ဒေါ်အောင်ဆန်းစုကြည်မရှိပါက တိုင်းပြည်ဒု က္ခလှလှတွေ့မည်ဟု အဲန်အယ်ဒီပါတီ မဲဆွယ်စည်းရုံး သည့်အပေါ် အတိုက်အခံ ချင်းပါတီတွေရဲ့အမြင်

ဒေါ်အောင်ဆန်းစုကြည်မရှိပါက တိုင်းပြည်ဒု က္ခလှလှတွေ့မည်ဟု အဲန်အယ်ဒီပါတီ မဲဆွယ်စည်းရုံး သည့်အပေါ် အတိုက်အခံ ချင်းပါတီတွေရဲ့အမြင်

ဦးနိုးထန်ကပ်၊ ဥက္ကဌ၊ ချင်းတိုးတတ်ရေးပါတီ

လူတစ်ယောက်ရဲ့ အပေါ်မှာ နှိုင်ငံတော်ရဲ့အနာဂတ်ကို ပုံအပ်ထားတယ်ဆို တာ ကလေးဆန်ဆန်ဖြစ်လွန်းတယ်။ အမျိုးသား ရှုတောင့်ကနေပဲကြည့်ကြည့်၊ နိုင်ငံရေးရှုတောင့်ကနေကြည့်ကြည့် လူတစ်ဦးတစ်ယောက်အပေါ်မှာ ရာနှုန်းပြည့် အနာဂါတ်မူတည်တယ်ဆိုတာ ကျွန်တော်နားကိုမလည်ဘူး။ သူ့ပါတီမှာ ရှိသည့်တိုင် သူ့ကို ချင်းအမျိုးသားနဲ့ပတ်သက်ရင်တော့ ထောက်ခံမှာပါပဲ။ ဒါပေမယ့် သူ တစ်ဦးကြောင့် တိုင်းပြည်ဒုက္ခရောက်မယ်ဆိုတဲ့ အပြောအဆိုမျိုးက နိုင်ငံရေးသမားစကားမဟုတ်ဘူး။ အမျိုးသားခေါင်းဆောင်တစ်ယောက်ရဲ့စကားလည်းမဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲလို့ပဲ ကျွန်တော်မြင် တယ်။ မူဝါဒလမ်းစဉ်အပေါ်မှာ အခြေမခံပဲနဲ့ လူတစ်ဦးပေါ်မှာ အခြေခံပြီးတော့ တိုင်းပြည်နရဲ့ အနာဂါတ်ဖြစ်ဖြစ်၊ လက်ရှိပုံအပ်ထားရင်ဖြစ်ဖြစ် အမြဲတမ်းမှားနေမှာပဲ။ မူဝါဒလမ်းစဉ်မှန်နဲ့ဆို တော်တဲ့သူလာလာ၊ မတော်တဲ့သူပဲလာလာ အဲဒီမူဝါဒကပဲ ကျွန်တော်တို့တိုင်းပြည်ကို ကောင်းတဲ့နေရာကို ဦးဆောင်နိုင် မယ်လို့ ကျွန်တော်ထင်တယ်။

ဦးငိုင်ဆာ့ခ်၊ ဥက္ကဌ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်

လူပုဂ္ဂိုလ်ကိုယ် တစ်ဦးတစ်ရောက် မရှိလို ့ တိုင်းပြည်ဒုက္ခရောက် တယ်ဆိုတာမရှိခဲ ့ဘူးလေ။ တကယ်တမ်း ပြောရရင် ဖွံ ့ဖြိုးတိုးတတ်မှု ပြန်ကြည့်ရမယ် ဆိုရင် ကျွန်တော်တို ့ ကပြည်ခိုင်ဖြိုးကို မထောက်ခံပါဘူး။ တကယ်တမ်းပြောရရင် NLDကိုထောက်ခံပါတယ်။ သို ့ သော်လုပ်ရပ်ကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ မှာ နှစ်နှစ်ခွဲအတွင်း လုပ်ခဲ့တဲ့ အပြောင်းအလဲ နဲ့ ၂၀၁၅ နောက်ပိုင်းမှာ လုပ်ခဲ့တဲ့အပြောင်းအလဲ ယှဉ်ကြည့်လိုက်ရင် ၂၀၁၀ က အပြောင်းအလဲက ပိုကောင်းပြီးတော့ တိုင်းရင်းသား လူမျိုးတွေအတွက်တောင်မှ အခွင့်အရေးတွေ ပိုပြီးလမ်းပွင့်တယ်လေ။ ဒီအတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ် ရှိလိုက်လို့ဘဲ ကျွန်တော်တို့ ငြိမ်းချမ်းရေးမှာ အခြေအနေ ဘယ်လိုနှောင့်နှေးသွားလဲ ပိတ်ဆို့သွားလဲဆိုတာကလည်း ဒုက္ခတစ်မျိုးဘဲ။ နောက်တစ်ခုက ငွေကြေးတွေဖောင်းပွပြီးတော့ တက်လာတယ်။ တကယ်တမ်းပြောရရင် NLD အစိုးရဦးဆောင်တဲ့ခေတ်မှာ ဖြစ်လာတယ်။ ဒါကလည်းဒုက္ခတစ်မျိုးဘဲလေ။ ပြောချင်တာက သူမရှိလို့တိုင်းပြည်ဒုက္ခရောက်နိုင်တယ်ဆိုတာကိုတော့ မပြောချင်ဘူး။ ဒါပေမဲ့ သူရှိလို့ သူဦးဆောင်တဲ့အစိုးရဟာ ဦးသိန်းစိန်တုန်းက ဦးဆောင်တုန်းကထက် ပိုပြီးတော့ ဒုက္ခကြီးမားနေတာ ဆိုတာတော့ လက်တွေ ့မှာမြင်နေရတယ်

ဆလိုင်းကျဲအိုဘိခ်ထောင်း၊ အထွေထွေအတွင်းရေးမှုး၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ

သူတို့ပြောတဲ့ဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပါတီအနေနဲ့ကော၊ လူထုတွေကလည်း ပြောနေကြတဲ့တူညီတဲ့အရာကတော့ ခြိမ်းခြောက်သလိုမျိုးသက်ရောက်တယ်လို့မြင်တယ်။ သူတို့ရဲ့ရည်ရွယ်ချက်က အဲလိုဟုတ်ချင်ဟုတ်မယ်။ ဒါပေမယ့် နားထောင်တဲ့သူအနေနဲ့တော့ အဲဒါဟာ ခြိမ်းခြောက်သလိုမျိုးပဲ။ မဲဆန္ဒရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်ပါတီကို မဲမပေးရင် တိုင်းပြည်မငြိမ်မသက်ဖြစ်လာပြီး မဲမပေးတဲ့သူတွေကပဲ တရားခံလိုလို အဓိပါယ်သက်ရောက်တဲ့ဟာမျိုးကို လူကြီးတစ်ယောက်အနေနဲ့မသုံးနှုံးသင့်ဘူး။ အဲန်အယ်ဒီပါတီအနေနဲ့ ရွေးကောက်ပွဲမှာ လိုအပ်တာထက်တောင် မဲနိုင်ပြီး အစိုးရအဖွဲ့ကိုဖွဲ့နိုင်ပြီးပြီ။ ကမ္ဘာမှာတောင် အဲသလောက်တစ်ပါတီထဲက အပြတ်အသတ်အနိုင်ရဖို့ရှားတယ်။ အဲန်အယ်ဒီအတွက် ဒီကြားဖြတ်ရွေးကောက်ပွဲကနေ သူတို့အင်အားကိုထိခိုက်စရာလည်းမရှိဘူး။ ရွေးကောက်ပွဲက တစ်ခုနဲ့တစ်ခုမတူဘူး။ ဒီကြားဖြတ်ရွေးကောက်ပွဲက ဘယ်အဆင့်လဲ၊ ဘယ်လောက်အကျိုးသက်ရောက်နိုင်မလဲဆိုတာတွေကို တိုင်းတာပြီးတော့ သူ့အတိုင်းအတာနဲ့သူပြောသင့်တယ်။

ပြောရရင် ချင်းပြည်နယ်မှာဆို လစ်လပ်တဲ့နေရာက နှစ်နေရာပဲရှိတာလေ။ ဒီနှစ်နေရာ နိုင်ခြင်း၊ ရှုံးခြင်းတွေက သူတို့ပါတီကို ဘာမှထိခိုက်စရာလည်းမရှိဘူး။ ကျွန်တော်တို့ပါတီအနေနဲ့တော့ တစ်နေရာတည်းအနိုင်ရရင်တောင် ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါနိုင်မယ်လို့ပါ။ တိုင်းပြည်ကို ဒုက္ခရောက်အောင်လုပ်နေတဲ့ ရိုဟင်ဂျာအရေး၊ ပြည်တွင်းပဋိပက္ခက ပိုဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်တော်တို့တိုင်းပြည်ကိုု နှစ်ပေါင်းများစွာဒုက္ခရောက်အောင်လုပ်တာက တပ်မတော်ပဲဆိုပြီး ပြောရဲရမယ်။ တိုင်းပြည်က ဒီလောက်ဆင်းရဲတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေတာတွေကိုလက်ညှိုးထိုးရမယ်။ အဓိကတရားခံကို အဲန်အယ်ဒီပါတီက မပြောရဲဘူး။ တရားခံကိုလွှဲမချသင့်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်။

Most read this week

September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...