ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဇန်နဝါရီ ၁၈ရက်မှ ၂၀ရက်နေ့အထိ ကျင်းပသည့် ကရင်တိုင်းရင်းသားများ၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုုင်ငံရေးဆွေးနွေးပွဲအပေါ် သဘောထားအမြင်များ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဇန်နဝါရီ ၁၈ရက်မှ ၂၀ရက်နေ့အထိ ကျင်းပသည့် ကရင်တိုင်းရင်းသားများ၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုုင်ငံရေးဆွေးနွေးပွဲအပေါ် သဘောထားအမြင်များ
by -
ကေအိုင်စီ
အခုဆွေးနွေးသွားတာနဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင် အရင်က ဖဆပလ ပဏာမညီလာခံမှာ ခေါင်းဆောင် အားလုံးက လာမယ့် ပြည်ထောင်စုကို ဖက်ဒရယ်ပြည်ထောင်စုလို့ သဘောသက်ဝင်တဲ့ ပြည်ထောင်စုဖြစ်တယ်။ ပြည်ထောင်စုစနစ်နဲ့ သွားရမယ်။ နောက်ပိုင်း အခြေခံဥပဒေကို ရေးဆွဲတဲ့ အခါမှကျတော့ ဖဆပလ ပဏာမ ညီလာခံမှာ ကတိကဝတ်ပြုတဲ့ ခေါင်းဆောင်တွေ ကျဆုံးကုန်ပြီ။ အဲလို ကျဆုံးကုန်ပြီးမှ ပြန်လည်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေဟာ ပြည်ထောင်စုက လွဲဖယ်ပြီး တစ်ပြည်ထောင်ဥပဒေကို ရောက်သွားတယ်။ သို့သော် အခန်း(၁၁)မှာ နောင်ကာလများမှာ ပြင်ခွင့်ရှိပါတယ်ဆိုတဲ့ ချွင်းချက် ရှိတယ်။

မနထနဝငစန ကရငအမသပတ ဒဥကဋ္ဌ
မန်းထိန်ဝင်းစိန် (ကရင်အမျိုးသားပါတီ-ဒုဥက္ကဋ္ဌ)

ဖက်ဒရယ်မဖြစ်လို့ တစ်ပြည်ထောင်စနစ်ဘက်ကို ရောက်သွားတာဖြစ်တဲ့အတွက် ၁၉၄၉၊ ဇန်နဝါရီလ (၃၁) ကစပြီး ကရင့်တော် လှန်ရေးက မလွဲမသွေ နိုင်ငံရေး ခုခံစစ်ပွဲကို ဆင်နွှဲလိုက်တယ်။ ကာလ (၁၄)နှစ်ကြာတဲ့ ကာလ ၁၉၆၂ ခုနှစ်မှာ တိုင်းရင်းသား အားလုံးပါ၀င်တဲ့ ရန်ကုန်ပြည်လမ်းကနေ ဖက်ဒရယ်ပြည်ထောင်စု ညီလာခံကို ကျင်းပခွင့်ရတယ်။ တိုင်းရင်းသားအားလုံး မိမိရဲ့ ဆန္ဒ ပြည်ထောင်စုက လွဲဖယ်သွားပြီး တစ်ပြည်ထောင်ဖြစ်နေတယ်။ သို့သော် မလိုလားတဲ့ ပြည်တွင်းသတင်းစာ တချို့ဖြစ်တဲ့ အထောက်တော်၊ နေးရှင်း၊ (ဗမာ့ခေတ်)သတင်းစာတွေက တိုင်းရင်းသားတွေ ပြည်ထောင်စုက ခွဲထွက်တော့မယ်ဆိုပြီး ကောလ ဟလ သတင်းရေးတယ်။ အဲဒီအချိန်မှာ တိုင်းရင်းသား ခေါင်းဆောင်များဖြစ်တဲ့ စခွန်ချိုနဲ့ စဝဏ္ဏ တို့ဟာ ဝန်ကြီးချုပ် ဦးနုဆီ သွားတယ်။ ကျနော်တို့ တိုင်းရင်းသားခွဲထွက်မယ့် စကားကို တစ်ကြိမ်မှ မပြောခဲ့ဘူး။ ၁၉၄၉ခုနှစ်၊ ရန်ကုန်အစိုးရလောက်ပဲ ကျန်တဲ့အချိန်မှာ ကျနော်တို့ ခွဲမထွက်ခဲ့ပါဘူး။

ဗမာတပ်မတော်အင်အား တစ်ရင်းခွဲပဲ ရှိတဲ့ကာလမှာ ကချင်၊ ချင်း၊ ရှမ်း၊ ကယား တပ်ရင်း(၈)ခု တိုင်းပြည်အတွက် ကယ်ခဲ့ပါ တယ်။ သို့သော် အပြင်မှာ မလိုးလားအပ်တဲ့သူတွေက ပြည်ထောင်စုက ခွဲထွက်မယ်ဆိုပြီး ကျနော်တို့ကို ပြောခဲ့ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး အာဏာရှင်တစ်စုက တပ်မတော်ကို အသုံးချပြီး အာဏာသိမ်းခဲ့တယ်။ အဲဒီအချိန်ကစပြီး ဖက်ဒရယ်ပြည် ထောင်စုကို နှစ်ပေါင်း (၆၀)ကျော် ကြားခွင့် မရခဲ့ဘူး။ ကနေ့ကာလမှာ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်ပြီး (၂၁) ရာစုပင် လုံမှာ ပြောနေတာတွေ တီဗွီထဲမြင်ရပြီး။ ထို့နည်းတူ ဒီနေ့အစည်းအဝေးလို့ အမျိုးသားလိုက်အဆင့် ကရင်အမျိုးသားတွေ တွေ့ဆုံပွဲမှာ ရင်ထဲက ခံစားချက်တွေ တင်ပြတာ ဖြစ်တယ် ။ အင်မတန်မှ နိုင်ငံအတွက် တိုင်းရင်းသားအားလုံးမျှော်မှန်းခဲ့တဲ့ မျှော်မှန်းချက်ကို ဖွင့်ဟပြောဆိုလို့ ရခဲ့ပြီးလို့ ခံစားရပါတယ်။

saw khin myint maung
စောခင်မောင်မြင့် (ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ )

လူမျိုးစုပိုင်းကတော့ အဓိကကတော့ လုပ်တာက ကရင်လူမျိုးပေါ့လေ။ ကရင်လူမျိုးလုပ်တာက ဒါက ၂၁ ရာစု ပင် လုံညီ လာခံအတွက် ပထမဆုံးလုပ်တဲ့ပွဲလည်း ဖြစ်ပါတယ်။ ပြောရရင်တော့ လူမျိုးစုအလိုက် ကရင်လူမျိုးမှာ ပထမဦးဆုံးစံပြ အ နေနဲ့ လုပ်တာလည်း အများကြီး ၀မ်းမြောက်မိတယ်။ နောက်တစ်ခုက ဒေသအစုံက ကရင်တစ်မျိုး သားလုံး ပါ၀င်နိုင် အောင်လုပ်တာလည်း တော်တော်လေးကို အချိန်တွေလည်းကုန်၊ ငွေတွေလည်းကုန်၊ အပင်ပန်းခံပြီးတော့မှ လုပ်ခဲ့ရပါ တယ်။ ဒီလိုလုပ်တဲ့အချိန်မှာ သက်ဆိုင်ရာလူကြီးတွေရဲ့ အပိုင်းမှာလည်း အများကြီး ကူညီပံ့ပိုးခဲ့ပါတယ်။ ကြီးကြပ်မှုကော်မတီအဖွဲ့တွေကလည်း ဦးဆောင်ပြီးတော့မှ ဒီအခမ်းအနားကြီး တွေ့ဆုံပွဲပြီးမြောက်အောင် အတွက်က အဖက်ဖက်က ၀ိုင်းပြီး ကူညီပေးတဲ့အတွက် အစစအရာရာအဆင်ပြေတယ်လို့ပဲ ပြောရမှာပါ။

ပြောရရင်တော့ လက်ရှိ အနေအထားထက် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ထောင်ဖို့အတွက် လာမယ့် လူငယ်တွေအတွက်ကော၊ မျိုးဆက်သစ်လူငယ်တွေအတွက်က အသက်တမျှ အရေးကြီးတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားအားလုံးက တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ဖို့အတွက်က လက်ရှိအနေအထားအရ လိုအပ်ချက်တစ်ခုလို့ ပြောရမှာပါ။ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အတွက်ကတော့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်နိုင်မှသာ ပြည်တွင်းစစ်ကြီးဆိုတာ အေးချမ်းသွားမယ်။ နောက်ဆုံးပြောရရင် တိုင်းရင်းသားအားလုံးက လိုလားတောင်းတနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အောင်အောင်မြင်မြင်ထူထောင် နိုင်ခဲ့မယ်ဆိုရင်တော့ အလိုအလျောက်အေးချမ်းသွားမယ်လို့ အန်ကယ်အနေနဲ့ဒီလိုပဲ သုံးသပ်မိပါတယ်။

ဒီအစည်းအဝေးကြီးက ပြောရရင်တော့ လူမျိုးစုတစ်ခုအတွက် တစ်မျိုးသားလုံးက လိုလားတဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် တွေ့ဆုံပြီးတော့မှ ဒီနို်င်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်တာနဲ့အညီ ကရင်တစ်မျိုးသား လုံးအ တွက်ပေါ့လေ။ ကရင်တစ်မျိုးသားလုံးကနေပြီးတော့မှ တိုင်းရင်းသားအကျိုးစီးပွားကို အနာဂတ်ခရီးကို အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ဖို့အတွက် အဲလောက်အထိ အတိုင်းအတာကြီးမားတဲ့အစည်းအဝေးတစ်ခုလို့ပဲ ယူဆမိပါတယ်။

ဒီကရင်လူမျိုးစုအနေနဲ့ ဒီလိုမျိုးလုပ်ဆောင်တဲ့အပေါ်မှာ တစ်ခြားတိုင်းရင်းသားတွေလည်းပဲ အလားတူ သူတို့ရဲ့ လိုလားချက်တွေကို တင်ပြတောင်းဆိုပြီးတော့မှ တူညီတဲ့အချက်လေးတွေကို ပေါင်းစုပြီး မတူတာလေးတွေကို ဆက်လက်ဆွေးနွေးသွားမယ်ဆိုလို့ရှိရင်တော့ ဒါက အားလုံးက လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အချိန်ကာလတစ်ခုမှာ အောင်အောင်မြင်မြင် တည်ဆောက်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

saw la tun
စောလှထွန်း (ကရင်ပြည်နယ်အစိုးရအဖွဲ့ စာရင်းချုပ်)

ကောင်းပါတယ်။ ကောင်းတယ်ဆိုတာ ဘယ်လိုလဲဆိုတော့ ဒီ ၂၁ ရာစု ပင်လုံညီလာခံအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီလူမျိုးအလိုက်ပေါ့နော်။ ကရင်မှာကတော့ အခုအနေအထားကြည့်ရတာကတော့ တော်တော်များများကို ရှေ့ပြေးအနေအထားလေး ဖြစ်နေတယ်ဆိုတာ တွေ့ရတယ်။ တွေ့ရပြီးတော့ ဒီကနေ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ၊ သဘာဝ သယံဇာတအလိုက် ဆက်ပြီးတော့ အချောသတ်တဲ့သဘော ဖြစ်ပါတယ်။ ဒီ ၂၁ ရာစု ညီလာခံကို ရည်ရွယ်ပြီးတော့ ဆွေးနွေးတာ ဖြစ်တဲ့အတွက်မို့လို့ အင်မတန်မှလည်း ကောင်းတဲ့ ညီလာခံဖြစ်တယ်။

နောက်အခု တော်တော်များများ ကဏ္ဍစုံပေါ့လေ။ အထူးသဖြင့် ကရင်ရေးရာနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေကြတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တွေ ၊ NGO ပုဂ္ဂိုလ်တွေ၊ လူမှုရေး ပုဂ္ဂိုလ်တွေ ၊ ဓလေ့၊ ထုံးထမ်း၊ စာပေ၊ ယဉ်ကျေးမှုလုပ်ငန်းတွေမှာထဲထဲ ၀င်ဝင် လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တော်တော်များများကို တွေ့ရတယ်။ တွေ့ရတဲ့အတွက်ကြောင့် တော်တော်လေး အားရကျေနပ်မိတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟာ ၂၁ ရာစု ပင်လုံကို ဦးတည်သလို ၂၁ ရာစု ပင်လုံသည်လည်း လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုချင်တဲ့အတွက် ဒီမိုကရေစီနိုင်ငံနဲ့ လျော်ညီတဲ့ ပြုပြင်ပြောင်းလဲမှုလေးတွေကို အများကြီး ကျနော်တို့ မျှော်လင့်ပါတယ်။ ဖြစ်လာလိမ့်မယ်လို့လည်း ကျနော်တို့ ယုံကြည်ပါတယ်။ စိန်ခေါ်မှုလေးတွေ ၊ အခက်အခဲလေးတွေ အနည်းအကျဉ်းရှိပေမယ့် ဒါလေးတွေကို အမှန်တရားနဲ့ အကျိုးတရားပေါ့။ အကျိုးရှိမယ့် ကရင်လူမျိုးတွေရဲ့အနာဂတ် ဒါမှမဟုတ်လည်း မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ကို အများကြီးအထောက်အကူပေးတဲ့ အစည်းအဝေးကြီးလို့ ဒီလိုပဲ မှတ်ချက်ပေးပါတယ်။

aung lwin
ဗိုလ်မှူးကြီးအောင်လွင် (ကရင်ပြည်နယ် အစိုးရအဖွဲ့က လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး )

ကျနော်အမြင်နဲ့ သုံးသပ်ချက်လေး ပြောရမယ်ဆိုရင်တော့ ဒါက ဒီနေပြည်တော်မှာလုပ်မယ့် ပင်လုံညီလာခံ အတွက်ကို အခြေခံတာပေါ့နော်။ နဂိုကတည်းကလည်း နေရာချထားပေးတာ ရှိပါတယ်။ ကျနော်တို့ ကရင်ပြည်နယ်မှာတော့ လူမျိုးကိုအခြေခံသော၊ ပြီးတော့ ဒီတနင်္သာရီဒေသမှာကတော့ ဒေသကိုအခြေခံသော၊ ဒီလိုချပေးတဲ့နေရာမှာ ပင်လုံညီလာခံကို မူတစ်ခုအနေနဲ့ အကောင်းဆုံးဖြစ်အောင် ပြုလုပ်တဲ့အခြေအနေဖြစ်ပါတယ်။ ဒါတွေကလည်း အခု ကျနော်တို့ ပြောပြောနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ့။

ဒါတွေအတွက်ကို ကြိုးပမ်းဆောင်ရွက်တဲ့အခြေအနေထဲကတစ်ခုလို့ ကျနော်အဲလိုမြင်ပါတယ်။ အင်မတန်ကောင်းပါတယ်။ ဒါကတော့ ကျနော့်အမြင်ပေါ့နော်။ ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီလို့သာ ပြောကြတယ်။ အချို့ကလည်း ဖက်ဒရယ်ဆို တာက ခွဲထွက်ရေးဆိုပြီတော့ မြင်ကြတာ ရှိမှာပေါ့နော်။ အဓိကကတော့ ကျနော်တို့ တပ်မတော်သားတွေ ပြောနေတာရှိ တယ်။ တပ်မတော်ခေါင်းဆောင်တွေ ပြောနေတာ ရှိတယ်။ ဒို့တာဝန်အရေး ၃ ပါးပေါ့နော်။

ကျနော်တို့က ပြည်ထောင်စုဆို တော့ အေးအတူပူအမျှနဲ့ ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြမယ်။ ပြည်ထောင်စုသားချင်းတွေပေါ့။ ဒီတော့ ကျနော်တို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ ရှိတယ်။ NCA ထိုးထားတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိတယ်။ မထိုးရသေးတဲ့ သူတွေလည်း ရှိတာပေါ့နော်။ ဒီတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နိုင်ငံက တည်ငြိမ်မှ ဒီမိုကရေစီကို လျှောက်လို့ရမှာကိုး။

ပထမ အစိုးရလက်ထက်တုန်းကလည်း ဒီလိုပါပဲ။ ကျနော်တို့ တိုင်းပြည်အေးချမ်း သာယာမှပဲ ဒီမိုကရေစီကို လျှောက် လှမ်းလို့ရမယ်။ အေးချမ်းသာယာမှပဲ ကျနော်တို့ လူထုကိုစောင့်ရှောက်ပေးရမယ့် ကျနော်တို့ လူထုတွေကို လူထုတွေအကြောက်တရားက ကင်းဝေးပေါ့နော်။ ကျနော်တို့ တိုင်းသူပြည်သားတွေအားလုံး၊ ပြည်ထောင်စုသားအား လုံးက ဘယ်နေရာသွားသွား၊ ဘယ်နေရာနေနေ၊ ကိုယ်လုပ်ချင်တဲ့စီးပွားရေးကို သမာအာဇီဝနဲ့ လုပ်လုပ် ဒါတွေအားလုံးလုံခြံုရမယ်။ လူတစ်ဦးချင်း လုံခြံုရေးပေါ့။ ဒီအတွက်က ငြိမ်းချမ်းဖို့လိုတာပဲ။ ငြိမ်းချမ်းဖို့လိုတော့ ကျနော်တို့က ဒါတွေကို အားလုံးပေါ့လေ။ အားလုံးက ငြိမ်းချမ်းရေးဆိုတဲ့ ဥစ္စာက ပြောတော့သာ ငြိမ်းချမ်ရေး စကားလုံးအသုံးအနှုံးပေါ့။ ဒါတွေကို ကျနော်တို့က ကြိုးစားတည်ဆောက်ကြမယ်။ ကျန်တဲ့အဖွဲ့အစည်းတွေကလည်း ဒီသဘောထားနဲ့ ရိုးရိုးသားသား ၀ိုင်းပြီးဆောင်ရွက်ကြမယ်ဆိုရင်တော့ အောင်မြင်မယ်လို့ ယူဆပါတယ်။

poysay1
နော်ပွယ်စေး (ပဲခူးတိုင်း ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး)

မျိုးနွယ်စုအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ကျမတို့ ကရင်တိုင်းရင်းသားအနေနဲ့ ဖားအံမှာ ပထမဆုံး ကျင်းပခွင့် ရရှိတဲ့ အတွက် အားသာချက်ကို ပြောမယ်ဆိုရင် ကျမတို့ ကရင်လူမျိုးသည် ပထမဆုံးအကြိမ်လုပ်ရတဲ့အတွက် အားသာချက်လို့ ပြောလို့ရပါတယ်။ အားနည်းချက်ကတော့ မရှိသလောက်ကို ရှိပါတယ်။

ဒေသအလိုက် လုပ်ဆောင်သွားဖို့ ဆိုလို့ရှိရင် ကျမ ပဲခူးတိုင်း အနေနဲ့ တင်ပြတောင်းဆိုထားပါတယ်။ ပဲခူးတိုင်းမှာ တိုင်းကိုယ်စားပြု ပွဲတစ်ပွဲလေး ကျင်းပစေချင်ပါတယ်။ ကျမတို့ ပဲခူးတိုင်းထဲမှာရှိတဲ့ ကရင်တိုင်းရင်းသားအားလုံးကော၊ တခြားတိုင်းရင်းသားတွေလည်း လေ့လာခွင့်ရှိမယ်။ အဓိက ကတော့ ကျမတို့ ကရင်တိုင်းရင်းသားအားလုံးဟာ ကျမနဲ့အတူ ၂၅ ယောက်လာခဲ့တယ်။ ဒါပေမဲ့ ပဲခူးတိုင်းထဲမှာ ကရင်တိုင်းရင်းသားတွေအများကြီးရှိတဲ့အတွက် တိုင်းကိုယ်စားပြု လုပ်နိုင်မယ်ဆိုရင် ကျမတို့ ကရင်တိုင်းရင်းသားအားလုံးသည် နိုင်ငံရေးဆွေးနွေးပွဲ အနှစ်သာရတွေ ၊ ရှေ့ဆက်ဘာလုပ် မလဲ။ ရှေ့ဆက်ပြီးတော့ ဘာတွေ စီစဉ်ဆောင်ရွက်ကြမလဲ။ ၂၁ ရာစု ပင်လုံညီလာခံမှာ ဘာတွေ ဆွေးနွေးကြမလဲဆိုတာတွေကို တိတိကျကျ သိသွားမယ်။ နားလည်သွားမယ်။ အဲဒါကြောင့် ကျမတို့ ဒေသအလိုက် လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ ကျမတို့ အကျိုးအမြတ်ရမယ်လို့ ထင်ပါတယ်။
ကရင့်အနာဂတ်သည် ကျမတို့ မြန်မာပြည်ထဲမှာ နေထိုင်တဲ့အတွက် တိုင်းရင်းသားအားလုံးနဲ့အတူတူပါပဲ။ အဲဒါကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှသည် ကျမတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စု မြန်မာနိုင်ငံတော်ကြီးဖြစ်အောင် အတူတကွ အေးအတူ ပူအမျှ အတူတကွ လက်တွဲပြီး ကြိုးစားရင် တစ်နေ့ကျမ တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မလွဲမသွေကျမတို့ ရောက်ရှိမယ်လို့ ပြောကြားလို ပါတယ်။

shapaor
စောရှားဖောင်အွာ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ပထမဆုံးပြောချင်တာက လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ကရင်ပြည်နယ်မှာ ကရင်အမျိုးသားတွေ ကနေပြီးတော့ ပထမဦးဆုံးဆွေးနွေးခွင့်ရတဲ့အတွက် ကျနော်တို့ အတိုင်းထက်အလွန် ၀မ်းသာမိပါတယ်။ ဒါက ဆွေးနွေးပွဲရဲ့ ရလဒ်ပေါ်မှာလည်း မူတည်သေးတယ်။ ဆွေးနွေးပွဲ ဒုတိယရက်မှာ ဆွေးနွေးပွဲရလဒ်တွေကို ပြီးပြည့်စုံတဲ့ ဆွေးနွေးပွဲမဟုတ်သည့်တိုင်အောင် အတိုင်းအတာတစ်ခုအထိတော့ အားရကျေနပ်မှု ရှိပါတယ်။

စပြီးစဉ်းစားမိတာက ၂၁ ပင်လုံမှာ တင်သွင်းနိုင်ဖို့အတွက် ဒီအခြေခံမူတွေပေါ့။ လူမျိုးစုအလိုက် အမျိုးသားဆွေးနွေးပွဲ ကနေ အဲဒါထက် မူဝါဒ မူကြမ်းလေးတွေကို ဒီဆွေးနွေးပွဲကနေ ပြန်တင်မယ်ပေါ့နော်။ ဒါကလည်း NCA ရဲ့ ဖြစ်စဉ်အရ ကြိုတင်ရမယ့် အချက်တွေထဲမှာ ဒီဆွေးနွေးတဲ့အချက်တွေဟာ အရမ်းလည်းအရေးကြီးတယ်။ အရမ်းအရေးကြီးသလို တစ်မျိုးသားလုံးရဲ့အနာဂတ်လို့လည်း ပြောလို့ရတယ်။ မူဝါဒဆိုတာက ဒီမူဝါဒအတိုင်း ပြည်ထောင်စုကို တင်နိုင်ဖို့အတွက် အရေးကြီးနေတာပဲ။ ဒါကြောင့် မူဝါဒအခြေခံကနေ စပြီးတော့ တိကျဖို့အတွက် အခြေခံမူဝါဒ တင်ပြမှုအားလုံးကိုလည်း ကျနော်တို့ အားရကျေနပ်မှု ရှိပါတယ်။

ဒီလူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ကနေ စပြီးတော့ ဦးတည်လာခဲ့တဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲကနေ ရရှိတဲ့ ရလဒ်နဲ့အတူ လာမယ့် ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ တင်သွင်းတဲ့အချိန်မှာ သက်ဆိုင်ရာလူမျိုးစုတွေ အလိုက် လူမျိုးစုအလိုက်တင်သွင်းလာတဲ့အခြေခံမူအပေါ်မှာ နိုင်ငံကြီးအတွက် ဖြစ်လာမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကြီးအတွက် ကောင်းမွန်တဲ့ မူဝါဒကြီးတစ်ခုရဲ့ အခြေခံဖြစ်တဲ့အတွက် ဒီအခြေခံကနေ အကောင်းဆုံးဖြစ် လာတဲ့အထိ မျှော်လင့်တာပေါ့။ ဒီအခြေခံကောင်းမှပဲ နောင်ဖြစ်လာမယ့် ပြည်ထောင်စု အဆင့် အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှာ အောင်မြင်မှာပါ။ ဒါကြောင့်အခြေခံအဆင့်ကနေ စနစ်တကျဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။

soe nain
ခွန်စိုးနိုင် (ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်)

လူမျိုးစုအလိုက် တွေ့ဆုံဆွေးနွေးပွဲမှာ ကရင်လူမျိုးတို့ရဲ့ ဘုံသဘောတူညီချက်ကို ရရှိပြီးတော့ အဲဒီ သဘောတူညီချက်ကို ၂၁ ရာစုပင်လုံညီလာခံကို သယ်သွားနို်င်ဖို့အတွက် ဖြစ်ဖို့ အဲလိုပဲ မြင်ခဲ့တယ်။
စာတမ်းမူကြမ်းကနေ တွေ့ရတာက မှန်းထားတဲ့ဖက်ဒရယ်စစ်စစ် နိုင်ငံရေးကို ထူထောင်နိုင်မယ်ဆိုရင် ကျနော်တို့ တိုင်း ရင်းသား လူနည်းစုအနေနဲ့အခွင့်အရေးတွေ ရလာနိုင်တယ်လို့ ထင်တယ်။ ဒါကြောင့် ဖက်ဒရယ်စစ်စစ် ပြည်ထောင်စုကြီးကို သွားနိုင်ဖို့ ကောင်းမွန်တဲ့ စာတမ်းလေးတွေ အောင်မြင်ဖို့ ကျနော်တို့ မျှော်မှန်းထားတယ်။ အားရစရာလည်း ကောင်းပါတယ်။

chin2
ဆရာမ ချင်းချင်း (ချင်းငြိမ်းချမ်းရေး အကျိုးဆောင်ကိုယ်စား )

ဒီလူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှာ NCA ရဲ့ စာချုပ်ထဲမှာပါပြီးပြီ။ ဒါပေမဲ့ ဒီအကောင်ထည်ဖော်မှှု မရှိတဲ့အခါမှာ ကျမတို့ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် တော်တော်လေးစိတ်ပူမိတာပေါ့။ အဲဒီတော့ဘာပဲပြောပြော ကရင်ပြည်နယ်မှာ စပြီီး တော့မှ ဒီကရင်လူမျိုးအလိုက်ပေါ့နော်။ အမျိုးသားအဆင့် ဆွေးနွေးပွဲကို စမယ်ဆိုတော့ ဝမ်းသာတယ်။ မျှော်လည်းမျှော် လင့်တယ်ဆိုတော့ ဒီအပေါ်မှာ စာတမ်းတွေလည်း နားထောင်လိုက်တဲ့အပေါ်မှာ အားရကျေနပ်ပါတယ်။

ကရင်ပြည်နယ်ကနေ အမျိုးသားအဆင့်ကို စတင်လိုက်တယ်ဆိုတာက ဒါသမိုင်းဝင်တဲ့နေ့လည်းဖြစ်တယ်။ အဲဒီအတွက် ကြောင့် ကျမအများကြီးပဲ ဂုဏ်ယူပါတယ်။ NCAရဲ့ Road Map ထဲမှာ လည်းပါပြီးပြီး။ လက်မှတ်လည်း ထိုးတဲ့လူက ထိုးကြပြီးပြီး ဆိုတော့ ကျမတို့ ချင်းအနေနဲ့ ပြောမယ်ဆိုရင်လည်း အားလုံးအဆင်သင့်ဖြစ်ပြီ။ ဒါပေမဲ့ မလုပ်နိုင်တဲ့ အနေ အထားဖြစ်သွားတာကတော့ တစ်နည်းအားဖြင့်မကောင်းဘူးပေါ့။ ဒါပေမဲ့ ဒီကရင်ကနေစပြီးပြီဆိုတော့ ဒါနဲ့ အဆင်သင့်ဖြစ်တဲ့နေရာမှာလည်း လူမျိုးအလိုက် အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကိုတော့ စပြီးလုပ်သင့်ပြီးလို့ ကျမ ပြောချင်ပါတယ်။

နောက်ပြီး ဟန်ချက်ညီညီသွားတာတော့ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီမှာလက်မှတ်ထိုးတဲ့နေရာရှိသလို မထိုးတဲ့အဖွဲတွေလည်း ရှိနေတဲ့အခါမှာ တစ်ချို့ပြည်နယ်အတွက်ကတော့ နည်းနည်းအဆင်မပြေမှှုတွေရှိတာပေါ့နော်။ အဲဒီတော့ ဒီအပေါ်မှာ အချင်းချင်းကြားမှာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှှု ရှိနိုင်ရင်တော့ ကျမတို့ ဟန်ချက်ညီညီသွား နိုင်ဖို့ကို လည်း စည်းလုံးညီညွတ်စွာနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှှုနဲ့ ယုံကြည်မှှု နဲ့သွားရဖို့အဓိကဖြစ်လို့ ကျမယုံကြည်ပါ တယ်။

CNF (ချင်းအမျိုးသားတပ်ဦး) ကတော့ ၂၀၁၂ ဇန်နဝါရီ နောက်ပြီး မေလမှာ ပြည်နယ်အဆင့်လက်မှတ်ထိုးတယ်။ ၂၀၁၂ ဒီဇင်ဘာမှာ ပြည်ထောင်စုအဆင့်လက်မှတ်ထိုးတယ်ဆိုတော့ ဒီ NCAမှာလည်း လက်မှတ်ရေးထိုးခဲ့တယ်။ နှစ်ပတ်လည် လည်း ကျင်းပခဲ့ပြီးပြီ။ ဒါပေမဲ့ ဒီCNFရဲ့ ceasefire agreement ထဲမှာပါတဲ့ သဘောတူညီ ချက်တွေက အကောင်ထည် ဖော်နိုင်ဖို့က အားနည်းတယ်ဆိုတော့ ဒီသဘောတူညီချက်ကိုလည်းအကောင်ထည်ဖော် မြန်နိုင်ဖို့ကိုတော့ ကျမတို့ ပြည်သူတွေအနေနဲ့ လိုလားတာပေါ့နော်။ နောက်ပြီး ဒီပွဲမှာ ကျမလာလေ့လာတဲ့အခါမှာ တော်တော်လေးကိုတော့ အားရပါတယ်။ ကရင်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှှု လူမျိုးအပေါ်ရပ်တည်ချက် ခိုင်မှာမှှုတွေကိုတော့ တွေ့ရတဲ့အခါမှာ တော်တော်လေးအားရတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေကလည်း အတုယူပြီးတော့ ကိုယ့်ရဲ့ လူမျိုးတွေရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည် ပြီး စည်းလုံးစွာနဲ့ သတ္တရှိရှိနဲ့ ရှေ့ဆက်ဖို့ အရမ်းပဲအရေးကြီးပါတယ်လို့ ကျမကမြင်ပါတယ်။

kaw lin
မန်းကောလင်း ( ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ်)

ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ ဒီလိုဖြစ်လာတာ အင်မတန် ၀မ်းသာတာပေါ့လေ။ အခုကျင်းပတဲ့ လူကြီး မင်းများအားလုံးကိုလည်း အထူးပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အခု ကရင်ပြည်နယ်မှာ ရှိတဲ့ ကရင် လူထုတွေကတော့ သိသင့်သလောက်တော့ သိပြီးပေါ့လေ။ ဧရာဝတီတိုင်းမှာရှိတဲ့ ကရင်လူထုကလည်း ကရင်လူထုအများကြီး ရှိသေးတာပေါ့လေ။ အဲဒါကြောင့် ကရင်လူထုတွေကိုလည်း ထပ်မံသိစေချင်တယ်ပေါ့လေ။ အဲဒါကြောင့် ဧရာဝတီတိုင်းနဲဲ့ တခြားတိုင်းတွေမှာလည်း လုပ်နိုင်ရင် အင်မတန် ကောင်းပါတယ်။

နောက်ပြီးတော့ ဧရာဝတီတိုင်းမှာရှိတဲ့ လူငယ်တော်တော်များများဟာ အရမ်းကို နောက်ကျနေပြီ။ ကျနော်တို့ လူငယ်တွေ နောက်ကျတယ်။ ပညာတတ်သော်ငြားလည်း သူတို့အသိပညာက အသွားအလာနည်းတယ်။ တော်တဲ့ကလေးတွေတော့ တော်ကြတယ်။ နောက်ကျတဲ့ကလေးတွေအများကြီးပဲ။ အဲဒါကြောင့် ဒီလိုနိုင်ငံရေးမှာ စိတ်ပါ၀င်စားလာအောင် ကျနော်တို့ဘက်ကလည်း ၀ိုင်းဝန်းကြတယ်။ ပြီးတော့လည်း ဒီလိုကျင်းပတဲ့ ပွဲမျိုးကို များများကျင်းပနိုင်ရင် တော်တော်လေး ကောင်းမယ်လို့ ထင်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...