ကရင်နီ(ကယား)ပြည်နယ်တွင် အခြေစိုက်သည့် ပပွာကလူကရင်လူမှှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့အကြောင်း အဖွဲ့၏ ဥက္ကဌ နော်မာဂရက်စိန်နှင့် ကေအိုင်စီသတင်းထောက် တွေ့ဆုံမေးမြန်းထားချက်

ကရင်နီ(ကယား)ပြည်နယ်တွင် အခြေစိုက်သည့် ပပွာကလူကရင်လူမှှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့အကြောင်း အဖွဲ့၏ ဥက္ကဌ နော်မာဂရက်စိန်နှင့် ကေအိုင်စီသတင်းထောက် တွေ့ဆုံမေးမြန်းထားချက်
Naw Margret Sein (Photo-kic)
Naw Margret Sein (Photo-kic)

မေး။ ။ ပပွာကလူအဖွဲ့က ဘာအဖွဲ့လည်းဆိုတာ ရှင်းပြပေးပါအုံး။

ပပွာကလူအဖွဲ့ဟာ ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာမှာရှိတဲ့ ကရင်လူထုတွေရဲ့ ကျန်း မာရေး အမျိုးသမီးအရေးနဲ့ ဒေသအရေးကိုဆောင်ရွက်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က အဓိက ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့ ပြီးတော့ ဒီဒေသက အရင်က စစ်ဘေးဒဏ် အရမ်းခံခဲ့ရတယ်။ တွေ့ဆုံကြဖို့လည်း မလွယ်ဘူး။ မဖွံ့ဖြိုးတော့ ကြောက်စိတ်တွေ ပေါ်လာတယ်။ ပြီးတော့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ကာကွယ်ဖို့ ရယ်။ နောက်ကိုယ့်ဒေသ သယံဇာတကို ကာကွယ်ဖို့ နောက်ကျန်းမာရေးပညာရေး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တစ်စိတ်တစ်ဒေသလုပ်ဖို့အတွက် ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာဖြစ်တယ်။ အဓိက တကယ့် main ကော်မတီ က ၁၄ယောက်ရှိတယ်။ အခု ပပွာကလူနဲ့ ကွန်ယက်ရှိတာက အယောက် ၁၀၀နီးပါးလောက်ရှိသွားတယ်ပေါ့နော်။

မေး။ ။ ပပွာကလူအဖွဲ့က ဘယ်မှာအခြေစိုက်ပြီး ဘယ်တုန်းက စတင်ဖွဲ့စည်းတာလဲ။

အခုပပွာကလူအဖွဲ့က ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်မှာ အခြေစိုက်တာဖြစ်တယ်။ အမှန်တိုင်းပြောရင် ပပွာကလူအဖွဲ့မဖွဲ့ခင် အဖွဲ့တစ်ဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ထဲမှာ ကျမရယ်။ ပြီးတော့ ပပွာကလူ ဒုဥက္ကဌတစ်ယောက်ပါတယ်။ သို့သော် အမျိုးသားတွေက အလုပ်လုပ်တဲ့အချိန်မှာရော နိုင်ငံခြားအထောက်အပံ့တွေရတယ်။ ဒါပေမယ့် ပွင့်လင်း မြင်သာမှှုမရှိတော့ မတရားဘူးထင်ပြီးတော့မှ ကျမ ဒုဥက္ကဌနဲ့ တိုင်ပင်ပြီးတော့မှ ဒီအဖွဲ့ကို ပြန်စတင်တည်ထောင်တာ ဖြစ်တယ်။ ဖွဲ့စည်းတာက ၂၀၁၅မှာဖွဲ့စည်းတယ်။

မေး။ ။ ပပွာကလူက လက်ရှိ ဘာတွေလုပ်ဆောင်ပါသလဲ။

ပပွာကလူအဖွဲ့ လက်ရှိအဓိကလုပ်တာက ဒီဒေသမှာရှိတဲ့ဝေးလံပြီး သွားလာခက်ခဲတဲ့ EHO(Ethnic Health Organization) ကျန်းမာရေးအဖွဲ့တွေ မရောက်တဲ့နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အဓိကလုပ်တယ်။ အဲဒီအပြင် လူနာတွေကိုလွှဲပြောင်းခြင်းတွေ ဘာတွေအခမဲ့လုပ်ပေးတာရှိတယ်။ ကွင်းဆင်း ဆေးကုလည်း အခမဲ့လုပ် တယ်။ ပြီးတော့ Sunday တိုင်းမှာ ဆေးခန်းမှာ အခမဲ့ ဆေးကုပေးတာလုပ်တယ်။

မေး။ ။ ပပွာကလူအဖွဲ့ဟာ ကရင်နီပြည်နယ်မှာရှိတဲ့ ကရင်လူထုတွေ ဘယ်လောက်အထိ အားကိုးရသလဲလို့ မြင်လဲ။

ကျမတို့အဖွဲ့ကို အားကိုးရတဲ့လူထုတွေရှိသလို ဆန့်ကျင်တဲ့လူတွေလည်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့နေတဲ့ဒေသမှာ ခဲလုပ်တဲ့ကုမ္ပဏီတွေရှိတယ်။ အဲဒီကုမ္ပဏီ ကျွေးထားမွေးထားတဲ့လူတွေကတော့ ကျမတို့ကို ဆန့်ကျင်တာရှိတယ်။ ဒါပေမယ့် တကယ့် ဒေသခံအစစ်အမှန်တွေကတော့ ကျမတို့ကို အားကိုးတယ်။ ကျန်းမာရေး အရလည်း အားကိုးတယ်။ နောက်ပြီး အစိုးရတွေနဲ့ စကားပြောရ၊ ရုံးသွားရတဲ့အခါတွေမှာလည်း ကျမတို့ကို အားကိုး တယ်။ ရာနှှုန်းပြည့်တော့ မပြောဘူး။ ၁၀၀မှာ ၇၀ကတော့ ကျမတို့ကို အားကိုးရပါတယ်။

မေး။ ။ ပပွာကလူအဖွဲ့ရဲ့ ရပ်တည်ချက်က ဘာတွေလဲ။

ရပ်တည်ချက်က ဒီဒေသအတွက် အလုပ်လုပ်မယ်ပေါ့နော်။ ဥပမာ သယံဇာတထိန်းသိမ်းတာတို့ ပြောရမယ် ဆိုရင် ကျမတို့ဖားဆောင်းဒေသမှာ ယူကော်ခိုရွာအောက်မှာဆိုရင် သယံဇာတအများကြီးရှိတယ်။ ဒီရွာကို ဖြိုနိုင်ရင် မော်ချီး တစ်ဒေသကို ဖြိုနိုင်တယ်ကွာ။ ကြေးနီတောင်တို့လို အဲဒါကြောင့် ဒီဟာကို မဖြိုနိုင်ရေးကို ကျမတို့ကတောင့် ခံပြီး ကာကွယ်ဖို့ အဓိက အဲဒီရပ်တည်ချက်လည်း ပါတယ်။ မိုးတွင်းမှာဒီဒေသမှာတောင်ဖြိုတော့ ဒီရွာရှိတဲ့ ရွာသား တွေကို ပြောင်းခိုင်းတယ်။ တကယ်လို့ ဒီရွာသားတွေကပြောင်းပြီးရင် ရွာသားတွေအတွက် တာဝန်ယူမှှု၊ တာဝန်ခံမှှု ဘာတွေလုပ်ပေးမလဲ။ အဲဒါတွေ ဘာမှမရှိဘူး။ ခဲတွေတူးတာများတော့ တောင်ပြိုတယ်။ တောင်မပြိုခင်ကာကွယ်ဖို့ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူ အဆင့်ဆင့်ထံတွေကိုလည်း ကျမတို့တင်ပြထားတယ်။ လျစ်လျူရှှုထားတယ်။ တစ် ယောက်မှမကြည့်ဘူး။ တောင်ဖြိုမှ တစ်ရွာလုံး ပြောင်းရွှေ့ခိုင်းလာတော့ မပြောင်းနိုင်ဘူး။ အခုဒီဒေသက အဓိက စိန်ခေါ်မှှုက ရေပေါ့နော်။ ရေပြတ်ရင် ဒီကလူတွေက ပြောင်းမှာပဲ။ အဲလိုတွေးတော့ ကျမတို့က ရွာက အသင်းအုပ် ဆရာတော်တွေနဲ့ပေါင်းပြီး ရေရတဲ့နေရာတွေကိုသွယ်ဖို့ စီစဉ်ထားတာတွေရှိတယ်။

မေး။ ။ ပပွာကလူအဖွဲ့ဟာ အရင်က အခြားတိုင်းနဲ့ပြည်နယ်မှာရှိတဲ့ ကရင်အဖွဲ့တွေနဲ့အချိတ်ဆက်မရှိဘူး။ အခု ချိတ်ဆက်မှှုတွေ ဘယ်လိုရှိလဲ။

အခုဆိုရင် KUPC အဖွဲ့မှာလည်း ကျမ ပါဝင်ခွင့်ရတယ်။ ကရင်အရပ်ဖက်အဖွဲ့အစည်း တွေ့ဆုံပွဲတို့၊ ကရင်လူ ထုတွေ့ဆုံပွဲတို့ဆိုရင် ကျမတို့ပပွာကလူအဖွဲ့ တက်ခွင့်ရတယ်။ ကျမတို့အဖွဲ့ကို ဒီကရင်ပြည်နယ်က ကရင်အဖွဲ့အ စည်း၊ ကရင်လက်နက်ကိုင် စတဲ့အဖွဲ့တွေက လက်ခံတယ်။ ကရင်ပြည်နယ်က ကရင်အဖွဲ့အစည်းတွေနဲ့ စတင်ချိတ် ဆက်နိုင်တာက ၂၀၁၈မှ အခု တော်တော်များများ လက်တွဲချိတ်ဆက်နိုင်ပါပြီး။ ကရင်နီပြည်နယ်မှာ ကရင်နဲ့ပတ် သက်ပြီးရှိတာက ကရင်စာပေနဲ့ယဉ်ကျေးမှှုအဖွဲ့၊ ကရင်လူငယ်အဖွဲ့၊ ကရင်အမျိုးသမီးက ကျမတို့တစ်ဖွဲ့ပဲ ရှိတယ်။ နောက်ပြီး အခုကရင်နီပြည်နယ်က KSWN (Karenni State Women Network) မှာလည်း ပါတယ်။ ပြီးတော့ KMWO၊ ကယန်းအမျိုးသမီးအဖွဲ့မှာလည်း ပါတယ်။ လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှှုတွေအားလုံး ရှိပါတယ်။

ပထမဆုံးကတော့ ကရင်နီပြည်နယ်က ကျမတို့ကရင်အဖွဲ့တွေကို အသိအမှတ်ပြုထားတာ သိပ်မရှိဘူးပေါ့ နော်။ အဲဒါကြောင့် ကျမတို့ကရင်တွေကို အသိအမှတ်ပြု လက်တွဲနိုင်ဖို့ အဲဒီရည်ရွယ်ချက်လည်း ပါတာပေါ့နော်။ ကရင်နီပြည်နယ် မော်ချီးဒေသမှာ ၅၆ရွာ ကရင်စစ်စစ်နေထိုင်တာရှိတာဖြစ်တဲ့အတွက် ကရင်ကို ပြန်ဖော်ထုတ်တာ လည်း ပါတယ်။ ကြိုးစားပြီး ၄နှစ်ထဲဝင်လာမှ ရွာပေါင်းစုံ ကျမတို့ ကရင်အမျိုးသမီးတွေ ပါဝင်လာနိုင်နေပြီးပေါ့နော်။ တစ်ချိန်တုန်းက စစ်ဘေးဒဏ်အသင့်ဆုံး မော်ချီးဒေသက အမျိုးသမီးတွေက အစည်းအဝေးတောင် မတက်ရဲတဲ့ အခြေအနေရှိတယ်။ ကျမတို့ပပွာကလူအဖွဲ့ရဲ့ ကြိုးစားအားထုတ်မှှုကြောင့် ဒီက အမျိုးသမီးတွေကလည်း အရှေ့ ထွက်လာရဲနေကြပြီးဆိုတော့ ဝမ်းသာစရာဖြစ်ပါတယ်။

မေး။ ။ ကရင်နီပြည်နယ်ထဲက အဖွဲ့တွေကကော ပပွာကလူအဖွဲ့ကိုဘယ်လောက်အထိ အသိအမှတ်ပြုနေပြီးလဲ။

ကျမတို့ကိုလက်ခံလာအောင် သူတို့တွေက ပထမတစ်နှစ် ကျမတို့လုပ်ဆောင်ချက်တွေကို စောင့်ကြည့် တယ်။ KSWN ဆိုရင် သူတို့လေ့လာတယ်။ သူတို့ ၁နှစ်လေ့လာပြီး သူတို့ကြိုက်တယ်ဆိုရင် ကွန်ယက်ထဲ ဝင်ခွင့်ပြု တယ်။ ကျမတို့လုပ်ဆောင်ချက်၊ ပူးပေါင်းဆောင်ရွက်မှှုတွေကို သူတို့ကြိုက်တယ်။ တိုင်းရင်းသားအချင်းချင်း ခွဲခြား တာတွေ သိပ်မရှိဘူး။ သူတို့ဖွင့်ပြောတာပေါ့။ အဲဒါကြောင့်မို့ သူတို့ချိတ်ဆက်ဆောင်ရွက်မှှုလုပ်ဆောင်တာပေါ့။ အခု ဆိုရင် ကရင်နီလူငယ်တွေ အဖမ်းခံရတာတွေကို ကျမတို့က ဝန်းရံတာတွေ၊ ထောင်အထိ ဝင်တွေ့တာတွေ၊ လိုအပ် တာတွေ၊ ဝိုင်းဝန်းပံ့ပိုးပေးတာတွေရှိတာပေါ့နော်။

မေး။ ။ ပပွာကလူအဖွဲ့ဥက္ကဌဆိုတော့ ကိုယ့်အဖွဲ့ကို ဘယ်လောက် အတိုင်းအတာအထိ မြင်ချင်လဲ။

ဘယ်လောက်အထိမြင်ချင်လဲဆိုရင် လာမယ့်၂၀၂၀မှာဆိုရင် ကျမတို့ပပွာကလူအဖွဲ့ ဒုဥက္ကဌဆိုရင် ကယား ပြည်နယ်လွှတ်တော် အမတ်ဝင်ရွေးဖို့ရှိတယ်။ ကျမတို့ ဝိုင်းဝန်းပံ့ပိုးဖို့လိုတယ်။ ကရင်နီပြည်နယ်မှာ ကရင်အမျိုးသမီး လွှတ်တော်အမတ် ပေါ်ပေါက်အောင် ကျမတို့လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိတယ်။ ပပွာကလူအဖွဲ့ကနေ လုပ်ဆောင်နိုင် တာကိုလည်း မြင်ချင်တယ်။ အရင်က ကျမလည်း လာမယ့်ရွေးကောက်ပွဲမှာ မဲဝင်ရွေးဖို့ စီစဉ်ထားတာရှိတယ်။

ဒါပေမယ့် ကျမက ကင်ဆာရောဂါကြောင့် ကီမိုသွင်းရတဲ့အဆင့်ဆိုတော့ ဝင်ရွေးဖို့ အဆင်မပြေတော့ဘူးပေါ့ နော်။ အဲဒါကြောင့် ဝင်ရွေးမယ့် ကျမတို့အဖွဲ့ဝင်တစ်ယောက်ကို ဝိုင်းဝန်းကူညီဖို့ ကျမတို့ အများကြီး ကူညီရမှာပေါ့ နော်။

မေး။ ။ ကရင်နီ(ကယား)ပြည်နယ် ဖားဆောင်းမြို့နယ်မှာ ကရင်တွေအများဆုံး နေထိုင်ကြတယ်ဆိုတော့ ကရင် လူဦးရေဘယ်လောက်ရှိမလဲ။ အဓိကဘာလုပ်ငန်းကို လုပ်ကိုင်စားသောက်သလဲ။

ဖားဆောင်းမြို့နယ်မှာဆိုရင် ကရင်လူဦးရေက ၁သောင်း၃ထောင်လောက်ကျော်တယ်။ ဒါပေမယ့် အိမ် ထောင်စုစာရင်းအရတော့ အဲလောက်မပေါက်ဘူး။ အိမ်ထောင်စုစာရင်း ဖျောက်ဖျက်ထားတာတွေရှိတယ်။ မှတ်ပုံ တင်မရှိတဲ့လူတွေလည်း ရှိတယ်။ လာမယ့်၂၀၂၀မှာ သူတို့တွေမဲထည့်နိုင်ဖို့ ကျမတို့အဖွဲ့ကိုယ်တိုင် သူတို့တွေကို ကားငှားခေါ်ပြီး လဝကမှာ အိမ်ထောင်စုစာရင်းလုပ်ခိုင်းတာတို့ မှတ်ပုံတင်လုပ်ခိုင်းတာတို့ လုပ်ကြတာတော့ရှိတယ်။ အခုဆိုရင် ဒီနယ်ဘက်က ကျမတို့ကရင်တွေက ပြည်မကလာတဲ့လူတွေနဲ့ တဖြည်းဖြည်း ရောနှောနေထိုင်လာကြပြီ။

နောက်ပြီး အခု မော်ချီးဒေသမှာ အုပ်စုအုပ်ချုပ်ရေးမှူးက ဒေသခံ ကရင်မဖြစ်တော့ဘဲနဲ့ ပြည်မ ကျောက် ပန်းတောင်းဘက်ကလာတဲ့ အလုပ်သမားတွေက ခဲကျင်းသူဌေးဖြစ်လာတဲ့အပြင် မော်ချီးဒေသ အုပ်ချုပ်ရေးမှူး မကြာသေးခင်ကပဲ ဖြစ်လာတယ်။ တကယ်တမ်းဆိုရင် မော်ချီးမှာ ရွာ ၅၇ရွာရှိတယ်။ ရွာ ၅၀တိတိက လုံးဝ ကရင်ရွာ တွေပဲ။ ကျန်တဲ့ ၇ရွာကတော့ ရောယှက် လူမျိုးပေါင်းစုံနေတဲ့ထိုင်ရွာဖြစ်တယ်။ အဲဒီက ကရင်လူထုတွေက အဓိက လုပ်တာက ခဲတွေပေါ့နော်။ အဲဒီခဲတွေကို ဖားကန့်တို့လို၊ ကြေးနီတောင်တို့လို မဖြစ်ဖို့ ဘယ်နည်းပညာကိုသုံးရမလဲ အဲဒါတွေ စဉ်းစားရမယ်လို့ ကျမပြောဘူးတာရှိတယ်။

မော်ချီးဒေသက နှစ်ပေါင်းများစွာ ခဲတူးတဲ့လုပ်ငန်းကိုလုပ်တဲ့အတွက် ခဲမရှိရင် သူတို့စီးပွားရေး အခက်အခဲရှိ လာမယ်။ ဒီခဲတွေကို မပျောက်ပျက်အောင် ကျမတို့အရမ်းဂရုစိုက်ရတယ်။ ကျမတို့မှာ ရန်သူမရှိဘူးလားဆိုရင်ရှိ တယ်။ ကုမ္ပဏီတွေကတော့ သူတို့လုပ်ငန်း သက်တမ်းတိုးဖို့ ကျမတို့ကို မြူဆွယ်တာ ရှိတယ်။ အတူတူလုပ်မယ်၊ အတူတူစားမယ်ဆိုပြီး။ ဒါပေမယ့် အဲဒီလိုမျိုးနဲ့လာရင် ကျမတို့နဲ့ဝေးဝေးရှောင်လို့ ပြန်ပြောပစ်လိုက်တယ်။ တစ်ချိန် ချိန်မှာ ဒီကုမ္ပဏီတွေ ကျမတို့နဲ့ အတိုက်အခံလုပ်ရင်လုပ်ရမယ်။ ကျမတို့က ဒီနေရာမှာမွေးတယ်။ ဒီနေရာမှာ ချက် မြှုပ်တယ်။ ကိုယ့်ဒေသကို ကာကွယ်ရမှာပဲ။ အသက်နဲ့ရင်းပြီး ကာကွယ်ဖို့အဆင်သင့်ပါပဲ။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။

ပပွာကလူကိုဖွဲ့စည်းလာတာ ၄နှစ်ရှိပြီး ဘယ်အဖွဲ့အစည်း အစိုးရ၊ NGO/INGO ထောက်ပံ့ငွေဘာမှမလိုဘဲ ကိုယ့်အဖွဲ့ရပ်တည်နိုင်တယ်။ ပြည်တော့ လူထုတွေကိုလည်း ကျမတို့အခမဲ့ဆေးကုနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရံပုံငွေနဲ့ကိုရပ်တည်တယ် ။အဖွဲ့ထဲမှာ အဓိက လုပ်ဆောင်တဲ့ ကော်မတီဝင်တွေက တစ်ယောက်ကို တစ်လ ၂သောင်း ရံပုံငွေထည့်တယ် ။အဖွဲ့ဝင်တွေအားလုံးစုပြီး ၁လကို ၂သိန်းရှစ်သောင်း ဘဏ်ထဲမှာ ရံပုံငွေစုနိုင်တယ်။ နှစ်ပေါင်းများစွာရှိလာပြီးလေ။ အဲဒါတစ်ချက်၊ နောက်တစ်ခုကတော့ ဆေးခန်းမှာ မိုးရာသီတွေဆိုရင် တစ်ရက်ကို သိန်းကျော်ပိုက်ဆံဝင်တယ်။ အဲဒီပိုက်ဆံတွေကိုဆေးပြန်ဝယ်တယ် ၂၀ရာခိုင်နှှုန်းက အဖွဲ့စုဘူးထဲမှာထည့်တယ်။ မိုးရာသီကုန်ရင် ဘဏ်ထဲထည့်တယ်။ အဲဒီထဲမှာအတိုးတွေရလာတယ်။ အဲဒါတွေနဲ့လုပ်ငန်းလည်ပတ်နိုင်တယ်။ သူများကို အားမကိုးတဲ့အတွက် ဘယ်အဖွဲ့ကိုမှဒူးထောက်စရာမလိုဘူး။ ပြီးတော့ အခုချိန်ထိကျမတို့အဖွဲ့မှာ ပိုက်ဆံ ကိစ္စနဲ့ပတ်သက်ပြီး စကားများတာတွေမရှိဘူး။ ကျမက အဖွဲ့မှာဥက္ကဌဖြစ်ပေမယ့်လည်း အဲဒီပိုက်ဆံတွေကို ဘယ်တုန်းမှမကိုင်ဘူး။ စာရင်းပဲ ကြည့်တယ်။ အဲဒါကြောင့်မို့ ကျမတို့အဖွဲ့ရပ်တည်နိုင်တာကို ကျမတို့ ဂုဏ်ယူတယ် လို့လည်း ပြောချင်ပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...