ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် တွေ့ဆုံခြင်း

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် တွေ့ဆုံခြင်း

“ပြည်သူလူထုကို ပြောချင်တာက ငြိမ်းချမ်းရေးကို ရောက်သေးတာ မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး အနေအထားမှာပဲ ရှိနေပါတယ်”

ဖေဖော်ဝါရီလအတွင်း ကေအဲန်ယူ၊ ဖာပွန်ခရိုင်၊ တပ်မဟာ ၅ နယ်မြေတွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပေါ်နေခြင်း၊ စစ်ရေးအရ ရည်ရွယ် လမ်းဖောက်လုပ်မှုအခြေ၊ အပစ်ရပ်နောက်ပိုင်းကတည်းက တပ်မဟာ ၃ နှင့် ၅ ဘက်တို့တွင် လမ်းဖောက်လုပ်မည့်ကိစ္စ ညှိနှိုင်းလုပ်ဆောင်ခဲ့မှု စသည်တို့ကို ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုတာဒိုမူးနှင့် ကေအိုင်စီက သီးသန့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး- လတ်တလော ဖာပွန်ဒေသမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး အမြန်ဆုံးရပ်စဲနိုင်အောင် ဘာတွေဆွေးနွေးတိုင်ပင်မှု ရှိသလဲ။

ဖာပွန်ခရိုင်မှာဖြစ်နေတဲ့ လတ်တလော IDPတွေပြေးနေရတဲ့ ကိစ္စနဲ့ အောက်ခြေမှာဖြစ်တဲ့ ထိတွေ့မှု လေးတွေက အဓိက ကတော့ နှစ်ဖက်ကြားမှာ ရိက္ခာပို့တဲ့ကိစ္စနဲ့ပတ်သက်လို့ အမြင်သဘောထား ညှိနှိုင်းဖို့ အတွက် အဖြေ ကောင်းကို အားလုံးလက်ခံနိုင်တဲ့ အဖြေမထွက်ခင် ကြားကာလမှာ တစ်ဖက်သတ် အင်အားသုံးပြီးတော့ အကောင် အထည်ဖော်လိုတဲ့ ဆန္ဒကြောင့်ဖြစ်တယ်လို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျနော်တို့ NCAအရ ရိက္ခာပို့ရမယ်ဆိုတာကို နှစ်ဖက်စလုံး လက်ခံထားပြီးသား။ ရိက္ခာကို ဘယ်လို ပို့မလဲဆို တာကို ကျနော်တို့ သေချာ ဆွေးနွေးဖို့လိုပါတယ်။

ဒီနေရာမှာ ရိက္ခာပို့မယ် ကိစ္စကို ဆွေးနွေးတဲ့ အခါမှာလည်း ရိက္ခာပို့ဖို့ဆိုတာထက် လမ်းဖောက်ရေး ဦးစားပေးပြီး လုပ်တဲ့ နေရာမှာ ကျနော်တို့ အမြင်မတူ ကွဲပြားပြီးတော့ တစ်ဖက်က တစ်ဖက်သတ်ပဲ ဖောက်လုပ်မယ်ဆိုတဲ့ အခြေခံ တခုကို ကိုင်စွဲပြီး လုပ်သွားတဲ့အပေါ်မှာမူတည်ပြီးတော့၊ ကျနော်တို့ဘက်က စိုးရိမ်မှုတွေ မြှင့်မားလာပြီး တော့ ကိုယ့်ကိုယ်ကို ကာကွယ်ရတဲ့ အပိုင်း။

ဒါပေမဲ့ အခုဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်မယ်ဆိုရင်တော့ ကျနော်တို့ သတ်မှတ်ထားတဲ့ ကန့်သတ် ချက်တွေကို ကျော်လွန်ပြီး လုပ်ဆောင်တဲ့ အခြေခံပေါ်မှာ ကိုယ့်ဘက်က ပြန်ပြီး ကာကွယ်တဲ့ အစိတ်အပိုင်း ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီဟာတွေကို ကျနော်တို့ တေ့တေ့ဆိုင်ဆိုင် ဖြေရှင်းမယ်ဆိုရင် ပြေလည်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်က တပ်မတော် ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ခဲ့တာ ရှိတယ်။

ဆိုတော့ အဲ့ဒီအစည်းအဝေးမှာတော့ ကျနော်တို့ လမ်းဖောက်လုပ်ရေး ကိစ္စက NCA နဲ့ ကွဲလွဲမှု ရှိခြင်း၊ မရှိခြင်း အပေါ်မှာ ကျနော်တို့ စိစစ်ပြီးတော့ သူတို့ကို အကြောင်းပြန် မယ်လို့ ပြောထားပါတယ်။ NCA နဲ့ ကွဲလွဲမှု ရှိတယ် ဆိုရင်တော့ အဲ့သလို မဖြစ်အောင် ကျနော်တို့ ညှိနှိုင်းဖို့ လိုအပ်ပါ တယ်။ ဆိုတော့ လောလောဆယ်တော့ အဲ့ဒီ အဆင့်မှာ ဖြစ်နေပါတယ်။

မေး- ဒါဆိုရင် ပြီးခဲ့တဲ့ ၁၉ရက်နေ့က တွေ့ဆုံမှုမှာ ဒီလမ်းဖောက်လုပ်မှုနဲ့ပတ်သက်ပြီး သေချာတဲ့ ဘာသ ဘောတူ ညီချက်တွေ ရခဲ့သလဲ။ ကြားသိရသလောက်တော့ ဘာမှ မရလိုက်ဘူးဆိုတဲ့အပေါ်မှာလည်း အနည်းငယ်ရှင်းပြပေးပါ။

အဓိက အောက်ခြေမှာဖြစ်ပေါ်တဲ့ ထိတွေမှုလေးတွေက ရှင်းရှင်းပြောရင် NCAအပေါ်မှာ မတူညီတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ တဖက်သတ် အရေးယူ ဆောင်ရွက်မှုတွေကြောင့်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ အဲ့ဒါကြောင့် အဓိက ပင်မကတော့ NCA ကို အတူကတွ နားလည်တဲ့ အဓိပ္ပာယ်ထွက်လာအောင် ဆွေးနွေးပွဲလေးတွေ လိုအပ်ပါတယ်။ ဒါကို တစ်စိုက်မတ်မတ် တောင်းဆိုလာတော့ လေးနှစ်ပြည့်ပြီးမှသာလျှင် ကျနော်တို့ ပထမဆုံး ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာမှာ တွေ့ခဲ့တယ်။ အခု ဖေဖော်ဝါရီ ၁၉ မှာ တစ်ခါ ထပ်တွေ့တယ်။ နှစ်ကြိမ် တွေ့တယ်။ အဲ့ဒီ နှစ်ကြိမ်အတွင်းမှာ NCA တစ်ခုလုံးဆိုင်ရာ နှစ်ဖက်နားလည်မှု တူညီအောင် ဆွေးနွေးရမယ့် လုပ်ငန်းစဉ်ကို အတိုင်းအတာ တစ်ခုအထိ ကျနော်တို့ လက်ခံသဘောတူတဲ့ အဆင့်တော့ ရှိခဲ့ပါတယ်။

ပြောချင်တာက တပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ အဓိက အခန်း (၃)ပေါ့လေ။ NCA အခန်း (၃)ထဲမှာရှိတဲ့ အချက်ပေါင်း (၃၀)ကျော်ကို အပိုင်း (၄)ပိုင်း ခွဲပြီးတော့ ကျနော်တို့ ဆွေးနွေးသွားမယ်။ ဆိုပြီးတော့ အဆင့် တစ်၊ နှစ်၊ သုံး၊ လေးဆိုတဲ့ ပုံစံမျိုးနဲ့ သတ်မှတ်ပြီး ဆွေးနွေးသွားမယ်ဆိုတဲ့ အခြေခံကို သဘောတူတယ်။

ဒီလို ညှိနှိုင်းဆွေးနွေးသွားမှသာလျှင် နှစ်ဖက်လက်ခံနိုင်တဲ့ အခြေခံတွေရရှိပြီးတော့ အဲ့ဒီအတိုင်းလိုက်ပါ ဆောင် ရွက်ဖို့ နှစ်ဖက်က ပြုလုပ်ခြင်းအားဖြင့် အောက်ခြေမှာရှိတဲ့ ထိတွေ့မှုတွေကို ရှောင်ရှားနိုင်မှာဖြစ်တယ်။ အဲ့ဒါက ပထမအချက် အနေနဲ့ပြောလို့ ရတာပေါ့။ ဒုတိယအချက်အနေနဲ့ မတူညီတဲ့ တင်ပြ ချက်တွေကို ပြန်ယူဆောင် လာတာဖြစ်ပါတယ်။ တပ်မတော်ဘက်က ဒီလမ်းကို သူတို့ ဆက်ဖောက်မယ်။ ဒီလမ်းက စစ်ရေးကို မရည်ရွယ် ဘူး။ ဒီလမ်းကို ဆက်ဖောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်ပြီးတော့ Propose (တောင်းဆိုမှု) လုပ်ပါတယ်။ ကျနော်တို့ကတော့ လမ်းကို မဖောက်ရဘူး။ ရိက္ခာပို့တဲ့ ကိစ္စကိုတော့ ညှိနှိုင်းမယ်။

ဒါပေမဲ့ ဒီလမ်းဖောက်လုပ်မှုက ဘယ်လို ပုံစံမျိုးနဲ့ သွားသင့်သလဲဆိုတဲ့အပိုင်းမှာ ကျနော်တို့က ဒီလမ်းနဲ့ မပတ် သက်ဘူး၊ ရိက္ခာကိုပဲ ဘယ်လိုရောက်အောင် ပို့မလဲဆိုတဲ့ကိစ္စကို ကျနော်တို့က ညှိနှိုင်းခဲ့တာပေါ့။ ဒါပေမဲ့ ညှိနှိုင်း တဲ့ အခါနှစ်ဖက်စလုံးရဲ့ သဘောထားကတော့ မတူညီကြဘူးပေါ့။ မတူညီတဲ့အတွက်ကြောင့် ကျနော်တို့ဘက် ကထပ်ပြီးတော့ Propose (တောင်းဆိုမှု) လုပ်တာက ဒီလမ်းဖောက်လုပ်မှုနဲ့ပတ်သက်လို့ NCA အရ ဘယ်လို ကွဲလွဲမှုရှိလဲ ချိုးဖောက်မှုရှိလဲဆိုတာကို ကျနော်တို့ သေချာလေ့လာပြီးတော့ သူတို့ကို ပြန်တင်ပြမယ်။ အဲ့ဒီ အပေါ်မှာ ဆက်လက်ဆွေးနွေးမယ် ဆိုတဲ့သဘောဖြစ်ပါတယ်။

မေး- ဒီတွေ့ဆုံမှုမှာ လမ်းဖောက်လုပ်မှုနဲ့ပတ်သက်ပြီး စစ်တပ်က စက်ယန္တရားတွေ ပေးပြီး လမ်းဖောက်လုပ် ပါလို့ပြောတယ်။ ၂၆ရက်နေ့မှာ အကြောင်းပြန်ရမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရတယ်။ ဒီကိစ္စကဘယ်လိုအခြေအနေမျိုးရှိလဲ။

အဲ့ဒါက သူတို့ Propose (တောင်းဆိုမှု) လုပ်တာပါ။ ကျနော်တို့ ဒီလမ်းကိစ္စကိုတော့ လက်မခံဘူး။ ဆိုတော့ ဒီလမ်းကိစ္စနဲ့ ပတ်သက်ပြီး NCA ထဲမှာလည်း ပါတာမဟုတ်ဘူး။ လမ်း မဖောက်ပါနဲ့လို့ ကျနော်တို့ ရှင်းရှင်း လင်းလင်း ပြောခဲ့တယ်။ တစ်ခုပဲရှိတာက ရိက္ခာရောက်အောင် ဘယ်လို ပို့မလဲဆိုတဲ့ အပိုင်းကိုတော့ ကျနော်တို့ ရအောင်ဆွေးနွေးမယ်။ ဒါက NCA အရ ဆွေးနွေးရမဲ့ ကိစ္စ။

ဒါပေမဲ့ ရိက္ခာကို ဘယ်လို ပို့ရမလဲဆိုတဲ့ အပိုင်းကိုတော့ သူတို့က လမ်းဖောက်ပြီးမှ ပို့ရမယ်။ ကားနဲ့ပဲ ပို့ရမယ် ဆိုတဲ့ Condition (အခြေအနေ)ကြီး ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ဒီကိစ္စတော့ ဒါလမ်းဖောက်တယ် ဆိုတာက NCA အရ ဘယ်လို ချိုးဖောက်မှု ရှိမလဲဆိုတဲ့ဟာကိုတော့ သူတို့ကို ပြန်တင်ပြဖို့ ရှိပါတယ်။

မေး- တပ်မတော်ဘက်ကပြောတာက လမ်းက လမ်းဟောင်းဖြစ်ပြီးပြန်ပြုပြင်တာပဲဖြစ်တယ်။ ဒါကို ကေအဲန်ယူရော ဒေသခံရောသုံးတဲ့အတွက် ကေအဲန်ယူအနေနဲ့ အမြင်ကျယ်ဖို့လိုတယ် ဆိုတာမျိုး ပြောတာရှိတယ်။ ဒါဆိုရင် ဒီလမ်းကို ဘာကြောင့် ပေးမဖောက်တာလဲ။ အဓိက စိုးရိမ်မှုက ဘာဖြစ်မလဲ။

အမှန်တကယ်ကတော့ ဒီလမ်းဖောက်တဲ့ ကိစ္စက အခုမှဖြစ်တာမဟုတ်ဘူး။ ကျနော်တို့ ၂၀၁၂ Bilateral Ceasefire (နှစ်ဦးနှစ်ဖက် ပါဝင်တဲ့အပစ်ရပ်) ဇန်နဝါရီမှာ ထိုးတယ်။ နောက်ပြီး ပွင့်လင်းရာသီ ရောက်တဲ့ အချိန်ကျတော့ ဒီ ဧပြီလ မတိုင်ခင် အဲ့မှာရိက္ခာပို့ဖို့ကိစ္စ စပြီးတော့ ဦးအောင်မင်း ခေတ်တုန်းက ညှိနှိုင်း လာတာ ရှိတယ်။ အဲ့တုန်းက ဒီလိုပဲ သူတို့က လမ်းဖောက်ဖို့ တောင်းတာပဲ။ ကျနော်တို့က ပြောတယ်။မဟုတ်ဘူး ခင်ဗျား လမ်းဖောက်တာက ဒီအချိန်မှာ ယုံကြည်မှု တည်ဆောက်တဲ့အချိန်၊ ဘာမှလည်း ဆွေးနွေးမှု မလုပ်ရသေးဘူး။

အဲ့ဒါတော့ ရိက္ခာရောက်အောင် ဘယ်လို ပို့ကြမလဲဆိုတဲ့ ကိစ္စကို ဆွေးနွေးရင်းနဲ့ ဖြစ်သွားတာပဲ။ ဆိုတော့ ၂၀၁၃ ရောက်တဲ့ အခါကျတော့ ၂၀၁၃ နောက်ပိုင်း အဲ့မှာတောက်လျှောက် ဖြစ်သွားတာပေါ့။ အဲ့တုန်းကတော့ သူတို့ လမ်းဖောက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ သူတို့ တစ်နှစ်တခါ ဖောက်ပြီးတော့ ဥပမာအားဖြင့် မိုးတွင်းဆိုရင် လမ်းပျက်သွားတယ်။ ဒါပေမဲ့ နွေပေါက်တဲ့ အခါကျတော့ ပျက်သွားတဲ့ လမ်းတွေကို ကားသွားလို့ ရတဲ့ပုံစံမျိုးနဲ့ ဘူဒိုဇာလေး တစ်စီးနှစ်စီးနဲ့ ပြန်ပြီးတော့ ရှင်းပြီးတော့ ပို့တဲ့ပုံစံ။ ဆိုတော့ ကျနော်တို့မှာ ဒေသဆိုင်ရာ ကန့်သတ် ချက်တွေ ရှိပါတယ်။

အဲ့တော့ ဘယ်လိုလမ်းကတော့ဖြင့် ဘယ်လို စိုးရိမ်မှုရှိတယ်။ အဲ့ဒီအတွက်ကြောင့် ဒီဟာတွေကို ကျနော်တို့ ညှိနှိုင်း ဆွေးနွေးရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီစခန်းတွေ တည်ရှိခြင်းဟာ ရှင်းရှင်းပြောရရင် လူထုတွေ အတွက် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်စေတယ်။ ဒါကြောင့် ဒီကိစ္စတွေကို ကျနော်တို့ ဆွေးနွေးဖို့ ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဘယ်လို လျော့နည်း အောင်လုပ်ပြီးတော့ နှစ်ဖက်ကြားမှာ ယုံကြည်မှုတည်ဆောက် နိုင်ဖို့အတွက် Proposal တစ်ခုကို ၂၀၁၂ စက်တင်ဘာမှာ ပေးခဲ့တာ ရှိပါတယ်။

အဲ့အခြေခံအပေါ်မှာ သူတို့ မူအရ သဘောတူပြီးတော့ ဆက်ဆွေးနွေးပါမယ်ဆိုပြီး ခုထက်ထိ မဆွေးနွေး နိုင် တာလည်း ကိစ္စတစ်ခုပေါ့နော်။ ပြောချင်တာက ညှိနှိုင်းဆွေးနွေးပွဲတွေကို တောက်လျှောက် မညှိနှိုင်းနိုင်တဲ့ အနေအထား တစ်ခုကနေပြီးတော့ တစ်ဖက်မှာ ဒီလမ်းဖောက်လုပ်တဲ့ကိစ္စကိုပဲ ဦးတည်ပြီး လုပ်သွားတဲ့ အခါ ကျတော့ ကျနော်တို့ဘက်က ပိုပြီးတော့ စိုးရိမ်မှုတွေ ရှိလာတာဖြစ်ပါတယ်။ ဘယ်က စပြီးပြောရမလဲဆိုရင် မူလ ကတည်းက ဒီလမ်းဖောက်လုပ်မှုကို အတိုင်းအတာတစ်ခုထိ ကျနော်တို့ ခွင့်ပေးထားတယ်။

ဘယ်နေရာကနေ ဘယ်အထိ သွားရမလဲဆိုတဲ့ဟာတို့ ပေးတယ်။ ဘယ်နေရာကနေ ဘယ်အထိ ဆိုရင်တော့ ဒါဟာ ဒီလမ်းဖောက်လုပ်တဲ့ ကိစ္စကလူထုတွေအနေနဲ့က ရှင်းရှင်းပြောရင် အရမ်းကို စိုးရိမ်သလို ကျနော်တို့ ကလည်း ဒီတပ်ရဲ့ တိုးချဲ့မှုတွေနဲ့ပတ်သက်လို့ ကျနော်တို့မှာလည်း စိုးရိမ်မှုတွေ ရှိပါတယ်။ ဒီအချက်တွေကို အမြဲတမ်းစောင့်ကြည့်နေတဲ့အတွက် ဥပမာတစ်ခုပေးရမယ်ဆိုရင် ကျနော်တို့ ဘာမပြော ဘာမဆိုပဲ ညှိနှိုင်းမှု မရှိပဲနဲ့ ကျောက်ကြီးကနေ မူသယ်အထိ လမ်းအကျယ်ကြီးချဲ့လိုက်တဲ့ကိစ္စမျိုးတွေ အခိုင်အမာလမ်းကြီးတွေ ဖောက်လုပ်တဲ့ ကိစ္စမျိုးတွေ ကျနော်တို့ ကြားမှာ လုံးဝယုံကြည်မှု ထိခိုက်သွားစေပါတယ်။

ပြောချင်တာက ကျနော်တို့ စောမူပလော၊ လယ်မူပလောဒေသဘက်မှာလည်း အဲ့ဒါက လယ်မူပလောနဲ့ ခေးပူ ကြားမှာ ဘာမပြော ဘာမဆိုနဲ့ လမ်းဖောက်တဲ့ ကိစ္စတွေဖြစ်တော့ အဲ့ကစပြီး IDP တွေက တစ်ထောင် ကျော် လောက် ပြေးရတဲ့ အပိုင်းတွေ ရှိတာပေါ့။ အဲ့ဒီဟာက ၂၀၁၈ ကတည်းက ဖြစ်တဲ့ကိစ္စ။ အဲ့လူတွေက စိုးရိမ်မှု ကြောင့် ရွာမပြန်နိုင်သေးဘူး။ သူတို့က ပုန်းတဲတွေမှာပဲ ရှိနေသေးတယ်။ IDP ဘဝအနေနဲ့ပဲ ရှိနေသေး တယ်။

အဲ့အခက်အခဲဖြစ်တော့ သူတို့က အဲ့ဒါကို အဲ့ဒီနေရာကနေ အခွင့်ကောင်းယူပြီးတော့ စက်ယန္တရားအကုန်းလုံး သူတို့ ပြန်ဆင်းလာပြီးတော့ ဘာမှကျနော်တို့ကို ညှိနှိုင်းခြင်းမရှိပဲနဲ့ မူသယ်လမ်းကို ထပ်ဖောက်ပြန်ရော။ ဖောက်လိုက်တဲ့ နေရာမှာလည်း အကျယ်ကြီးပဲ။ တခါတည်းဖောက်လိုက်တဲ့ အခါကျတော့ လူထုတွေအတွက် လည်း စိုးရိမ်မှုရှိသလို ကျနော်တို့လည်း ဒါစစ်ရေးအရ လွှမ်းမိုးမှုတွေများ လုပ်နိုင်သလားဆိုတဲ့ ကစိုးရိမ်မှုတွေရှိ တယ်။

ဒါကြောင့် ကျနော်ပြောချင်တာက ကျနော်တို့ ယုံကြည်မှု တည်ဆောက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး ခိုင်မာ အောင် လုပ်တာကို ဦးစားပေးပြီးသွားမှာလား၊ ဒီလမ်းဖောက်လုပ်မှုတွေက ပိုပြီး အရေးကြီးသလား ဆိုတာက မေးခွန်းရှိလာတယ်။ အဲ့ဒီလမ်း ဖောက်လုပ်မှုရဲ့ နောက်ကွယ်မှာ ဘာတွေ စဉ်းစားချက်ရှိသလဲဆိုတာ ကျနော် တို့မှာ စိုးရိမ်ချက်တွေ ရှိပါတယ်။ သူတို့မှာစဉ်းစားမှုတွေ ရှိကောင်းရှိနိုင်တယ်။ အဲ့တော့ ဒီအခြေအနေတွေ ကြောင့် ကျနော်တို့ လမ်းနဲ့ပတ်သက်တာကို ကျနော်တို့ ဆွေးနွေးတာထက် ရိက္ခာကို ဘယ်လို ရောက်အောင် ပို့မလဲဆိုတဲ့ ကိစ္စကိုပဲ စဉ်းစားသင့်ပါ တယ်ဆိုတဲ့ Propose လုပ်တာဖြစ်ပါတယ်။

မေး- ကေအဲန်ယူ တပ်မဟာ (၅)ရဲ့ ထုတ်ပြန်ချက်တွေမှာတွေ့ရတာက စစ်တပ်ရဲ့ တပ်စခန်းတိုးချဲ့မှု အခိုင်အမာ တည်ဆောက်မှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဆိုတဲ့ အခြေအနေ အပေါ်မှာကော ဘယ်လို မှတ်ချက်ပြုချင်လဲ။

အခုကတော့ လမ်းဖောက်တဲ့ကိစ္စကတော့ ထင်ထင်ရှားရှားဖြစ်လာတဲ့ ကိစ္စပေါ့နော်။ ဒီလမ်းဖောက်တဲ့ ကိစ္စ မတိုင်ခင်ကတည်းကိုက သူတို့ တပ်စခန်းတွေကို အခိုင်အမာဖြစ်အောင် လုပ်တဲ့ဟာတွေ နောက်ပြီးတော့ တပ်စခန်းအသစ်တွေ အထူးသဖြင့် တပ်မဟာ (၅) နဲ့ တပ်မဟာ (၃)တွေမှာ ပေါ်လာတာတွေ အခုဆို တပ် မဟာ (၁)ဘက်မှာလည်း တပ်စခန်းသစ် တစ်ခုနှစ်ခု လုပ်လာတဲ့ ပုံစံမျိုးတွေ ကျနော်တို့ သတင်းကြား နေရတယ်။ ဆောက်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့။

ပြောချင်တာက အပစ်အခတ်ရပ်စဲရေးအပေါ်မှာပဲ တကယ် အာသီသ (စိတ်ဆန္ဒ) မရှိဘူးဆိုတဲ့ သံသယမျိုးကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကျနော်တို့ အပစ်အခတ်ရပ်စဲ ရေးတကယ်ခိုင်မာချင်တယ်ဆိုရင် ကိုယ့်တပ်တွေ သူ့တပ်တွေ ရှိတဲ့ နေရာတွေမှာ အကုန်လုံးရပ်နေပြီးတာ့ တဖက်မှာ ဒါတွေကို ဘယ်လိုပုံစံမျိုးနဲ့ ထိတွေ့မှု မရှိ အောင် ဆွေးနွေးမလဲဆိုတဲ့ အခြေခံနဲ့ သွားသင့်ပါတယ်။ အခုက အဲ့လို မသွားပဲနဲ့ ဆွေးနွေးပွဲတွေကို ရှောင်ပြီး တော့ တဖက်သတ် ကိုယ့်ရဲ့ အင်အားတိုးချဲ့တဲ့ ကိစ္စ အင်အား တိုးချဲ့တယ်လို့ ပြောတဲ့နေရာမှာ စခန်းသစ် ဆောက်တာတို့ လိုတာထက် ပိုပြီး လူအင်အားတွေ ပို့တဲ့ ကိစ္စတွေ၊ အခုလမ်းဖောက်တဲ့ကိစ္စမှာ ကျနော်တို့ အင်အားတိုးချဲ့တဲ့ ကိစ္စလို့ ကျနော်တို့ သတ်မှတ်ပါတယ်။

အဲ့အတွက်ကြောင့် ဒီလို ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ NCA အရ ချိုးဖောက်တယ်လို့ နားလည်ပါတယ်။ ဒါကြောင့် ဒါကိုကျနော်တို့က NCA အပေါ် အခြေခံပြီးတော့ မားမားမတ်မတ် ရပ်တည်ပြီးတော့ ပြန်ပြီး ဆွေးနွေး လိုတာပေါ့။ ဒါကြောင့် ဒီ NCA အခန်း (၃)အပေါ်မှာ ပြန်ပြီးတော့ ဆွေးနွေးလိုက်မယ်ဆိုရင် ကျနော်တို့ နှစ်ဖက်ကြားမှာ အင်အားတိုးချဲ့မှုဆိုတာ ဘာလဲ၊ ကျနော်တို့ ကင်းထောက်ခြင်းဆိုတာ ဘာလဲ၊ နယ်မြေစိုး မိုးခြင်းဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ကို သေချာ ဖော်ထုတ်လိုက်နိုင်တယ်ဆိုရင် နှစ်ဖက်ကြားမှာ တူညီတဲ့ သဘောထားအရ ဆောင်ရန်၊ ရှောင်ရန်တွေ တိတိကျကျပေါ်လာမယ်ဆိုရင် ကျနော်တို့ ဖြေရှင်း နိုင်မှာဖြစ်ပါတယ်။

မေး- ပစ်ခတ်မှုနောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာတဲ့ စစ်ပြေးရှောင်တွေအတွက် ကေအဲန်ယူအနေနဲ့ ဘယ်လို အစီအစဉ်တွေ ရှိလဲ။

ကြိုးစားပြီးတော့ နည်းလမ်း ရှာနေပါတယ်။ IDPတွေရဲ့ လတ်တလောအနေအထားမှာ ထပ်တိုးလာတဲ့ အပိုင်း တပိုင်းပေါ့၊ ၂၀၁၈ တုန်းက ရှိထားတဲ့ တစ်ထောင်ကျော်က မပြန်နိုင်သေးတာနဲ့ တိုးလာတာဆိုရင် နှစ်ထောင် ကျော်ပေါ့။ ဆိုတော့ အဲ့အခြေခံပေါ်မှာ မူတည်ပြီးတော့လောလောဆယ် အဓိက ကျနော်တို့ စဉ်းစား မှုကတော့ ဒီ Tension (တင်းမာမှု)ကို လျော့ကျသွားအောင် အရင်လုပ်ဖို့ လိုပါတယ်။ ဒီ Tensionကို လျော့ကျအောင် ကြိုးစား မှသာလျှင် IDP ဖြစ်ရတဲ့ အဓိကပင်မ အကြောင်းအရင်းက NCAအပေါ်မှာ အခြေခံတဲ့ အတွက်ကြောင့် အဲ့ဒါကို ကျနော်တို့ ကြိုးစားပြီး ဆွေးနွေးဖို့ လုပ်နေပါတယ်။

မေး- တစ်ဖက်မှာက ပစ်ခတ်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်က ဘယ်လို ဆက်ဖြစ်မလဲ၊ လက်ရှိအခြေအနေကော ဘယ်လိုရောက်နေပြီးလဲ။

ကျနော်တို့ ကေအဲန်ယူအနေနဲ့ တကယ် တည်တံ့ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ လိုချင်တဲ့ အတွက် ကြောင့်လည်း ဒီ NCAအကောင်အထည်ဖော်မှုကို တွန်းတွန်းတိုက်တိုက်နဲ့ ပါဝင်ခဲ့တာပေါ့။ အဲ့ တော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာက နိုင်ငံရေး ရလဒ်ထွက်လာဖို့ လိုပါတယ်။ နိုင်ငံရေးအရ ရလဒ် ကောင်းတွေ ထွက်လာခြင်းဟာ အောက်ခြေမှာလည်း တစ်ဖက်ကလည်း တင်းမာမှုတွေကို အတိုင်းအတာတစ်ခု အထိတော့ လျော့ကျအောင် အထောက်အပံ့လည်း ပေးပါလိမ့်မယ်။

အဓိက ကတော့ ဒီကနေ့ ဆွေးနွေး ညှိနှိုင်း အဖြေရှာတဲ့ ခံယူချက်နဲ့ ကျနော်တို့ တွန်းတွန်းတိုက်တိုက်နဲ့ ဆက် သွားမယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ Stakeholder (ပါဝင်ပတ်သက်သူ)တွေ ဆွေးနွေး ညှိနှိုင်းဘက်တွေ ကြားထဲမှာလည်း အာသီသ (စိတ်ဆန္ဒ) ပြင်းပြမှလည်း ဖြစ်မှာ ဖြစ်ပါတယ်။ ကျနော်တို့က အာသီသ ပြင်းပြစွာနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ တပ်တပ်ချင်း တွေ့ဆုံညှိနှိုင်းမှုကို သော်လည်းကောင်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်တည်ဆောက်မှု အခြေခံရရှိမှုကို သော်လည်းကောင်း တစိုက်မတ်မတ် ကြိုးစား နေပါတယ်။

မေး- ဒီ ဖာပွန် ကိစ္စရပ်အပေါ် ခြုံငုံပြီး ဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသေးသလဲ။

ကျနော်ချုပ်ပြီး ပြောရမယ် ဆိုရင်တော့ ဒီကိစ္စရဲ့အားလုံးရဲ့ ရေသောက်မြစ်က NCA အပေါ်မှာ လိုလိုလားလားနဲ့ အကောင်အထည်ဖော်လိုခြင်း ရှိခြင်း၊ မရှိခြင်းမေးခွန်း အပေါ်မှာ အားလုံးဖြေရမှာ ဖြစ်ပါတယ်။ အဲ့အတွက် ကြောင့် ဒီ NCAအပေါ်မှာ တစ်စိုက်မတ်မတ်နဲ့ အကောင်အထည်ဖော်လိုတဲ့ ဆန္ဒက ပါးစပ်ဖျားကနေ လုပ်လို့မရ ပါဘူး။ လက်တွေ့ အောက်ခြေအဆင့်မှာ လုပ်ရမှာဖြစ်သလို ဒီနိုင်ငံရေးဆွေးနွေးပွဲမှာလည်း ပြသဖို့လိုပါတယ်။ ဒီ ယုံကြည်မှု တည်ဆောက်ရေးဆိုတာက ဒီပါးစပ်ဖျားကနေ ပြောလို့မရဘူး။ လက်တွေ့ သဘောတူ ထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက်ထိ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒါက ပထမအချက်အနေနဲ့ ပြောချင်ပါတယ်။

ဒုတိယ အချက်အနေနဲ့ကတော့ ကျနော်တို့ ပြည်သူလူထုကို ပြောချင်တာက ငြိမ်းချမ်းရေးကို ရောက်သေးတာ မဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး အနေအထားမှာပဲ ရှိနေပါတယ်။ ဆိုတော့ အပစ်အခတ်ရပ်စဲရေး ကာလ တစ်ခု မှာတော့ နှစ်ဖက် နှစ်ရှည်လများ ရန်သူပမာနေခဲ့တဲ့ အတိုင်းအတာတစ်ခုအထိရှိလာတဲ့အခြေခံကနေ ချက်ချင်းကြီး လွယ်လွယ်ကူကူရသွားဖို့ကတော့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူလူထု အနေနဲ့ အပစ် အခတ်ရပ် စဲရေး ကာလတစ်ခုမှာတော့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလတစ်ခုဖြစ်ပေမဲ့ နှစ်ဖက်နားလည်မှု လွဲတဲ့ အခြေခံပေါ်မှာမူတည်ပြီး ထိတွေ့မှု ရှိတဲ့ အပိုင်းတစ်ပိုင်းကတော့ ရှိပါလိမ့်မယ်။

အပစ်အခတ်ရပ်စဲခြင်းကနေ လုံးဝ ရပ်ဆိုင်းပြီးတော့ ရပ်တန့်သွားတာမဟုတ်ဘူးဆိုတဲ့ အခြေခံ တစ်ခုက ရှိပါ သေးတယ်။ အဲ့အတွက် ကြောင့် ဒီအခြေအနေမှန်ကိုလည်း သုံးသပ်ပြီးတော့ ကျနော်တို့ ပြည်သူလူထု တွေရဲ့ အပိုင်း သက်ဆိုင်ရာ အကုန်းလုံး Stakeholder က အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုနဲ့ နိုင်ငံရေး အဖြေ ထွက်ဖို့ ဆိုတဲ့ အပိုင်းကို ဝိုင်းပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ ပါဝင်ကြဖို့ လိုအပ်ပါတယ်။

စအိုင်စူး

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...