ကရင့်အာဇာနည်နေ့ကျင်းပမှုနှင့် ပတ်သက်၍ ဒေါကလူကွန်ရက်အဖွဲ့ ဒု-ဥက္ကဌ စ̕ထွန့်ဖောင်နှင့် တွေ့ဆုံခြင်း

ကရင့်အာဇာနည်နေ့ကျင်းပမှုနှင့် ပတ်သက်၍ ဒေါကလူကွန်ရက်အဖွဲ့ ဒု-ဥက္ကဌ စ̕ထွန့်ဖောင်နှင့် တွေ့ဆုံခြင်း

“အာဇာနည်တွေရဲ့ တစ်မျိုးသားလုံးအတွက် အသက်၊ သွေး၊ ချွေးပေးဆပ်မှု ကျေးဇူးတရားတွေကို သိရမယ်”

သြဂုတ် ၁၂ရက်နေ့တွင် ကျရောက်သည့် ၆၉ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ဒေါကလူ ကွန်ရက် အဖွဲ့က ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ PSP ဟော်တယ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြသည့် အခြေအနေနှင့်ပတ်သက်၍ ဒေါကလူကွန်ရက်အဖွဲ့ ဒုဥက္ကဌ စ̕ထွန့်ဖောင်နှင့်တွေ့ဆုံမေးမြန်းထားသည်များကို ထုတ်နုတ် ဖော်ပြလိုက်ပါသည်။

ကေအိုင်စီ ။ ။ ဒေါကလူကွန်ရက်အဖွဲ့ကနေပြီးတော့ ကရင်အာဇာနည်နေ့ကို ဦးဆောင်ကျင်းပတဲ့ ရည်ရွယ်ချက်ကို ပြောပြပါ။

ဒီထိုင်းနိုင်ငံမှာ ကျနော်တို့ ကရင်တွေ အများကြီးရှိတယ်။ အရွယ်ရောက်လာတဲ့ ကရင်လူငယ်မျိုးဆက်တွေ အနေနဲ့ ကိုယ့်လူမျိုးတွေရဲ့ သမိုင်းနဲ့ ကိုယ့်လူမျိုးရဲ့ အာဇာနည်အကြောင်းတွေကို သိရှိမြင်တွေ့ခွင့်ရဖို့ ပိုနားလည် လာဖို့အတွက်ဖြစ်တယ်။ ကျနော်တို့ ရည်ရွယ်ချက်က အာဇာနည်တွေရဲ့ ကိုယ့်လူမျိုးအတွက် အသက်ပေး ဆပ်ခဲ့ရတာတွေကို သိရှိနားလည်ပြီး ဂုဏ်ပြုသွားဖို့အတွက်ဖြစ်တယ်။

ကေအိုင်စီ။ ။ ကရင်အာဇာနည်နေ့က ကရင်လူငယ်တွေအတွက် ဘယ်လောက်အရေးကြီးသလဲ။

ကျနော်တို့ ကရင်မှာ နေ့ထူူးနေ့မြတ်တွေ အများကြီးရှိတယ်။ လက်ချည်ပွဲလို နှစ်သစ်ကူးလိုမျိုး နေ့ထူးနေ့မြတ် တွေအများကြီးရှိကြပါတယ်။ အလားတူပဲ ဒီကရင်အာဇာနည်နေ့ဆိုတာကလည်း ကျနော်တို့ ကရင်တစ်မျိုးသား လုံး ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာ၊ လယ်ကဲ၊ တလာခုံးဘာသာပဲဖြစ်ဖြစ် အကုန်လုံးနဲ့က တကယ့်ကို သက်ဆိုင် ပါတယ်။ လူကြီးလူငယ်မရွေး အရွယ်သုံးပါးလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့မှာ တာဝန်ရှိ ပါ တယ်။ ဘယ်လိုတာဝန်ရှိလဲဆိုတော့ ဒီလိုနေ့မျိုးကို သိရမယ်။ ပြီးရင် ဒါကိုလည်း ထိန်းသိမ်းသွားရမယ်။ အာဇာ နည်တွေရဲ့ တစ်မျိုးသားလုံးအတွက် အသက်၊ သွေး၊ ချွေးပေးဆပ်မှု ကျေးဇူးတရားတွေကို သိရမယ်။

ကေအိုင်စီ။ ။ ဒီနေ့လို နေ့မျိုးကို ထိုင်းနိုင်ငံမှာရှိတဲ့ ကရင်အဖွဲ့အစည်းများစွာနဲ့ ကေအဲန်ယူ ဗဟိုအဆင့် ခေါင်းဆောင်တွေပါ ပါဝင်တက်ရောက်ပေးတဲ့အပေါ် ဘာပြောချင်လဲ။

ဒီနှစ် အာဇာနည်နေ့ကို လုပ်တော့ ဒီဘန်ကောက်မှာရှိတဲ့ ကရင်ညီအစ်ကိုမောင်နှမတွေကို လာရောက်ပူးပေါင်း ပြီး ဂုဏ်ပြုဖို့ အသိပေးတော့ တက်ရောက်အားပေး ဂုဏ်ပြုသူများစွာကိုတွေ့ရတော့ အရမ်းဝမ်းသာတယ်။ နောက်ပြီး မိခင်ကေအဲန်ယူကိုလည်း ဖိတ်ကြားတယ်။ ရည်ရွယ်တာက သူတို့ဖော်ဆောင်နေတဲ့ နိုင်ငံရေး အခြေ အနေတွေ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဒီကလူငယ်ကလေးတွေကို နားလည်လာအောင်လို့နဲ့ သူတို့ရဲ့ သမိုင်းပေး တာဝန်တွေကို ပိုမိုသိရှိနားလည်လာအောင်ဖို့အတွက် ဒါကိုလည်း ခေါင်းဆောင်တွေက နားလည်ပြီး လာရောက် အားပေးတက်ရောက်ခြင်းဖြစ်တယ်။ ဒီအတွက်အရမ်းကို ဝမ်းသာပီတိဖြစ်ပြီး ကျေးဇူးတင်မိပါတယ်။

ကေအိုင်စီ။ ။ ကွဲပြားနေတဲ့ ကရင်အသိုင်းအဝိုင်း အားလုံးကို ဘာသတင်းစကားပေးချင်လဲ။

ကျနော်တို့ ကရင်လူမျိုးတွေက မြန်မာပြည်ထဲမှာ အများကြီး ရှိနေတာတွေ့ရသလို နိုင်ငံရပ်ခြားမှာ သွားရောက် ပြောင်းရွှေ့နေထိုင်သူတွေလည်း များပါတယ်။ ကိုယ့်ကိုယ်ကို ကရင်မှန်းကို သိရှိကြတာချည်းပါပဲ။ ဒါကြောင့် ကိုယ့်မှာက ကိုယ်ပိုင်သမိုင်းရှိတယ်။ ကိုယ့်ဒေသ ကိုယ့်နယ်မြေလည်း ကိုယ်ပိုင်ရှိတယ်။ ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမှုလည်းရှိတယ်။ မတူကွဲပြားမှုတွေ ရှိနေပါစေ၊ ဘယ်နေရာပဲ ရောက်နေပါစေ၊ ဘယ်နယ်မှာပဲ ရှိနေ ပါစေ ညီအရင်းအစ်ကို မောင်နှမလိုပဲ သဘောထားရမယ်။ ကျနော်တို့ ကရင်အမျိုးသားသမိုင်းက တစ်ခုထဲပဲ ဖြစ်တဲ့အတွက်၊ ဒီအာဇာနည်နေ့ နဲ့ပတ်သက်ပြီး အားလုံးနဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် ရင်ထဲမှာ အမြဲထားရှိ ဖို့ တာဝန်ရှိတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...