ကရင်နီ ဒုက္ခသည်တွေနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်နီ ဒုက္ခသည်တွေနှင့် တွေ့ဆုံမေးမြန်းခြင်း
by -
ကန္တရဝတီ
ဒေါ်အောင်ဆန်းစုကြည် အစိုးရ အပေါ် ဘာတွေ မျှော်လင့်သလဲဆိုတာတွေကို ကရင်နီ ဒုက္ခသည်တွေအနေနဲ့ မေးမြန်းထားတာတွေ ကောက်နုတ်တင်ပြအပ်ပါတယ်။

ခူးဖဲဘူး

“ကျနော်မျှော်လင့်တာကတော့ ကျနော်တို့ တိုင်းသူပြည်သား တိုင်းရင်းသား အားလုံးအတွက် စည်းလုံးမှုရှိမယ့် တန်းတူအခွင့်အရေး ပေးမှုရှိမယ်လို့ မျှော်လင့်တယ်။ တိုင်းရင်းသား ဒုက္ခသည်တွေ ကျနော်တို့ ကရင်နီ ဒုက္ခသည်တွေ အိမ်ပြန်နို်င်ဖို့ကရော သူတို့ ဘယ်လိုလုပ်ဆောင်ပေးမလဲ ဆိုတာကို မျှော်လင့်မိတယ်။ ကျနော်တို့ အတွက်ရော မြန်မာပြည်ဖက်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေလိုပဲ တန်းတူ ညီမျှမှုတွေ ရနိုင်ပါ့မလား။”

ဦးစိုင်းလုံ

“ကျနော်တို့ ဒုက္ခသည်စခန်းမှာ နို်င်ငံတကာရဲ့ အထောက်အပံ့ကလည်း အားလုံး လျှော့ချနေပြီ။ ပြည်တွင်း ပြန်ဖို့ကလည်း တခြား တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတော့ ဘယ်လိုမျှ မဖြစ်နိုင်သေးဘူး။ မျှော်လင့်ချက်လည်း မရှိဘူး။ ဒါပေမယ့် ဒေါ်စု အစိုးရတက်လာတော့ သူ မတက်လာခင် ရွေးကောက်ပွဲ မတိုင်ခင် ကျနော်တို့ ဒုက္ခသည်က လူတွေရော ပြည်တွင်းက လူတွေရော မျှော်လင့်ချက်တွေ အများကြီး ရှိတာပေါ့။ NLD အစိုးရ တက်လာမယ် ဒေါ်အောင်ဆန်းစုကြည် တက်လာပြီး အုပ်ချုပ်မယ်ဆိုရင် တိုင်းသူ ပြည်သား တိုင်းရင်းသား အားလုံးအတွက် မျှော်လင့်ချက် ရှိမယ်လို့ ထင်ထားတာ။ တကယ့် သူတက်လာတဲ့ အချိန်ကျတော့ NLD အစိုးရက စစ်တပ်ရဲ့ အပေါ်မှာ ရှိမနေပဲ တပ်မတော် အောက်မှာ ရှိနေတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း မပြင်တော့ NLD က သီးသန့်သွားနေတယ် တပ်မတော်က သီးသန့်သွားနေတော့ ကျနော်တို့ မျှော်လင့်ချက်က သိပ်မရှိဘူး။ ကျနော်တို့အတွက် အရမ်းခက်တယ်။”

မော်လိမယ်

“ကျမကတော့ လောလောဆယ်မှာ ပြည်တွင်းကို ပြန်လည်အခြေချ နေထိုင်ဖို့ထက် တခြား တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ကိုပဲ စဉ်းစားတယ်။ အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ တိုက်ပွဲတွေကို ပိုမဖြစ်ဖို့ မျှော်လင့်တယ်။ ဒါပေမယ့် သတင်းတွေမှာတော့ တိုက်ပွဲတွေ ပိုဖြစ်လာတာကို တွေ့နေရတယ်။ ဒေါ်စု အစိုးရကို တိုင်းရင်းသား အရေးတွေကိုလည်း ဦးစားပေး လုပ်ဆောင်ပေးဖို့ မျှော်လင့်တယ်။”

ခူးဖရဲ့ရယ်

“ ၂၀၁၅ ရွှေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်စုတို့ အစိုးရတက်မယ်ဆိုရင် အရင်အစိုးရထက် ပိုပြီး အများကြီး ကောင်းလာမယ်လို့ မျှော်လင့်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မဲဆွယ်နေတဲ့အချိန်မှာ NLDကို မဲပေးပါ။ သူတို့သာ နိုင်ခဲ့ရင် ပြည်သူလူထုတွေရဲ့ ဆန္ဒကို ဦးစားပေးပြီး လုပ်သွားမယ်လို့ ပြောတယ်။ ကျနောတို့ ဒုက္ခသည်အနေနဲ့ မျှော်လင့်ချက်တွေ အများကြီးရှိခဲ့တယ်။ နိုင်ငံရေး အခြေအနေသာ ကောင်းလာမယ်ဆိုရင် ကျနော်တို့ နေရာ ပြန်လည်ချထားရေး အစီအစဉ် ပိုကောင်းလာမယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အခုကျတော့ ပြည်သူလူထုတွေ ယုံကြည်မှု လျှော့နည်းလာအောင် လုပ်ဆောင်နေတဲ့အတွက် ကျနော့်အနေနဲ့လည်း ယုံကြည်မှုတွေ လျှော့နည်းလာတယ်။ ပြီးတော့ ကျနော်တို့အတွက် ကောင်းမွန်တဲ့ ပြန်လည်နေရာချထားရေး အစီအစဉ် ဆိုတာ မမျှော်လင့်ရဲတော့ဘူး။”

ခူးနိုရယ်

“သူက ဘာမှမလုပ်ပေးနို်င်တာ မျှော်လင့်ချက် မရှိပါဘူး။”

ခူးတာရယ်

“ဒုက္ခသည်အိမ်ပြန်လို့ရတဲ့အချိန်ကာလ တစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဒုက္ခသည်တွေရဲ့ ရေရှည် ဘဝအာမခံချက်ပေးနိုင်ဖို့က ဒေါ်စုတို့ NLD အစိုးရ သက်တမ်းမှာ လုပ်နို်င်လိမ့်မယ်လို့တော့ မထင်ဘူး။”

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...