လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကျေးဇူးတော်ရွာ အုပ်ချုပ်ရေးမှူး စောချစ်ဝင်းထူးနှင့် တွေ့ဆုံမေးမြန်းခြင်း

လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကျေးဇူးတော်ရွာ အုပ်ချုပ်ရေးမှူး စောချစ်ဝင်းထူးနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ကေအိုင်စီ
ကျေးဇူးတော်ရွာသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း တည်ရှိသည်။ တိုင်း ဒေသကြီးအစိုးရက ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များအား ၂၀၁၁ ခုနှစ်တွင် ပြန်လည်နေရာချပေးသည့် ရွာ ဖြစ်သည်။ ကရင်လူမျိုးများ အဓိကနေထိုင်ပြီး လူဦးရေ စုစုပေါင်း ရ၀ ကျော်ရှိသည်။ ရွာသူရွာသားများ၏ အ ခက်အခဲစိန်ခေါ်မှုများနှင့် လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကျေးဇူးတော်ရွာ အုပ်ချုပ် ရေးမှူးဖြစ်သူ စောချစ်ဝင်းထူး၏ အမြင်သဘောထားအား ကေအိုင်စီ သတင်း ဌာနမှ သွားရောက်မေးမြန်းထားခြင်းဖြစ်သည်။

ကေအိုင်စီ ။ ။ ဒီကျေးဇူးတော်ရွာကို ဘယ်အချိန်မှာ ဘယ်သူတွေက ပြန်လည်စတင်တည်ဆောက်ခဲ့ပါသလဲ။

ဖြေ။     ။ ဒီရွာက အရင်ရှိပြီးသားရွာဟောင်းပါ။ ၂၀၁၁ ခုနှစ်မှာ ဒီအနီးအနားမှာရှိနေကြတဲ့ ရွာသားတွေက ဆွေးနွေးကြပြီး အရင်စစ်ပွဲပဋိက္ခဖြစ်ခဲ့တုန်းက ဒီရွာမှာ ရှိနေကြတဲ့လူတွေကို အဓမ္မပြောင်းရွှေ့ခံခဲ့ကြရတယ်။  ရွာ သားတွေက မိမိတို့ရွာဟောင်းကို အခုချိန်မှာ ပြန်လည်နေထိုင်လိုတဲ့အတွက် ရွာသားတွေက ကရင်တိုင်းရင်း သားရေးရာဝန်ကြီး စောဟန်သိန်းကို တင်ပြခဲ့ပါတယ်။ ၀န်ကြီးက တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြန် လည် တင်ပြပြီးတော့မှ အစိုးရဘက်မှ ဒီရွာသည် ရွာဟောင်းဖြစ်တဲ့အတွက် မိမိတို့ရွာကို ပြန်လည်နေ ထိုင်ခွင့်ပြု တဲ့အကြောင်း အကြောင်းကြားလာခဲ့တယ်။ အခုလို ကျနော်တို့ ပြန်လည် နေထိုင်ခြင်းဖြစ်ပါတယ်။

ကေအိုင်စီ ။    ။ ပြန်လည်တည််ထောင်တဲ့အခါမှာ အစိုးရအဖွဲ့နဲ့ KNU အဖွဲ့တို့က ဘာတွေလာရောက်ကူညီ ပေး ပါသလဲ။

ဖြေ။     ။ သူတို့ကတော့ တိုက်ရိုက် မဟုတ်ပေမယ့် NGO တွေကမှတစ်ဆင့် လာရောက်ကူပေးတယ်လို့တော့ ကျနော် မြင်ပါတယ်။ ကျနော်တို့ရွာကို ပြန်လည်စတင်နေထိုင်တဲ့အချိန်မှာ ဆန်တွေကို တစ်ကြိမ်တော့ လာရောက် လှူဒါန်းဖူးတယ်။

ကေအိုင်စီ ။    ။ ဒီရွာမှာရှိနေကြတဲ့ လူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး တွေရဲ့ အခြေအနေ တွေက ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ ကျန်းမာရေး ဆေးခန်းတို့ကတော့ အခု လက်ရှိ ဘယ်သူမှ အကောင်ထည်လာမဖော်သေးပါဘူး။ ဒါပေမဲ့ NGO အဖွဲ့အချို့တွေက လာလုပ်ပေးတဲ့ ရှေးဦးလူနာပြုစုနည်းတို့တော့ လာလုပ်ပေးတယ်။ ပညာရေးက တော့ ကျနော်တို့ စာသင်ကျောင်းကို တင်ထားတာတော့ကြာပါပြီ။ အခုထိလည်း မကျလာသေးဘူး။ ကိုယ်ထူ ကိုယ်ထနဲ့ ကျောင်းဆောင်လေးတစ်ဆောင်တော့ ဆောက်လုပ်ထားပါတယ်။ ဆရာမတွေကတော့ ရွာက စရိတ် ထုတ်ပေးတယ်။ စားဝတ်နေရေးကတော့ တောင်ယာ လုပ်စိုက်ပျိုးပြီး ကြက်ဝက်တွေ မွေးကြပါတယ်။

ကေအိုင်စီ ။    ။ အခြားဘာများ ဒီရွာမှာ စိန်ခေါ်မှု အခက်အခဲတွေရှိသေးလဲ။

ဖြေ။     ။ ကျနော်တို့ရွာမှာ အကြီးမားဆုံးစိန်ခေါ်မှုက မြေယာပြဿနာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော််တို့ ရွာက အဓိက တောင်ယာလုပ်ပြီး စားသောက်နေရတဲ့အတွက် မြေမရှိရင် ကျနော်တို့ ဘာမှလုပ်လို့မရဘူး။ ရွာရဲ့ ကားလမ်းဘေးမှာ ရှိနေတဲ့ချောင်းကလေးရဲ့အရှေ့ဘက်မှာဆို ကုမ္ပဏီက မြေတွေကိုသိမ်းထားတယ်။ သူတို့ကုမ္ပဏီအနေနဲ့တော့ အစိုးရခွင့်ပြုချက်နဲ့ပေါ့။ ရွာရဲ့အရှေ့ဘက်မှာ နှစ်မိုင်လောက် ဆိုရင် သဘာဝသစ် တောကြိုးဝိုင်းရှိတယ်။ ကျနော်တို့မှာ အဲဒီနှစ်ခုကြားမှာ ညှပ်နေတော့ ကျနော်တို့အတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုပါပဲ။ တစ်နှစ်လောက် တောင်ယာမလုပ်ရင် ရွာသားတွေအတွက် အခက်အခဲရှိမယ်လေ။

ကေအိုင်စီ ။    ။ အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။ ငြိမ်းချမ်းရေး ရရှိဖို့အတွက်တော့ ပြည်သူလူထုရယ်၊ အစိုးရရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရယ်၊ အတူတကွ သွားမှသာ အဆင်ပြေနိုင်မယ်လို့တော့ ကျနော်မြင်ပါတယ်။ အရင်လို အာဏာသုံးတဲ့ အကျင့်တွေ ဖျက်ဖို့၊ အောက်ခြေဝန်ထမ်းတွေလည်း အရင်လို အကျင့်ပျက် လာဘ်စားတဲ့ အကျင့်တွေ ပယ်ဖျက်ဖို့လိုပါတယ်။

ကေအိုင်စီ ။    ။ ငြိမ်းချမ်းရေး အခုလို လုပ်ဆောင်နေတဲ့အချိန်မှာ ဒေသခံတစ်ဦးအနေနဲ့ ဘာတွေကို တောင်းဆိုချင်ပါသလဲ။

ဖြေ။     ။ ကျနော်တို့ ဒီငြိမ်းချမ်းရေးမှာ ကျနော့်အနေနဲ့ တောင်းဆိုခွင့်သာရခဲ့မယ်ဆိုလို့ရှိရင် သူတိို့ုထိုးထားတဲ့ စာချုပ်တွေ လက်မှတ်တွေဟာ စာအုပ်ပိတ်လိုက်တဲ့အခါ ပိတ်မသွားဖို့။ ကိုယ်ထိုးလိုက်တဲ့ လက်မှတ်တစ် လုံး ဟာ စာအုပ်ပိတ်လိုက်တဲ့အခါမှာ သူများနဲ့ပါသွားပြီး ပျောက်သွားတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။

ကေအိုင်စီ ။    ။ နောက်ထပ် ဘာတွေဖြည့်စွက်ပြောကြားချင်ပါသေးလဲ။

ဖြေ။     ။ ကျနော့်တစ်ဦးရဲ့ဖြည့်စွက် ပြောကြားချင်တာကတော့ အခုလို ဒေသခံကိုုယ်စား ကျနော့် ဖြေကြားချက်တွေကို နိုင်ငံတော်သိရှိရင် ကျနော်ဒေသခံတစ်ဦးအနေနဲ့ ကျေနပ်ပါလှပါပြီ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...