KNU ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးနှင့် တွေ့ဆုံခြင်း

KNU ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးနှင့် တွေ့ဆုံခြင်း

အလွှာစုံမှ အမျိုးသမီးများသည် အခက်အခဲအမျိုးမျိုးကြားကနေ ရှေးရိုးစွဲအယူအဆအတွေကို ထိုးဖောက် ကျော်လွှားနိုင်သူများရှိသလို လက်ရှိအချိန်ထိ ခွဲခြားဆက်ဆံမှု၊ အခွင့်အရေးချိုး ဖောက်ခံရမှု၊ ဖိနှိပ်ချုပ် ချယ်မှုအပါအဝင် လူသားတစ်ဦး၏ ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးနေရဆဲဖြစ်ပါသည်။

ထို့ကြောင့် ယခုလ မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ အခြေအနေနှင့် ပတ်သက်ပြီး ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးနှင့် တွေ့ဆုံမေးထားသည်ကို ဖော်ပြာလိုက်ပါသည်။

ကေအိုင်စီ ။ ။ မတ်လ ၈ ရက်နေ့မှာ အပြည်အပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ အမျိုးသမီး ခေါင်းဆောင်တစ်ဦးအနေနဲ့ ကရင်ပြည်သူတွေကို ဘာသတင်းစကားပေးချင်သလဲ။

ပဒိုနော်မြိုင်ဖိုး ။ ။ ကျမတို့တော်လှန်ရေးတိုက်ပွဲက မပြီးဆုံးသေးပါဘူး။ စစ်မြေပြင်မှာပဲရှိပါသေးတယ်။ ဒါပေ မယ့် ကျမတို့ သေနတ်မပစ်ကြဘူး။ စာပွဲဝိုင်းပေါ် တိုက်ပွဲဆင်နွှဲနေကြတယ်။ အဲဒါကြောင့် ကျမတို့ပိုပြီး ကြိုး စားရမယ်။ ကျမတို့ မျက်စိဖွင့်၊ နားစွင့်ရမှာဖြစ်ပါတယ်။ ကျမတို့ခေါင်းဆောင်တွေနဲ့နီး တဲ့နေရာတွေမှာ တိုက် ပွဲက မပြင်းထန်ပေမယ့် ခေါင်းဆောင်နဲ့အလှမ်းဝေးတဲ့ နေရာတွေမှာဆိုရင် ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ အများကြီးရှိတယ်။

ဒီအဆင့်ထိပဲ ရောင့်ရဲတင်းတိမ်မနေပါနဲ့ သေနတ်သံမပေါက်တော့လို့ ကျမတို့ ဒီလောက်ပဲ နေထိုင်လို့ရပြီ အဲလို မလုပ်ရဘူး။ ကျမတို့ သတိဝိရိယအမြဲတမ်းရှိရမယ်။ ကျမတို့အခန်းကဏ္ဍကနေပြီးတော့ ကိုယ့်လူမျိုးကို ကူညီမယ်။ ကိုယ့်အဖွဲ့အစည်းကို ဘာကူညီရမလဲဆိုတာ အမြဲတမ်းစဉ်းစားထားရမယ်။ အမြဲတမ်းကို တွေးတောကြံဆမှုတွေရှိရမယ်။ အရင်က ကျမတို့ ဥက္ကဌကြီး စောဘိုမြပြောခဲ့သလို အိပ်ရင်လည်း ကိုယ့်အမျိုးသားရေးအလုပ်ကို စဉ်းစားရမယ်။ စားရင်လည်း ကိုယ့်အမျိုးသားရေးအလုပ်ကိုပဲ စဉ်းစားရမယ်။ သွားရင်လည်းပဲ ကိုယ့်အမျိုးသားရေးအလုပ်ကို စဉ်းစားရမှာပဲ။

မေးခွန်း ။ ။ ကျနော်တို့ ကရင့်အမျိုးသမီးထုကြားမှာ ကြားနေရတာရှိပါတယ်။ တာဝန်ပေးတာတွေ၊ ဆုံးဖြတ်ချက် တစ်စုံတရာပြုလုပ်မယ်ဆိုရင် အမျိုးသမီးရဲ့အခန်းကဏ္ဍက အားနည်းတယ်ပေါ့နော်။ အခွင့်အရေးမပေးဘူးပေါ့နော်။ ဒီကိစ္စအပေါ်မှာ ဘယ်လိုသုံးသပ်မိပါလဲ။

ပဒိုနော်မြိုင်ဖိုး ။ ။ သူများအခွင့်အရေး မပေးဘူးလို့တော့ ကျမကတော့ အဲလို မခံစားရဘူး။ ပေးတာပဲ တစ်ခါ တလေမှာ လူဦးရေ အများနဲ့ အနည်းရှိတယ်ပေါ့။ အဲဒါကြောင့် တစ်ခါတလေမှာ ကျမတို့ကို မေ့ကျန်ခဲ့ တာတွေရှိနိုင်တယ်။ ကျမတို့ ကိုယ်တိုင်က အတင်းဝင်ယူရမယ်။ ဟေ့…ကျမတို့ပြောမယ်။ ကျမပြောတဲ့ စကားမပါသေးဘူး။ ကျမရဲ့ အမြင်မပါသေးဘူးလေ၊ အဲလိုတွေ လုပ်ရမယ်။ အဲဒါကြောင့် ကျမတို့ကိုယ်တိုင် လည်း အတင်းဝင်ယူရတယ်။ ကရင်တစ်မျိုးသားလုံးအတွက် အလုပ်လုပ်တယ်လို့ ကျမတို့ ပြောရင် အမျိုးသမီးနဲ့အမျိုးသား၊ ကလေးသူငယ်တွေ အားလုံးပါဝင်တယ်။ ကလေးငယ်လေးတွေကိုတော့ မပြောလို တော့ဘူး။ အမျိုးသမီးနဲ့အမျိုးသားတန်းတူ ပါဝင်နိုင်ရင် မတန်းတူနိုင်တောင်မှ အမျိုးသားက ၂ဆ ဆို အမျိုးသမီးက ၁ဆလောက်ပါဝင်နိုင်မယ်ဆိုရင် ဒါက မျှတမှုရှိသေးတယ်ပေါ့လေ။ နည်းနည်းပိုကောင်းမယ်လို့ ကျမမြင်တယ်။ အဲဒါကြောင့် အမျိုးသမီးတွေ ပူးပေါင်းပါဝင်မှု များလာအောင် ကျမတို့ ကြိုးစားရမယ်။ အခုပြန်ကြည့်ရင် အရေအတွက်ကတော့ နည်းသေးတယ်ပေါ့နော်။ အမျိုးသမီး ဘက်က ငါ့လင်ကောင်းစား ငါကောင်းစားလောက်ပဲ စိတ်ကျေနပ်ရင်တော့ ရှေ့သွားလို့မရဘူး။

မေး။ ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆိုတော့ ကရင်အမျိုးသမီးတွေအတွက်ပဲ မဟုတ်ဘူးပေါ့နော်။ ဒီနေ့မှာ ကရင်လူငယ်အမျိုးသမီးတွေဖြစ်စေ၊ တိုင်းရင်းသူ လူငယ်အမျိုးသမီးတွေကိုဖြစ်စေ ဘယ်လို အား ပေးစကားပြောချင်သလဲ။

ပဒိုနော်မြိုင်ဖိုး ။ ။ ကရင်အမျိုးသမီးတွေတင်မကဘူး။ လူငယ်အမျိုး သမီးတွေအားလုံး ကျမတို့ လှုပ်လှုပ်ရှား ရှားရှိပြီးတော့ ကျမတို့ တစ်မျိုးသားလုံးက ဒီမိုကရေ ရရှိတာဖြစ်စေ၊ တစ်တိုင်းပြည်လုံး ဒီမိုကရေစီရရှိ တာ ဖြစ်စေ၊ တစ်ကမ္ဘာလုံးက ဒီမိုကရေစီ ရရှိသည်ဖြစ်စေ၊ ကျမတို့ အမျိုးသမီးတွေရဲ့အခွင့်အရေးက ကျမတို့ စုပေါင်း တိုက်ယူရအုံးမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အားနည်းတဲ့ အမျိုးသမီးတွေ၊ ချို့တဲ့အားနည်းတဲ့ အမျိုးသမီးတွေအတွက်ကို ကျမတို့က ကြိုးပမ်းပေးရမှာဖြစ်ပါတယ်။ ကျမတို့က အေးအေးဆေးဆေး နေနိုင်တယ်။ ဘယ်သူကမှလာပြီး ဖိနှိပ်တာမရှိဘူးလို့ ပြောဆိုနေပေမယ့်လည်း ဖိနှိပ် အနိုင်ကျင့်မှုတွေက ပုန်းအောင်းပြီး နေနေတုန်းပဲဆိုတာ အဲလို ပြောချင်ပါတယ်။

အဲဒါကြောင့် အမျိုးသမီးတွေအားလုံး မိမိအခန်းကဏ္ဍကနေ သက်ဆိုင်ရာ နယ်မြေ ၊ ကျေးရွာတွေမှာ မျက်စိဖွင့်၊ နားစွင့်ပြီးတော့ ကျမတို့ အမျိုးသမီးတွေရဲ့ခံစားချက်တွေကို အတူတကွ ပူးပေါင်း လုပ်ဆောင်သွားကြမယ်လို့ အဲလိုမှာကြားလိုပါတယ်။

ကေအိုင်စီ ။ ။ နောက်ဆုံးအနေနဲ့ မေးလိုက်တဲ့အထဲမှာမပါဘဲ ဖြည့်စွက်ပြောချင်တာ ဘာရှိအုံးမလဲ။

ပဒိုနော်မြိုင်ဖိုး ။ ။ ဘယ်အလုပ်မဆို အားလုံးက အခက်အခဲရှိကြပါတယ်။ ပန်းပွင့်လေးတွေနဲ့ ကျဲထားတဲ့ ပန်းခင်းသောလမ်းလို တစ်ခုမှ မရှိဘူး။ စိန်ခေါ်မှုဆိုတာ အားလုံးမှာရှိကြတယ်။ အဲဒါကြောင့် အဲဒါကို ကျမတို့ ဖြတ်သန်းရမယ်။ ကျမတို့ နည်းနည်းကလေးမှအားငယ်စရာ မလိုဘူး။ အဲဒါကြောင့် ကျမအနေနဲ့က တစ်ခါ တလေ စိတ်ထဲမှာ ကြိတ်ခံစားရပြီး ကျမအရှုံးပေးတော့မှာလား စဉ်းစားတယ်။ အဲဒါကို ကျမလုံးဝ မလုပ်ဘူး။ အဲဒါကြောင့် ကျမတို့ အရှုံးမပေးရဘူး။ အခက်အခဲတွေကို ကျမတို့ ရင်ဆိုင်ရမယ်။

ဟိုးအရင်က ကျမ ဆေးရုံမှာ လူနာတွေကို ကြည့်ရှုစောင့်ရှောက်ပေးတာ ဆန်မရှိတော့တဲ့ အခြေအနေ အထိပါပဲ။ ရန်သူက ကျမတို့ကို ပတ်ပတ်လည် ဝိုင်းထားတယ်။ ကျမတို့ကို ရိက္ခာလာပို့ပေးလို့ မရတော့တဲ့ အချိန်မှာ လူနာတွေကို ဆန်ပြုတ်ပြုတ်ပြီး ပေးတိုက်ပေမယ့် ကျမတို့က အငတ်ခံလိုက်တယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...