ဝေဖန်ခံရသည့် ‘Marit ai Maumwi Mausa’ ဗွီဒီယို ကိစ္စ ကချင်အနုပညာရှင် အသင်းချုပ်နှင့် တွေ့ဆုံ မေးမြန်းခြင်း

ဝေဖန်ခံရသည့် ‘Marit ai Maumwi Mausa’ ဗွီဒီယို ကိစ္စ ကချင်အနုပညာရှင် အသင်းချုပ်နှင့် တွေ့ဆုံ မေးမြန်းခြင်း

လွန်ခဲ့သောအပတ်က ပရိတ်သတ်အများ၏ ဝေဖန်မှုကို ခံရသည့် “Marit Ai Maumwi Mausa” (ဒဏ္ဍာရီအလွမ်း) ဇာတ်ကား ရိုက်ကူးခဲ့သူ ဒါရိုက်တာ Layaw Hkawng Ze ကို ကချင်အနုပညာရှင်အသင်းချုပ် မှ အောက်တိုဘာ ၁၅ရက်နေ့ တွေ့ဆုံပြီး ထိုသို့ ထပ်မံ မပြုလုပ်ရန် အကြုံပြု တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ယခုလို တွေ့ဆုံခဲ့ကြသည့်ပေါ် ကချင်အနုပညာရှင်အသင်းချုပ် ဥက္ကဌ၊ ကချင်နာမည်ကျော် ရုပ်ရှင် ဒါရိုက်တာ နှင့် မင်းသား ဦး Lahtaw Zau Ding ကို ကချင်သတင်းဌာန KNG မှ တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ဆရာတို့ ကချင်အနုပညာရှင်အသင်းချုပ်ကနေ “Marit Ai Maumwi Mausa” (ဒဏ္ဍာရီအလွမ်း) ရိုက်ကူးခဲ့သူ ဒါရိုက်တာ Layaw Hkawng Ze ကို ခေါ်ယူပြီး တွေ့ဆုံခဲ့ကြသည့်အပေါ် ဘယ်လိုပြောဆိုဖြစ်ခဲ့ ကြပါသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့။ ဒီကိစ္စက လွန်ခဲ့တဲ့အပတ်ကဖြစ်ခဲ့တာပေါ့နော်။ ဗီဒီယို (Trailer) ကို လိုင်းပေါ် စတင်လိုက်တဲ့ အချိန်ကနေ တစ်ချို့အသိတွေက ကျနော့်ဆီ Messenger နဲ့ လာပို့ပေးကြတယ်။ ကြည့်လိုက်တော့ အမြင်မတော်တဲ့ အခန်းတွေပါလာတယ်။ ကျနော်ကိုယ်တိုင် ဒါရိုက်တာ Layaw Hkawng Ze ကို ချက်ချင်းအကြောင်းကြားပြီး (Trailer) ပြန်ပြင်ပေးဖို့ ပြောဆိုတဲ့အခါ သူလည်းလက်ခံခဲ့ပါတယ်။ ပြီးရင် ကျနော်တို့လည်း တရားဝင် ကချင်အနုပညာအသင်းချုပ်ဖွဲ့ထားပြီ ဆိုတော့ သူ့ကို ရုံးကို ခေါ်ယူပြီး အချင်းချင်း တိုင်ပင်ဆွေးနွေမှုတွေလုပ်ခဲ့ကြတာပါ။

မေး ။ ။ ကချင်အနုပညာရှင်အသင်းချုပ် အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒါရိုက်တာ Layaw Hkawng Ze နဲ့ ဘယ်လို အချက်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖြစ်ခဲ့ကြသလဲ။

ဖြေ ။ ။ အဓိကတော့ သူဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို အရင်မေးတယ်။ ပြီးရင် ဝါရင့် အနုပညာရှင် ညီအစ်ကိုတွေက သူ့ကို အသိပေးပြောဆိုမှုတွေလုပ်ခဲ့ကြတယ်။ သူလည်း အားလုံးရဲ့ပြောဆိုမှုကို ကျေကျေနပ်နပ် လက်ခံခဲ့တယ်။ သူကိုယ်တိုင်လည်း ဒီဇာတ်ကားက အများလက်မခံတဲ့ ဇာတ်ကား ဖြစ်တဲ့အတွက် လုံးဝဖြန့်ချီတော့မှာ မဟုတ်ဘူးလို့ ဝန်ခံပြောဆိုခဲ့တယ်။

မေး ။ ။ ကချင်အနုပညာရှင်အသင်းချုပ်နေနဲ့ ဒါရိုက်တာ Layaw Hkawng Ze ကို နောက်ထပ် ပရိတ်သတ် လက်မခံနိုင်တဲ့ ဇာတ်ကားတွေ ထပ်မရိုက်အောင် သတိ်ပေးပြောဆိုခဲ့တာမျိုးတွေရောရှိလား။

ဖြေ ။ ။ သတိပေး တာတွေကမရှိပါဘူး။ အကြံပေး ပြောဆိုတဲ့သဘောမျိုးပါ။ ဘာလို့လဲဆိုတော့ အနုပညာဆိုတာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တယ်။ လွတ်လွတ်လပ်လပ် ဆိုပြခွင့် ရှိသလို ရိုက်ပြခွင့်ရှိတယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရေး ဓလေ့ထုံးတမ်းကို နားလည်ရမယ်။ ပြီးရင် အနုပညာနှင့် ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ မိမိကိုယ်ကိုးကွယ်တဲ့ ဘာသာရေး စည်းမျဉ်းစည်းကမ်းတွေ၊ နောက်တစ်ခု မိမိ မိသားစု ဒီအချက်တွေကို ချိန်ဆပြီး လွတ်လွတ်လပ်လပ် အနုပညာကို ဖန်တီးနိုင်ပါတယ်။ ကိုယ်တိုင် အနုပညာကို စိတ်ဝင်စားရုံနဲ့မပြီးဘူး။ အနုပညာဆိုတာ အတတ်ပညာပါမှ ကောင်းသော အနုပညာရှင်တစ်ဦးဖြစ်လာမယ် ပြောဆိုခဲ့တယ်။

မေး ။ ။ ဒီလိုပရိတ်သတ် လက်မခံနိုင်တဲ့ ဇာတ်ကား ထွက်ပေါ်လာသည့်ပေါ် ဆရာ့အမြင်လေးကို သုံးသပ်ပေး ပါအုံး။

ဖြေ ။ ။ အနုပညာဆိုတာ လွတ်လွတ်လပ်လပ် ဖန်တီး နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ ကချင်အနုပညာရှင်တွေရဲ့အနေအထားမှာ အဖက်ဖက်ကကြည့်မယ်ဆိုရင် လိုအပ်ချက်တွေအများကြီး ရှိသေးတယ်။ အခွင့်ရေးပိုင်းဆိုင်ရာမှာလည်း လုပ်ပိုင်ခွင့်တွေမရှိသေးဘူး။ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်နေတဲ့ အနုပညာရှင်ထဲမှာ ဘဲရှိသေးတယ်။ ဒီအချိန် ဒီလိုဇာတ်ကားမျိုးထွက် ဖို့ဆိုရင် မဖြစ်သင့်တဲ့ အခြေနေမျိုးပါ။ ဒါပြင့် သူများရဲ့ပြောဆိုမှုတွေထက် ကိုယ့်အနုပညာရှင်အသင်းချုပ် ရဲ့အားနည်းချက်တွေကို ဖော်ပြနေသလိုဖြစ်နေတယ်။ ဒါကြောင့် မကောင်းဘူးလို့မြင်တယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ နောက်ထပ် အနုပညာ စိတ်ဝင်စားသော လူငယ်များကို ဆရာ့နေနဲ့့ ဘာပြောချင်သေးလဲ။

ဖြေ ။ ။ ကျနော့်အနေနဲ့ ပြောချင်တာက ဘယ်လိုအလုပ်မျိုးမဆို သင်တန်းတွေ တက်ပြီး လုပ်စေချင်တယ်။ အမေရိကန်နိုင်ငံမှာဆို သင်တန်းမတက်ဘဲ လုပ်ချင်ရာ လုပ်တဲ့သူတွေကို အကြောက််ဆုံးဘဲ။ ခုခေတ်လူငယ်တွေကို ကိုယ်စိတ်ဝင်စားတဲ့ ဘယ်အလုပ်မှာမဆို သင်တန်းများများ တက်စေချင်တယ်။ လုပ်တတ်တာနဲ့ ကျွမ်းကျင်တာမတူဘူး။ သင်တန်းတွေတက်ပြီးမှသာ အလုပ်အတွေ့အကြုံ အရည်အချင်းပြည့်စုံမယ်လို့ ယုံကြည်တယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...