လေမှတဆင့်ထုတ်လုပ်နိုင်သည့် ရေသန့်စက်ကို မိုးစက်ဝိုင်ဦးစီးသည့် Myanmar’s Heart Charity မှ တွန်းဇံ အ.ထ.က ကျောင်းအတွက်လှူဒါန်း

လေမှတဆင့်ထုတ်လုပ်နိုင်သည့် ရေသန့်စက်ကို မိုးစက်ဝိုင်ဦးစီးသည့် Myanmar’s Heart Charity မှ တွန်းဇံ အ.ထ.က ကျောင်းအတွက်လှူဒါန်း

လားနွန် – လေမှတဆင့် ထုတ်လုပ်နိုင်သည့် ရေသန့်နှင့် လျှပ်စစ်စက်ကို အလှမယ် မိုးစက်ဝိုင် ဦးစီးသည့် Myanmar’s Heart Charity နှင့် Swelect (ဆွိလတ်) အိန္ဒိယကုမ္ပဏီတို့ပူးပေါင်းပြီး တွန်းဇံမြို့ အထက်တန်းကျောင်းတွင် ဇန်နဝါရီလ (၆) ရက်နေ့မနက်က လှူဒါန်းခဲ့သည်။

အလှမယ် မိုးစက်ဝိုင်က “ချင်းပြည်က တောင်ကျရေတွေဟာ ထုံးဓာတ်ပါတာတွေ့ရတယ်၊ ရေဆိုတာ သန့်မှ လူလည်း ကျန်းမားရေးကောင်းမယ်၊ ကျန်းမာရေးကောင်းမှ ကျောင်းသားတွေရဲ့ အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်မယ်”ဟု ပြောသည်။

၎င်းလှူဒါန်းခဲ့သည့် လေမှရေအဖြစ်ပြောင်းလဲပေးမည့် ဆိုလာစနစ် နည်းပညာတွေနှင့်ပြုလုပ်ထားပြီး ရေကို PH7 သောက်သုံးရန်လိုအပ်ကြောင်းကိုလည်း Myanmar’s Heart Charity ဒု-ဥက္ကဌ စိုင်းမင်းထက်ကပြောသည်။

“ဒီစက်က ရေအရင်းမြစ်မလိုဘူး၊ လေကနေပြီးတော့ရေပြောင်းမယ်၊ ပြောင်းပြီးတော့ အဲဒီရေကိုသောက်မယ်၊ ဆိုလာနဲ့သွားမယ့်စနစ်ဖြစ်တယ်၊ ကျွန်တော် ချင်းပြည်နယ်က နေရာတော်တော်များကိုသွားပါတယ်၊ အခု ကျွန်တော်ချင်းပြည်ရောက်တဲ့အခါမှာ ရေကို ရေစစ်နှင့်သောက်တယ်၊ ကြိုချက်ပြီးသောက်တယ်၊ ဒါပေမယ့် နေ့တိုင်း အဆိပ်အတောက်တွေကို သွင်းသလိုဖြစ်နေတယ်၊ ဒါကြောင့် အဓိက ရည်ရွယ်ချက်ကတော့တွေ့သမျှရေကိုမသောက်နဲ့၊ ရေကိုသန့်သန့်ရှင်းရှင်းသောက်သုံးသင့်တယ်လို့ပြောချင်တယ်” ဟု  စိုင်းမင်းထက်ကပြောသည်။

တွန်းဇံမြို့၊ ခေါဝုန်/လေးဆန်ရပ်ကွက်တွင်တည်ရှိသော အ.ထ.က ကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၀၀) ကျော်ခန့် ပညာသင်ကြားလျက်ရှိသည်။

Most read this week

April 3, 2025
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာရှိ ပလက်ဝစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ...
April 2, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို ယမန်နေ့ ညနေက စစ်ကောင်စီသည် ဂျက်ဖိုက်တာအသုံးပြု၍...
March 25, 2025
မကွေးတိုင်းအတွင်းရှိ အမ်း - ပဒါန်း ကြားက အရှိုချင်းကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၃,၀၀၀ ကျော်သည်...
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်။
March 24, 2025
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ရှိ ဆာဂျီဝါးအကျဥ်းထောင်တွင် ဖမ်းဆီးခံရသော...