ကိုဗစ်နှင့် ဂလိုဗယ်လိုက်ဇေးရှင်း၊ ဝန်းရံမှုဖြင့် ကူဖြေရှင်း

ကိုဗစ်နှင့် ဂလိုဗယ်လိုက်ဇေးရှင်း၊ ဝန်းရံမှုဖြင့် ကူဖြေရှင်း

ကမ္ဘာ့ရွာဟူသည့် စကားလုံးသည် ၁၉၉၀ ပြည့်နှစ်လွန်ကာလများတွင် ခေတ်စားလာသည်။ သတင်းဆက်သွယ်ရေး နည်းပညာ တိုးတက်လာမှုနှင့်အတူ ကမ္ဘာ့တစ်နေရာမှ အဖြစ်အပျက်ကို အခြားတနေရာက သိနိုင်သည်။ ယင်းကို ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုဟု နိုင်ငံရေးသိပ္ပံ သုတေသီများက ဆို သည်။ ထိုအချိန်ကာလများကို ပြန်ပြောင်းကြည့်လျှင် မြန်မာတွင် ၁၉၈၈ က ဒီမိုကရေစီတော်လှန်ရေး ဖြစ်ပွားခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးမှာ ကမ္ဘာသို့ ရိုက်ခတ်မှု ရှိခဲ့သည်။

၁၉၈၉ နိုဝင်ဘာတွင် အရှေ့ဂျာမဏီနှင့် အနောက်ဂျာမဏီကို ခွဲခြားထားသည့် ဘာလင်တံတိုင်း ပြိုကျခဲ့ပြီး ဂျာမဏီ တစ်နိုင်ငံတည်းပြန်ပေါင်းစည်းသည်။ ယင်းဖြစ်စဉ်ကို ကမ္ဘာတွင် စစ်အေးကာလ ပြီးဆုံးသွားပြီး အရင်းရှင်ဒီမိုကရေစီ တို့ အောင်ပွဲခံချိန်ဟု ညွှန်းဆိုကြသည်။ နာမည်ကြီးနိုင်ငံရေးဘောဂဗေဒပညာရှင် ဖရန်စစ်ဖူကူးယာမား (Francis Fukuyama)က သမိုင်း၏ နိဂုံး (The End of History)ဟု ကင်ပွန်းတပ်ခဲ့ပြီး ပညာရှင်များအကြား ဆွေးနွေးစရာ ကိစ္စရပ်များ ဖြစ်သွားခဲ့သည်။

ထိုသို့ ညွှန်းဆို၍ရသည့် အခြေအနေမျိုးတွင် မြန်မာ အပါအဝင် စီးပွားရေး တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သည့် နိုင်ငံများ အနေဖြင့် တံခါးဖွင့်ဝါဒ စီးပွားရေးစနစ် (စျေးကွက်စီးပွားရေး)သို့ ပြောင်းလဲ ကျင့်သုံးခဲ့ရသည်။ ဆက်သွယ်ရေးနည်း ပညာ ပိုမိုထွန်းကားလာကာ ဂလိုဘယ်လိုက်ဇေးရှင်း အကျိုးုဆက်က ကမ္ဘာတွင် အာဏာရှင်နိုင်ငံများကို ချုပ်ငြိမ်း သွားစေမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဂလိုဘယ်လိုက်ဇေးရှင်းကို အမျိုးသားရေးဝါဒီများက ခြောက်လှန့်ပြခဲ့သည်။

အထင်ကရ ဖြစ်စဉ်တစ်ခုအဖြစ် ၂၀၀၁ခုနှစ်၊ စက်တင်ဘာ ၁၁ရက်နေ့တွင် အမျိုးသားရေးဝါဒီများက အမေရိကန် ပြည်ထောင်စုရှိ World Trade Center ကို တိုက်ခိုက်ခဲ့ပြီး ယင်းသည် လစ်ဘရယ်ဒီမိုကရေစီကို အမျိုးသားရေးဝါဒီ များက ခြောက်လှန့်နိုင်သည့်သဘောဟု နိုင်ငံရေးသိပ္ပံပညာရှင် သောမတ်စ်ဖရန်းမန်း(Thomas Friedman)က ညွှန်းဆိုပြန်ရာ ဂလိုဘယ်လိုက်ဇေးရှင်းသည် လူသားတို့၏ နေ့စဉ် လူမှုဘဝထဲသို့ သက်ရောက်မှုရှိခဲ့သည်။

ထို့အတွက်ကြောင့်ပင် ကမ္ဘာကျော် ဘောလုံးပွဲများကို အချိန်နှင့် တပြေးညီကြည့်ရှုနိုင်သလို တဦးနှင့်တဦး ဆက်သ သွယ်ရေး၊ စျေးကွက် သတင်းအချက်အလက် အားလုံး ပထဝီနယ်နိမိတ်မခြား အကြောင်းအရာများကို အချိန်နှင့် တပြေးညီ သိနိုင်သည်။ နည်းပညာထွန်းကားသည့် နိုင်ငံများက ကမ္ဘာ့စီးပွားရေးတွင် ထိပ်တန်းသို့ တက်လှမ်းနိုင်ခဲ့ သလို ရေကြည်ရာ၊ မြက်နုရာ ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံအချင်းချင်းကြား ကူးလူးဆက်ဆံမှုသည်လည်း သာမန်ကိစ္စရပ်သဖွယ် ဖြစ်လာသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ သက်ရောက်မှုသည် ကောင်းကျိုးများရှိသလို ဆိုး ကျိုးများလည်းရှိသည်။ အထူးသဖြင့် နည်းပညာ အားနည်းပြီး စီးပွားရေး မတောင့်တင်းသည့် နိုင်ငံများကို ကမ္ဘာ့နိုင်ငံ ကြီးက ချယ်လှယ်ချင်သည့်သဘော တွေ့ရသည်။

အားလုံးသိရှိနေကြသည့် ကိုရိုနာဗိုင်းရစ်ပ်သည် ဂလိုဘယ်လိုက်ဇေးရှင်းသဘောအရ ကမ္ဘာလုံးချီ၍ ကူးစက်ဖြစ်ပွား လျက်ရှိရာ မြန်မာနိုင်ငံသို့လည်း ကြီးစွာရိုက်ခတ်သည်။ တိုင်းရင်းသားပြည်သူလူထုထံသို့လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ် ပိုင်းဆိုင်ရာ ရိုက်ခတ်မှုလည်း ကြီးမားသည်။ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံသူနိုင်ငံ သားများ အလုံးအရင်းဖြင့် ပြန်ရောက်လာကြသည့်အပေါ် ကပ်ရောဂါကြောင့် ခွဲခြားဆက်ဆံမှုများ၊ သံသယဖြစ်မှု များ၊ အရေးပေါ်ကျန်းမာရေးပညာပေးကို လိုက်နာမှုအားနည်းခြင်းများ ဖြစ်ရှိနေသည်။

ယင်းကိုရိုနာကြောင့် ကမ္ဘာတစ်ဝှမ်း စီးပွားရေးကျဆင်းမည်ဟု ပညာရှင်များကဆိုသကဲ့သို့ လူမှုပတ်ဝန်းကျင်တွင် လည်း အလုပ်လက်မဲ့ဖြစ်သွားသူများ လက်ညှိုးထိုးမလွှဲ ဖြစ်နေသည်။ အရေးကြီးသည်မှာ အတ္တ၊ လောဘ၊ မာန၊ ကိုယ်ကျိုးများကို ဘေးဖယ်ကာ မည်သည့်နိုင်ငံ၊ မည်သည့်နေရာ၊ မည်သည့်လူမျိုးဟူ၍ မခွဲခြားဘဲ လူသားဆန် ဆန်နှင့် လူသားအားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် အန္တရာယ်မှ လျော့နည်း ကင်းဝေး ပပျောက်စေရေးအတွက် သတင်းအမှားများကို မယုံစားမိစေရန် သတိချပ်စေချင်သည်။

ယခု ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရစ်ပ်(ကိုဗစ်)ပြဿနာမှာ အလွှာစုံလူတန်းစားများ ခံစားနေရသည့်အတွက် အသိ တရား၊ သတိတရားဖြင့် ကြိုတင် ကာကွယ်မှုများ၊ ပွင့်လင်းမြင်သာမှုများနှင့် ရောဂါထိန်းချုပ်ထားနိုင်ရန် ကျင့်ကြံနေထိုင် သွားလာလှုပ်ရှားကြရပေမည်။ သို့မှသာ ဂလိုဘယ်လိုက်ဇေးရှင်း၏ ကူးစက်ရောဂါ ရိုက်ခတ်မှုကြီးကို တစ်ဦးနှင့် တစ်ဦး ဖေးမ ကူညီကာ အတူတကွ ကိုယ်စီကိုယ်ငှ ရင်ဆိုင်ကျော်လွှားသွားကြရမည်ဖြစ်သည်။ ထို့ကြောင့် ကုန်စျေး နှုန်းမြှင့်တင်ခြင်းမပြုလုပ်ဘဲ ခက်ခဲနေသူများအား ဝေငှခြင်း၊ အကူအညီလိုသူများကို ဝိုင်းဝန်းကူညီခြင်းနှင့် ရပ်ရေးရွာ ရေးကိစ္စရပ်များကို ကျန်းမာရေးဌာနများ၏ ထိရောက်မှန်ကန်သော ညွှန်ကြားချက်များအတိုင်း အတူတကွ လိုက်နာ လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါသည်။    ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...