားဒေသက အလည်လာတဲ့လူတွေပေါ့။ အဲဒီရွာနဲဆက် ဆက်စပ်တဲ့လူတွေဘဲ ထားတာဖြစ်တဲ့အတွက် Community Quarantine ကုန်ကျစရိတ်ဆိုတဲ့နေရာမှာက ရွာကနေဘဲ ကုန်ကျခံရမယ် ။အဲဒီပုံစံနဲ့သွားတာပေါ့ တချို့က ရွာမှာကအစိုးရကမပေးဘူး Facility Quarantine ပေးဘဲထောက်ပံ့တယ်ဆိုပြီး အဲလို အမြင်မှားတာတွေလည်းရှိတယ်။ တကယ်လို့ ထိုင်းကနေ ပြန်လာတဲ့လူတွေက ရွာမှာ Community Quarantine နေရာမရှိဘူး ရွာမှာ Quarantine မနေချင်ဘူးဆိုရင် Facility Quarantine မှာဘဲ ထားဖို့ အစိုးရက စီမံခန့်ခွဲပေးတယ်။ အဲလိုမဟုတ်ဘဲနဲ့ ရွာကနေပြန်လာပြီးတော့ ရွာက Community Quarantine မှာဘဲ ပြန်နေချင်ရင် ကျနော်တို့က စနစ်တကျ သယ်ယူပို့ဆောင်ပြီးတော့ သူတို့ရွာက Quarantine Center မှာပို့ဆောင်ပေးတယ်။ Facility Quarantine မှာ နိုင်ငံခြားက ပြန်လာတဲ့လူတွေကိုဘဲ နေရမလားမဟုတ်ဘူး ။တစ်ခါတစ်လကျရင် ဥပမာ တစ်ခြားပြည်နယ်နဲ့တိုင်းတွေက ရောဂါ Positive ဖြစ်တဲ့သူတွေ နဲ့ ကျနော်တို့ကရင်ပြည်နယ်က ထိတွေ့ခဲ့မှှုရှိတဲ့လူတွေဆိုရင် အဲဒါတွေအကုန်လုံးခေါ်ပြီးတော့ ကျနော်တို့ Facility Quarantine မှာဘဲ ထားရတယ် ပုံမှန်အားဖြင့် Community Quarantineမှာ ထားလို့မရတဲ့လူမှန်သမျှကို Facility Quarantine မှားထားတာဖြစ်တယ်။ နောက်တစ်ခုက လူဦးရေများတဲ့ Community Quarantine မှာဆိုရင် ကျေးရွာအုပ်စု Community Quarantine မှာထားပြီး လူဦးရေများလာရင် UN အေဂျင်စီတွေနဲ့ချိတ်ဆက်ပြီး အကူညီပေးတာတွေရှိတယ်။

မေး။ ပြည်နယ်အစိုးရအနေနဲ့ ဒီလုပ်ငန်းစဉ်မှာ ဘယ် NGO/INGOတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာတွေရှိလဲ။

ဖြေ။ INGOတွေကတော့ UN အေဂျင်စီတော်တော်များများတော့ ဒီလိုမျိုးကိစ္စတွေမှာ တွဲပြီးလုပ်ဆောင်တာရှိတယ် ပြီးရင် ကရင်ပြည်နယ်နဲ့ အမြဲတမ်း ကျန်းမာရေး ကဏ္ဍတွေနဲ့ ဒါမှမဟုတ်ရင် ရွေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်တဲ့ IOM တို့လိုဟာမျိုး UN အေဂျင်စီဆိုရင် ယူနီဆက်တို့ UNHCR တို့ UNFPAတို့ UNအေဂျင်စီအားလုံးနီးပါးနဲ့ ချိတ်ဆက်နေတာရှိတယ် ။Save the Children တို့ဟာတို့ အမြဲတမ်းချိတ်ဆက်ပြီး လုပ်ဆောင်တာရှိတယ်။

မေး။ ဒီလုပ်ငန်းစဉ်မှာ လုပ်ဆောင်နေတဲ့ Human Resource ဘယ်လိုမျိုးသုံးလဲ အရပ်ဖက်အဖွဲ့ အစည်း တွေကကော ဘယ်လိုမျိုးဝန်းရံနေတဲ့ အပိုင်းတွေရှိလဲ။

ဖြေ။ ဌာနဆိုင်ရာအားလုံးက ပါဝင်တယ် ။အဓိကက ထွေအုပ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေပေါ့ Facility Quarantine ဟာမျိုးဆိုရင် အစိုးရဝန်ထမ်းတွေကို အဓိကထားပြီးသုံးတယ်။ ပြီးတော့ သူနာပြုတက္ကသိုလ်ကကျောင်းသူကျောင်းသားတို့ ဌာနမတူပေမယ့်လည်းကျရာတာဝန်တွေကို ပါဝင်ပြီးလုပ်ဆောင်တယ် ။ အရပ်ဘက်အဖွဲ့ CSOတွေဆိုရင် သူတို့ရဲ့ ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့တွေရှိတယ် သူတို့ဒေသ အဓိက အခြေချတဲ့ CSOတွေနဲ့ဘဲ ကျနော်တို့က ပူးပေါင်းဆောင်ရွက်တယ် ဖားအံဘက်မှာ အဓိကအားဖြင့် ဘယ်အပိုင်းလဲဆိုတော့ information and response center ဆိုပြီး လုပ်ထားတယ်ပေါ့နော် အဓိကတော့ ဒီမှာရှိတဲ့ အချက်အလက်တွေအားလုံးစုထားတယ် ။ဒီအချက်တွေပေါ်မှာအခြေခံပြီးတော့ international ပါတနာတွေက လိုအပ်တဲ့အထောက်အပံ့တွေပေးနိုင်အောင် နောက်တစ်ခုက သတင်းထုတ်ပြန်တဲ့အခါမှာ သတင်းအချက်အလက်တွေကို အထောက်အကူဖြစ်အောင်အတွက်ဖြစ်အောင် ကျနော်တို့ ဒီကိစ္စတွေ လုပ်ဆောင်တဲ့အခါမှာ အချက်အလက်တွေက အရမ်းအရေးကြီးတဲ့အတွက် ဒီအချက်အလက်တွေကို စီမံလုပ်ဆောင်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့မှာဆိုရင်လဲ local CSOတော်တော်များများပါပြီးတော့ ဝင်ကူပြီးလုပ်နေတာရှိတယ်ပေါ့။

မေး။ဧပြီလကုန်မှာ ထိုင်းကနောက်တစ်သုတ်ပြန်လာမယ့်လူတွေအတွက် ဘယ်လို စီမံဆောင်ရွက်ထားတာရှိလဲ။

ဖြေ။ ဧပြီ ၃၀ရက်နေ့နောက်ပိုင်းမှာ တကယ်လို့ ပြန်လာခဲ့မယ်ဆိုရင်တော့ ကျနော်တို့က လက်ရှိ process အတိုင်းဘဲ လုပ်ဆောင်မယ် ကရင်ပြည်နယ်ကလူဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်ကို ကျနော်တို့ပို့မယ် အဲဒီမြို့နယ် Center ကနေတစ်ဆင့် ကျေးရွာ Community Quarantine တွေကို ဆက်ပြီးပို့ပေးမယ် အဲလိုမဟုတ်ဘဲနဲ့ သူတို့ ပြန်မယ့်ရွာမှာ Community Quarantine Center မရှိဘူး ဆိုရင်တော့ Facility Quarantine Center မှာဘဲနေရမှာပေါ့ ကရင်ပြည်နယ်မှာ မြဝတီ၊ ကော့ကရိတ်၊ ဖားအံ၊ ကြာအင်းဆိပ်ကြီးတွေမှာ Facility Center လုပ်ထားတာရှိတယ် သူတို့တွေရောက်တာနဲ့ အုပ်စုခွဲပြီး အဲမှာသွားပို့မှာဖြစ်တယ် Community Quarantien Center ပြန်မယ့်လူတွေအတွက်ကျတော့ တကယ့်လို့ ရောဂါပါလာရင် အပြင်ဘေးပတ်ဝန်းကျင်တွေကို မကူးအောင် စနစ်တကျ အတတ်နိုင်ဆုံးရောက်အောင်ပို့ဆောင်မှာဖြစ်တယ် ။ ကရင်ပြည်နယ်မှာ Community Quarantine Center ပေါင်း ၄၀၀ကျော်ရှိတယ်ပေါ့နော် ရွာရဲ့ Quarantine Center မှာလုပ်ဆောင်တဲ့ ရွာကလူတွေ နားလည်နိုင်စွမ်း လုပ်ဆောင်နိုင်စွမ်းကိုလည်း ကျနော်တို့ ကြည့်ရမှာဖြစ်တယ်။

မေး။ ။ တပြည်နယ်လုံးအတိုင်းအတာနဲ့ဆို quarantine center ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ တပြည်နယ်လုံးအတိုင်းအတာနဲ့ဆို quarantine center ပေါင်း ၄၀၀ ကျော်ရှိပါတယ်။

မေး။ ။ နေရပ်ပြန်သူတွေအနေနဲ့ တရားဝင်နယ်စပ်ဂိတ်တွေကနေ တစ်ဆင့် ပြန်ဝင်လာကြတဲ့သူတွေရှိသလို အခြားသောဝင်ပေါက်တွေကနေပြန်လာတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်ဆိုတော့ ဒါကိုဘယ်လိုစီစဉ်ဆောင်ရွက်သွားဖို့ရှိပါလဲ။

ဖြေ။ ။ ကျနော်တို့လက်ရှိကတော့ နည်းလမ်း ၂ ခုစီစဉ်ထားဖို့ရှိပါတယ်။ ပထမတစ်ခုအနေနဲ့ကတော့ ဥပမာ ဘုရားသုံးဆူလိုနေရာမျိုးဆို တရားဝင်ဂိတ်မဟုတ်ပေမယ့်လို့ အဲဒီကနေပြန်လာနေကြတာတွေရှိတယ်။ အဲဒါကိုပိတ်လိုက်တဲ့အခါမှာ ဂျပန်ရေတွင်းဘက်နေပြန်ဝင်လာနေတာတွေရှိတော့ အဲဒါကို ကျနော်တို့ဘက်ကနေ စောင့်ပြီး ခေါ်ယူရတာမျိုးတွေရှိတယ်။ ကျနော်တို့အဲလို Check Point တွေထားပြီးတော့ ကျနော်တို့အတတ်နိုင်ဆုံး တွေ့ရင် သက်ဆိုင်ရာ Center တွေမှာပြန်ထားပေးတာပေါ့။ အဲဒါတစ်နည်းပေါ့။

နောက်တစ်မျိုးကတော့ သက်ဆိုင်ရာရွာတွေမှာ ကိုယ့် Community အကြောင်းကိုယ်သိကြတယ်လေ။ ကိုယ့် Community ထဲမှာ ဘယ်သူတွေ အသစ်ရောက်လာတယ်ဆိုတာ သိတော့ သက်ဆိုင်ရာကို ပြန်ပြီး Report ပြန်လုပ်တာမျိုးတွေနဲ့ အဲဒီနည်းနဲ့ကျနော်တို့ဒါကို quarantine လုပ်နိုင်အောင်ကြိုးစားကြတာပေါ့။ အဲဒီလို ၂ နည်းနဲ့လက်ရှိကျနော်တို့ဒါကိုလုပ်နေပါတယ်။ တခြားတဖက်ကကြည့်မယ်ဆိုရင်တော့ ဂိတ်တွေမှာ လုံခြုံရေးချထားတာမျိုးတွေ နောက်တစ်ခုက ဝင်ထွက်မှုရှိနိုင်မယ့်နေရာတွေမှာ လုံခြံုရေးထားတာမျိုးတွေကို လုပ်နေတာမျိုးတွေလည်းရှိတယ်။ ဒါပေမယ့် နယ်စပ်တစ်လျှောက်ကလည်း ရှည်လျားတဲ့အတွက်ကြောင့်မို့ လမ်းလျှောက်လာလို့ရတဲ့နေရာမျိုးတွေမှာ လမ်းလျှောက်လာကြမှာစိုးလို့ ကျနော်တို့အတတ်နိုင်ဆုံး အဲဒီလိုမဖြစ်အောင် ဆောင်ရွက်နေပါတယ်။

မေး။ ။ ဒီလို ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်တဲ့အခါမှာရော ဘယ်လိုအခက်အခဲ တွေရှိပါသလဲ။

ဖြေ။ ။ အခက်အခဲဆိုရင်တော့ အခုအချိန်က တကယ့်ကိုအရမ်းအရေးကြီးနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်။အားလုံးလည်းကြိုးစားနေကြရတယ်။ တချို့ဆိုလည်းအရမ်းကို ပင်ပန်းနေကြတဲ့သူတွေရှိတယ်။ နောက်ပြီးဒီလိုကျန်းမာရေးဆိုင်ရာနဲ့ပတ်သက်ပြီး ဒါပထမဆုံးကြုံတွေ့ရတဲ့စိန်ခေါ်မှုလည်းဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်ခါတလေကျ လုပ်ကိုင်ရတာ တအားစိတ်ခံစားမှုပြင်းထန်ကြတာမျိုးတွေရှိတယ်။ ဒါပေမယ့် အားလုံးပဲ အဆင်ပြေမှုတွေဖြစ်အောင်ပူးပေါင်းဆောင်ရွက်ကြတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာလည်း ပညာပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြရတဲ့အခါ စိန်ခေါ်မှုလေးတွေတော့ရှိတာပေါ့။ ဒါပေမယ့်ဒီဟာကလည်း အချိန်ကာလ တစ်လ နှစ်လလောက်ဖြစ်လာတဲ့အခါကျ အဆင်ပြေသွားမယ့်ပုံစံမျိုးတော့တွေ့ရပါတယ်။ ဒါကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတစ်ခုပေါ့။ နောက်တစ်ခုကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ၊ မဖြစ်မနေလိုက်နာရမယ့်ညွန်ကြားမှုတွေကို သေချာနားလည်ဖို့လိုတယ်။ သေချာနားမလည်တဲ့အခါကျတော့ တစ်ခုခုမှားသွားရင် ဒါကိုပြန်ပြီး ပညာပေးဖို့က အတော်ခဲယဉ်းတယ်။ အဲဒါမျိုးလေးတွေကို ကျနော်တို့မြင်ရတာမျိုးတွေရှိတယ်။ နောက်တစ်ခုက သတင်းအမှားတွေ ထွက်နေတဲ့အခါမျိုးမှာ လူတွေက ဝေဝါးတာမျိုးတွေဖြစ်သွားတယ်။ ဒါကြောင့်ပဲ သတင်းအမှန်ကိုသိမြင်ဖို့လိုအပ်သလို လိုက်နာရမယ့်အချက်တွေကိုလည်း ထဲထဲဝင်ဝင်လေ့လာပြီး လုပ်ဖို့တွေက တကယ်အရေးပါတယ်လို့ မြင်ပါတယ်။

အခုလက်ရှိ ဒီမှာလုပ်တဲ့လုပ်ငန်းစဉ်တွေထဲမှာတော့ ပုံမှန်အားဖြင့် ၃ ပိုင်းရှိတယ်။ ကုသရေးဘက်မှာကျတော့ ကျနော်တို့က ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဆေးရုံတွေကိုပြင်ဆင်ရတာပေါ့။ အဲဒီမှာ စောင့်ကြည့်နိုင်ဖို့နေရာတွေ၊ သံသယလူနာတွေ၊ Positive case လူနာတွေများရောက်လာလို့ရှိရင် သူတို့တွေကိုထားဖို့ ICU လိုနေရာမျိုးရှိလား၊ ပြီးတော့ အဲဒီမှာလည်း လိုအပ်တဲ့ ပစ္စည်းတွေ အပြင် ဥပမာအိမ်သာ၊ရေချိုးခန်း၊ လက်ဆေးမယ့်နေရာ စသည်ဖြင့်ပေါ့ အဲဒါတွေကို ဆေးရုံတွေမှာပြင်ဆင်ထားရတဲ့လုပ်ငန်းတွေတော့ရှိတာပေါ့။

နောက်တစ်ခုက အရင်က အရေးပေါ်ဆို အဲဒီတစ်နေရာထဲမှာပဲ စုပြုံပြီး ပြသတာမျိုးဖြစ်တဲ့အခါ မလိုလားအပ်ပဲ ကူးစက်မှုဖြစ်လာမှာ စိုးရိမ်ရတဲ့အတွက် အခုနောက်ပိုင်းဆေးရုံတွေမှာ Fever clinic လိုနေရာထားပြီးတော့ တကယ်လို့ ဖြစ်တယ်ဆိုရင် Fever ဖြစ်တယ်ဆိုရင် ဒီတစ်နေရာပဲသွားပြီး ကုသဖို့စီစဉ်ထားတာပေါ့။ နောက်ပြီး Facility quarantine center နဲ့ Community quarantine center ထဲနေရတဲ့သူတွေကိုလည်း ဆေးပြန်လည်စစ်ပေးတာမျိုးတွေ လုပ်ဆောင်ပါတယ်။ ဒီအပိုင်းကတော့ ရောဂါရှာဖွေရေးအတွက် အဓိကကျတဲ့အပိုင်းပေါ့။

နောက်တစ်ခုကတော့ ပညာပေးရေးအပိုင်းပေါ့။ ဥပမာ တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်အကွာအဝေးမှာ နေရမယ်ဆိုတဲ့ ကာကွယ်ရေးဆိုင်ရာ ပညာပေးမှုအပိုင်းတွေ Mask တပ်ရမယ်ဆိုတာမျိုးတွေကို လူထုကြားထဲမှာ ကာကွယ်ရေးတစ်ခုဖြစ်လာအောင်ပေါ့။ နောက်ပြီး လူငါးယောက်ထက်ပိုပြီးမသွားရ၊ မစုရဘူးလား စတဲ့ဥပဒေပိုင်းဆိုင်ရာ တွေကို ထုတ်ပြန်ပြီးတော့လုပ်တာရှိတယ်။ ပညာပေးအစီအစဉ်တွေ လုပ်တာမျိုးလည်းရှိတယ်။

နောက်တစ်ပိုင်းကတော့ ဒေသလူမှုအကျိုးစီးပွားအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြန်လည်ကူညီတဲ့အပိုင်းပေါ့။ ဥပမာ တစ်ချို့သော စောင့်ကြည့်ရေးစင်တာတွေမှာ ထမင်းကျွေးဖို့အခက်အခဲရှိတာမျိုးတွေရှိတယ်။ အဲဒါတွေကို စီမံဆောင်ရွက်ပေးတာမျိုးတွေရှိတယ်။ ပြီးတော့ တစ်ချို့ Lockdown လုပ်ထားလို့ ဖြစ်စေ၊ ပြန်ထွက်မရ ဝင်မရအခြေအနေဖြစ်လာရင် Home quarantine ထားတာမျိုးတွေလည်းရှိပါတယ်။ စားဝတ်နေရေးအရ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့အဆင်မပြေတဲ့အခြေအနေရှိတဲ့သူတွေကိုလည်း အခုလက်ရှိမှာ ခက်ခဲတဲ့မိသားစုအိမ်ထောင်တွေကို ကူညီထောက်ပံ့တဲ့လုပ်ငန်းစဉ်တွေလည်းရှိပါတယ်။

ဒီထက်ရှည်ကြာလာရင် ဒီထက်ပိုတဲ့ Issue တွေဖြစ်လာရင် UN Angecy တွေနဲ့ပူးပေါင်းပြီး အခုစပြီး ဒါကိုစာရင်းကောက်ယူ လုပ်ဆောင်နေတာမျိုးတွေရှိပါတယ်။ ဒါတင်မကဘူး အခုလာမယ့် မိုးရာသီအတွက်လည်း ကြိုတင်ပြင်ဆင်တာမျိုးတွေရှိပါတယ်။ ဒီဟာတွေကိုတော့ လက်ရှိအာရုံစိုက်ပြီးတော့ ပြည့်ပြည့်ဝဝဖြစ်အောင်တော့ကြိုးစားနေပါတယ်။

မေး။ ။ ကရင်ပြည်နယ်မှာ လက်ရှိအချိန်အထိ Positive လူနာတွေ တွေ့ရှိပြီလား။

ဖြေ။ ။ Positive ဖြစ်တဲ့လူနာတော့မတွေ့သေးပါဘူး။ ကရင်ပြည်နယ်မှာတော့ လက်ရှိမှာ အားလုံးပေါင်း အယောက် ၃၀၀ ကျော်လောက်စစ်ထားတာရှိတယ်။ လက်ရှိအချိန်အထိတော့ စစ်ထားတဲ့သူတွေမှာ Positive လူနာမတွေ့သေးပါဘူး။

မေး။ ။ ဒီလိုကပ်ရောဂါအခြေအနေတွေနဲ့ပတ်သက်တဲ့ အခြေအနေတွေ၊ ပညာပေးမှုတွေ၊ သတင်းထုတ်ပြန်ပေးမှုတွေကို ကရင်ပြည်နယ်အတိုင်းအတာအနေနဲ့ လူထုတွေဆီ သတင်းမှန်သိရှိနိုင်ရေးဘယ်လိုစီမံဆောင်ရွက်နေတာမျိုးတွေရှိပါလဲ။

ဖြေ။ ။ ဒါတွေနဲ့ပတ်သက်လို့ ပြန်ဆက်အနေနဲ့ကတော့ ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီး ရပ်ရွာတွေမှာ လက်ကမ်းစာစောင်ဖြန့်ဝေတာမျိုးတွေ အသံချဲ့စက်တွေနဲ့လှည့်ပြီး နှိုးဆော်တာမျိုးတွေအပြင် ရောဂါနဲ့ပတ်သက်တဲ့သတင်းအချက်တွေကို အစိုးရဝက်ဆိုဒ်တွေမှာ တင်ပေးတာမျိုးလုပ်ဆောင်ကြပါတယ်။ တခါတလေ အရေးကြီးတဲ့ ညွန်ကြားချက်တွေကို ဘာသာပြန်ဆိုပြီး လူထုတွေဆီ အသိပေးဖြန့်ဝေတာမျိုးတွေ စတဲ့လုပ်ငန်းဆောင်ရွက်နေတာမျိုးတွေလည်းရှိပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...