နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး Dr. Anna Sui Hluan နှင့် တွေ့ဆုံမေးမြန်းခြင်း

နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး Dr. Anna Sui Hluan နှင့် တွေ့ဆုံမေးမြန်းခြင်း

“ချင်းပြည်နယ်မှာ အဓိကလိုအပ်တာက စိတ်ညီဖို့ပဲ”

နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး (Second Lady of Myanmar) Dr. Anna Sui Hluan သည် အဖ အမှုတော်ဆောင် Dr. Ralbawi နှင့် Pi Mary Sung Pui တို့မှ ချင်းပြည်နယ်  ထန်တလန်မြို့နယ် Vuangtu ကျေးရွာတွင် မွေးဖွားခဲ့သည်။ (၂) နှစ်သမီးအရွယ်ကတည်းက ဖခင်တာဝန်ထမ်းဆောင်ရာ ရန်ကုန်မြို့သို့ ရောက်ရှိပြီး ရန်ကုန်တွင်ကြီးပြင်းခဲ့သည်။ Dr. Anna သည် D.Min ဟုခေါ်သော Ministry Doctorate ဘွဲ့ကို ၂၀၀၇ ခုနှစ်က Asian Graduate School of Theology Philippine မှရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် Doctor of Philosophy in New Testament ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးလည်းဖြစ် ဒုသမ္မတကတော် Dr. Anna Sui Hluan ကို ခိုနူမ်းသုန်သတင်းဌာနမှ တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။      ။ အန်တီတို့က နိုင်ငံခြားမှာပဲ အခြေစိုက်ကြတယ်လို့ သိရတယ်ပေါ့နော်၊ ဘယ်မှာအခြေစိုက်နေထိုင်ကြလဲ၊ မြန်မာပြည်ကနေ ဘယ်ချိန်ကနေ ထွက်သွားကြလဲ။

ဖြေ – ၂၀၀၉ မှာပေါ့နော် ဒါပေမဲ့ ဖိလစ်ပိုင်မှာ နှစ်နှစ်လောက်ကြာသွားတာပေါ့နော်၊ နယူးဇလန်မှာနေတယ်၊ မြန်မာပြည်ကနေ မိသားစုအနေနဲ့ ထွက်သွားတာက ၂၀၀၉ ဖိလစ်ပိုင်မှာ Visa တွေနဲ့ ဘာတွေနဲ့ စောင့်နေတာဆိုတော့ နယူးဇလန်ကိုရောက်သွားတာကတော့ ၂၀၁၁ ခုနှစ်မှာပါ။

မေး။      ။  မြန်မာနိုင်ငံကို ဘယ်ခုနှစ်ကစပြီး ပြန်လည်အခြေချခဲ့ကြလဲ။

ဖြေ။       ။ အန်တီကသွားလိုက်လာလိုက်ပဲပေါ့နော် ကိုဟင်နရီကတော့ အစောကတည်းက၂၀၁၃ ခုနှစ်မှာပြန်လာပြီ လနဲ့ချီပြန်လာလိုက် အလုပ်လုပ်လိုက်နဲ့ ဒါပေမဲ့ သူက ၂၀၁၅ မှာကျတော့ ရွေးကောက်ပွဲအတွက်ပြန်လာတယ် ဆိုတော့ အန်တီပြန်လာတာကတော့ ၂၀၁၆ မှာကျမှ သူ့ကို announce လုပ်တယ် ၂၀၁၅ မှာလည်း ကင်ပိန်းအတွက်ပြန်လာသေးတယ် ဒါပေမဲ့ မိသားစုအားလုံးကိုပြန်ခေါ်လာတာကတော့ ၂၀၁၆ ခုနှစ်မှာပါ။

မေ။       ။ ဦးဟင်နရီဗန်ထီးယူ ဒုသမ္မတဖြစ်လာမယ်လို့ မျှော်လင့်ထားလား။

ဖြေ။       ။ ဒီနေရာကိုရောက်မယ်လို့တော့လည်း လုံးဝမမျှော်လင့်ထားခဲ့ဘူး ဒါလည်းကြိုတင်တော့ပြင်ဆင်ထားမှုမရှိဘူး အန်တီလည်း နဂိုကတည်းကလုပ်ချင်တဲ့ဟာတွေရှိတယ် အမျိုးသမီးတွေ လင်ပိုင်းဆိုင်ရာပေါ့နော် အမျိုးသမီး empowerment ပိုင်းဆိုင်ရာမှာ နောက်ပြီးတော့ အခုဒီအိမ်တွင်းအကြမ်းဖက်မှု ဒီအမျိုးသမီးနဲ့ ပတ်သက်တဲ့အကြောင်းတွေ ဘုရားကျောင်းမှာပဲဖြစ်ဖြစ် ဘာသာရေးမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ ဒီအမျိုးသမီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ နောက်လူငယ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ အန်တီကအရင်တုန်းကစိတ်ဝင်စားတယ် ဆိုတော့ နဂိုကတည်းကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုဟင်နရီကဝင်မယ်လို့စဉ်းစားတဲ့အချိန်တုန်းကတောင်မှ သူကအရင်ဆုံး အန်တီကိုအရင်ဝင်ခိုင်းတာ အန်တီက very politically activist ပေါ့ အဲကတည်းကအရမ်းပြောနေပြီဆိုတော့ သူကတို့ကိုဝင်စေချင်တယ် ဒါပေမဲ့ တို့ကတော့ အဲဒီအချိန်တုန်းကတော့ ကျောင်းမပြီးသေးတဲ့အတွက်ကြောင့်မို့လို့ လုံးဝဝင်လို့မရဘူး ကိုဟင်နရီကိုတော့ အရင်ဦးစားပေးပေ့ါနော်။

မေး။      ။ အန်တီအမျိုးသား ဦးဟင်နရီဗန်ထီးယူက နိုင်ငံတော်ဒုသမ္မတဖြစ်တယ်ဆိုတော့ အန်တီအနေနဲ့ ဘယ်လိုပံ့ပိုးကူညီမှုတွေရှိလဲ။

ဖြေ။       ။ ပံ့ပိုးကူညီမှုဆိုတာတော့ အန်တီတို့တတ်နိုင်တဲ့ဘက်ကပေါ့ ဘက်စုံပါပဲ ဒီလိုဒီဟာ ကူညီပါဆိုတာတော့မရှိဘူးပေါ့လေ၊ ဇနီးသည်တစ်ဦးအနေနဲ့  ဘက်စုံကအစ ပွဲတက်တာကအစ ကူညီတာပေါ့နော်၊ အန်တီက နဂိုကတည်းက ကိုယ်လုပ်ချင်တာတွေရှိတယ် အဲဒါနဲ့ပတ်သက်ပြီးတော့ ဒီဘက်ကနေပြီးတော့လုပ်တာပေါ့နော် ဒီဟာလုပ်တာလည်းပဲ ပံ့ပိုးတယ်လို့လူတွေမြင်တာလည်းရှိမယ်ပေါ့နော်။

မေး။      ။ ယခုလက်ရှိ ချင်းပြည်နယ်ရဲ့ အခြေအနေကိုကြည့်ရင် ကျေနပ်အားရမှုရှိလဲ။

ဖြေ။       ။ ကျေနပ်မှုဆိုတာတော့မရှိဘူး  ချင်းပြည်နယ်က လုပ်စရာအများကြီးကျန်သေးတယ် သိတဲ့အတိုင်းပဲ ဒါပေမဲ့ ပြောင်းလဲဖြစ်နေပြီးသားပေါ်မှာတော့ အန်တီဝမ်းသာတဲ့အကြောင်းကိုတော့ နည်းနည်းပြောချင်တယ် progress ပေါ်မှာပေါ့ ဥပမာဆိုပါဆို Infrastructure ပိုင်းတွေမှာ လုပ်နေတာအများကြီးပဲ ပြီးတော့ အရင်တုန်းကထက် အများကြီးပဲ အန်တီတို့တုန်းကထက် အများကြီးပြောင်းလဲလာတာရှိတယ် ဥပမာ လေဆိပ်ဆိုရင် တစ်ခါမှမရှိဖူးတဲ့ဟာမျိုး အဲဒါမျိုးတွေပေါ့ ဒီ progress တွေ ရွာလမ်းတွေ အများကြီးပါပဲ Progress အများကြီးရိှတယ် ပြည်နယ်တစ်ခုလုံးမှာပဲ detail မှာတော့ အများကြီးလိုပါသေးတယ် အဲထဲမှာတော့ အန်တီကတော့ အဓိက လုပ်နေတာအန်တီကိုယ်တိုင်လည်း NGO မှာလုပ်နေတဲ့တစ်ခုပေါ့ ရေတို့ ပညာရေးတို့ အဲဒါပေါ့ ချင်းပြည်နယ်မှာဆိုရင် အရမ်းလိုအပ်တာ ရေ ရေမရသေးတဲ့ နေရာတွေအများကြီးရှိတယ် ဆိုတော့ အန်တီတို့ အခုပဲချင်းတောင်သွားခဲ့တာလည်း အဲဒီမှာရေလှူခဲ့တဲ့နေရာ ဗယ်ဟားကျေးရွာဆိုရင် ၆ မိုင်နီးပါးရေသွယ်ရတာလေ ဒါပေမဲ့ ရေသွယ်တဲ့အခါမှာလည်း အရမ်းခက်ခဲတာပေါ့နော် အစိုးရဘက်ဂျက်ကြီးနဲ့ပဲ အားကိုးလို့မရဘူး အစိုးရလည်းအများကြီးဖြန့်ရတာဆိုတော့ မလောက်ဘူး မလောက်တော့  အန်တီတို့ အဲဒါမျိုးမှာ ဝိုင်းဝန်းပါဝင်ပေးတယ် ရေ နောက်ပြီးတော့ ပညာရေးစတာတွေမှာလည်းအများကြီး အန်တီတို့အများကြီးလုပ်ဖို့လိုတယ် အဲဒါလုပ်ဖို့ အန်တီတို့ကြိုးစားပြီးလုပ်နေပါတယ် နောက်ပြီးတော့ SME မီးလေးတွေ အသေးစား SME လေးတွေ အန်တီတို့ အဖွဲ့အစည်းကနေပြီးတော့ စဉ်းစားထားတာ ဘယ်လိုမျိုးကူညီနိုင်မလဲဆိုတာမျိုးပေါ့။

မေး။      ။ ချင်းပြည်နယ်မှာ အဓိက ဘာလိုအပ်တယ်လို့မြင်လဲ။

ဖြေ။       ။  ချင်းပြည်နယ်မှာ အဓိကလိုအပ်တာတော့ အားလုံးကစိတ်ညီဖို့လိုအပ်တယ် အန်တီမြင်တာတော့ အဲတာပဲ ဥ     ပမာ အားလုံးက ဒီဒေသမှာရတယ်ဆိုရင်  ကျန်တဲ့ဒေသကလည်း ဝမ်းမြောက်တတ်ဖို့ ဒါမျိုးပေါ့ နော် အဲဒါမှ ဖွံ့ဖြိုးမှုတွေအများကြီးရလာမှာလေ အကုန်လုံးတိုးတက်လာမယ် ဒါပေမဲ့ တစ်ခုကရှိတာက ဒီဒေသကရရင် ဟိုဒေသကမကျေနပ်လိုက်ကန့်ကွက် အဲဒါနဲ့ပဲသွားနေရင် process ကအရမ်းကြာတယ် အလိုအပ်ဆုံးကတော့ သဘောထားညီဖို့လိုတယ် တို့ချင်းလူမျိုးတွေအားလုံးက ဒီသဘောထားမှာတော့ စည်းရုံးဖို့လိုတယ် သူများရလို့ရှိရင်လည်း ကိုယ်ရသလိုမျိုးပဲ ဝမ်းမြောက်ဖို့လိုတယ် ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုတယ် ဥပမာဆိုပါစို့ လိုင်းလင်းပီလေဆိပ် လိုင်လင်းပီနဲ့ပဲဆိုင်တယ် ငါနဲ့မဆိုင်ဘူးဆိုတဲ့စိတ်ဓာတ်ရှိရင် အဲဒါမဟုတ်ဘူး လိုင်လင်းပီသည် တို့ချင်းအားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ ခံယူချက်ရှိရမယ်။

မေး။      ။ အန်တီဆိုရင် အခု ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ အမျိုးသမီးများအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးသင်တန်းပေးတာတွေ ဟောပြောပွဲတွေလုပ်တယ်ပေါ့နော်၊  ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ – အခုလောလောဆယ်မှာတော့ အန်တီက အသိပညာပေးဟောပြောပွဲလုပ်နိုင်သေးတယ် ဆိုတော့ ဒီနေ့လိုမျိုးသွားပြီး DingDi အမျိုးသမီးအဖွဲ့တစ်ချို့ရှိတယ် အဲဒီအဖွဲ့တွေဆိုလို့ရှိရင် သက်ငယ်မုဒမ်းတွေဆိုရင် တကယ်ကို တရားဆွဲနိုင်အောင် လုပ်ဆောင်နေတယ်ပေါ့နော် အဲဒါမျိုးတွေ အန်တီတို့ ပံ့ပိုးကူညီတယ် အဖွဲ့အနေနဲ့ပေါ့နော် ဆိုတော့ အဲဒါမျိုးတွေအများကြီး လုပ်ဖို့ရှိတယ် ဒီအကြမ်းဖက်မှုမှာကြတော့ သိတဲ့အတိုင်းပဲ အသိပညာပေးဟောပြောမှုအားနည်းနေသေးတယ် အမျိုးသမီးတွေကလည်း ကိုယ့်ရဲ့ Right ကိုမသိကြသေးဘူး။

မေး။      ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက် ပြောချင်တာများရှိပါသလဲ။

ဖြေ။       ။ အားလုံးပဲ ဒီ Development မှာတစ်ယောက်ပဲလုပ်လို့မရဘူး တစ်ဖွဲ့ပဲလုပ်လို့မရဘူး အားလုံးပါဝင်ဖို့အရေးကြီးတယ် ကိုယ့်ရဲ့ရှေ့မှာမျိုးဆိုရင် အန်တီအမြဲလုပ်တာတစ်ခုရှိတယ် သန့်ရှင်မေတ္တာဆိုတာရှိတယ် Toilet Movement ပေါ့နော် အဲဒီ Toilet Movement ဆိုလို့ရှိရင် အန်တီအမြဲတမ်းပြောတာ တစ်ခုရှိတယ် ဒီ   Toilet ကို အရမ်းနိမ့်ကျတဲ့ပစ္စည်းလို့ ထင်ပေမဲ့ ဒီဟာသည် လူတစ်ယောက်ရဲ့ သဘောသဘာဝကို Challenge လုပ်တယ် အတွေးအခေါ်ကို challenge တယ် ဥပမာဆိုပါဆို့ ဒီ Toilet ကသန့်ရှင်းအောင်လုပ် ကိုယ်က သုံးပြီးလို့ရှိရင် ထားခဲ့တာသည် တစ်ဦးတစ်ယောက်ကို ကိုယ့်ထက်သူများကိုဦးစားပေးတယ် သူများအတွက်ကိုလည်း စဉ်းစားပေးတယ် သဘောထားလေးတွေကို သေးငယ်တယ်လို့ထင်ပေမဲ့ ဒါလေးအပြောင်းအလဲတွေ နောက်တစ်ခုကအမှိုက် အမှိုက်ဆိုလို့ရှိရင် ကိုယ့်ရှေ့မှာတွေ့ရင်လည်း မကောက်ကြဘူး အန်တီစိုးရိမ်တာတစ်ခုက ချင်းတောင်မှာ အခု ဖွံ့ဖြိးမှုနဲ့ ပတ်သက်လို့ လိုက်လာတဲ့အရာတစ်ခုက ပလတ်စတစ်ဘူးတွေက ကြိုက်တဲ့နေရာမှာပစ်တယ် အမှိုက်တွေက ကြိုက်တဲ့နေရာမှာပစ်တယ် အဲဒါကြောင့် ချင်းပြည်နယ်အရမ်းပျက်ဆီးသွားမှာ အရမ်းစိုးရိမ်ဖို့ကောင်းတယ် တစ်ဖက်ကလည်း ဖွံ့ဖြိုးရေးဖြစ်ရမယ် တစ်ဖက်ကလည်း Responsibility ဖြစ်ရမယ် တာဝန်ယူတတ်မှုက အဲဒါတွေအားလုံးဝိုင်းဝန်းလုပ်ဆောင်ပေးကြပါ ဘာလို့လဲဆိုရင် အန်တီတို့ NGO တွေလည်းလုပ်နေကြတယ်  ဒါပေမဲ့ ပြည်သူတွေကျတော့ NGO အလုပ်ပေါ့ ငါတို့နဲ့ မဆိုင်ဘူးမဟုတ်ဘူး အားလုံးနဲ့ဆိုင်တယ် ချင်းပြည်နယ်တိုးတက်သာယာဖွံ့ဖြိုးဖို့က  အားလုံးနဲ့ ဆိုင်ပါတယ်လို့ပြောချင်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်...
September 19, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့်...
September 19, 2024
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို...