ဉာဏ်ပညာ မေတ္တာတရားဖြင့် လွတ်လပ်သော

ဉာဏ်ပညာ မေတ္တာတရားဖြင့် လွတ်လပ်သော

၂၀၁၉ ခုနှစ်သည် အစိုးရ၏သက်တမ်း ၄ နှစ်အတွင်း ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အမျိုးသား ညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့် ပြည်သူ့အစိုးရ၏ အနာဂတ်မျှော်မှန်းချက်များ မည်ရွေ့မည်မျှ ခရီးရောက်ပြီ၊ မည်သို့မည်ပုံ ဖော်ဆောင် နေသည်ကို ပြည်သူတို့ မျက်မြင်ထိတွေ့ သိရှိနေကြရပြီဖြစ်သည်။

အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးမျှော်မှန်းချက်များနှင့်အတူ ဆူးငြောင့်ခလုတ် အခက်အခဲ အတားအဆီးများသည်လည်း ပြည်သူတို့အတွက် စိုးရိမ်ပူပန်မှုများ အမှန်တကယ် ရှိနေတာပင်ဖြစ်သည်။ ထိုစိုးရိမ်ပူပန်မှုများကို ပြည်သူ့အစိုးရက မည်သို့ရင်ဆိုင်ကျော်လွှားနိုင်မည်ဆိုတာပင် လက်ရှိ မြန်မာနိုင်ငံ၏ အရေးအရာပင် ဖြစ်သည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ နိုင်ငံ့အရေးအရာပြောကြားချက်များတွင် ပြည်သူ သည်သာအဓိကဖြစ်ကြောင်း၊ စုပေါင်းအင်အားဖြင့်သာ အောင်မြင်မှုကိုရယူနိုင်မည်ဖြစ်ကြောင်း ပြောကြားချက် များသည် ပြည်သူတို့၏ စိုးရိမ်ကြောင့်ကြမှုများအတွက် ပြည်သူ့အရေးကို ရှေးရှုသော ပြည်သူ့အစိုးရ၏ ယုံကြည်ချက်ပင်ဖြစ်သည်ဟု ယူဆပါသည်။

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝသင်ခန်းစာသည် လူ့အဖွဲ့အစည်း၏ သမိုင်းသင်ခန်းစာပင်ဖြစ် သည်။ ဉာဏ်ပညာအရလွတ်လပ်သော၊ မေတ္တာတရားဖြင့်ငြိမ်းချမ်းသော တစ်ချိန်တစ်ခါက အရှေ့တောင်အာရှတွင် ရှေ့တန်းကရှိခဲ့သောလူ့ဘောင်သစ်တစ်ခုကို ပြန်လည်ထူထောင်ကြဖို့ စုပေါင်းအင်အားဖြင့် ဖော်ဆောင်နိုင်ကြမည်ဟုမျှော်လင့်ပါသည်။ ။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...