Published
Friday, March 22, 2019
ကရင်နီဘာသာ အစီအစဉ် (မတ်လ ၂၁ ၊ ၂၀၁၉)
မိမိတို့ဒေသမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေ မရှိဘူးလို့ ထုတ်ဖော်တဲ့အနေနဲ့ ဒေါတမကြီးအုပ်စုအတွင်းက တောင်သူတွေဟာ သူတို့ဒေသရဲ့ မြေအသုံးချမှုပြမြေပုံနဲ့ သစ်တောထိန်းသိမ်းရေး စည်းကမ်းချက်တွေကို ဆိုင်းဘုတ်တင်ပြီး ဖွင့်ပွဲပြုလုပ်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကိစ္စမှာ အစိုးရနဲ့ ပြည်သူအကြား ကြားဝင်ညှိနှိုင်းပေးမယ်လို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။
ကယန်းဒေသက နား၊ နှာခေါင်းနဲ့ လည်ချောင်းရောဂါဝေဒနာရှင်တွေကို ဖယ်ခုံမြို့နယ် အလယ်ကယန်းကျေးရွာအုပ်စု ဆီးဘူးတိုက်နယ်ဆေးရုံမှာ အခမဲ့ဆေးကုသပေးခဲ့ပါတယ်။