ပြည်နယ်နေ့ အခမ်းအနားအတွက် ပြိုင်ပွဲဝင် ဒုံးများယခင်နှစ်ထက် လျော့နည်း

ပြည်နယ်နေ့ အခမ်းအနားအတွက် ပြိုင်ပွဲဝင် ဒုံးများယခင်နှစ်ထက် လျော့နည်း
by -
နန့်ဘွားခလိန်

လာမည့် နိုဝင်ဘာလ ရရက်နေ့တွင် ကျရောက်မည့် ၆၃နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ဒုံးအဖွဲ့များမှာယခုနှစ် အလွန်နည်းပါးနေကြောင်း  ပြည်နယ်နေ့အခမ်းအနားကိုဦးဆောင်ကျင်းပသူများထံမှ သိရသည်။

ပြိုင်ပွဲဝင်ဒုံးများအနေဖြင့် အောက်တိုဘာလ ၁၅ရက်နေ့အထိ ရှေးဟောင်းသုတေသန နှင့် ယဉ်ကျေးမှု ပြတိုက်တွင်စာရင်းလာရောက်ပေးသွင်းနိုင်ကြောင်းစာထုတ်ထားသော်လည်းယမန်နေ့(အောက်တိုဘာ ၁၁ ရက်) အထိတရားဝင်စာရင်းလာသွင်းထားသော ပြိုင်ပွဲဝင် ဒုံးအဖွဲ့မှာ ၆ဖွဲ့သာ ရှိသေးကြောင်းဒိုင်ချုပ်စောခင်မောင်မြင့်က ကေအိုင်စီသို့ ပြောသည်။

ပြိုင်ပွဲဝင် ဒုံးအဖွဲ့များလျော့နည်းလာရခြင်းနှင့် ပတ်သက်ပြီးစောခင်မောင်မြင့်က“ဒုံးတစ်ဒုံးဖြစ်ဖို့ကသိန်းငါးဆယ်၊ ခြောက်ဆယ်လောက် ကုန်တယ်။ ပြန်လည် ရရှိတဲ့ ဆုတွေနဲ့ကမကာမိဘူး။ ဒါပေမဲ့လည်းကိုယ့်ရဲ့ ပြည်နယ်ပွဲဆိုတော့ စည်ကားသိုက်မြိုက်အောင် ဝင်ရောက်ယှဉ်ပြိုင်ပေးတဲ့ သဘောပါပဲ။ တစ်ချို့ကလည်းဒီလောက်အထိကုန်ကျစရိတ်ကိုကျေးရွာအုပ်စုတစ်ခုနဲ့ မတတ်နိုင်တဲ့ အခါကျတော့ ဒုံးတွေ လျော့နည်းလာတာဖြစ်တယ် ”ဟုပြောသည်။

ပြိုင်ပွဲဝင် ဒုံးတစ်ဒုံးဖြစ်မြောက်ရန် တစ်နေရာစီမှလူစုရပြီးရက်၂ဝကျော် သင်ကြားရသည့်အတွက် နေစရိတ်၊ စားစရိတ်များအပြင် ဒုံးဝတ်စုံများအတွက်ပါအကုန်အကျများခြင်းစသည့်အခက်အခဲများကြောင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများမှ အပြည့်အဝထောက်ပံ့ကြေးပေးနိုင်မည်ဆိုပါကဒုံးအရေအတွက် ပိုများလာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ယခုနှစ် ကရင်ရိုးရာဒုံးအက ပြိုင်ပွဲတွင် ဒိုင်ချုပ်အဖြစ် စောခင်မောင်မြင့် ၊ ဒုဒိုင်ချုပ်အဖြစ် လှိုင်းဘွဲမြို့နယ်မှ ဆရာဦးစောအုန်းတင်နှင့်စောဝင်းကျော်ကျော်တို့မှအကဲဖြတ်ပေးမည်ဖြစ်ပြီးပထမဆုကျပ်သိန်း(၂၀) ၊ ဒုတိယဆုကျပ်(၁၅)သိန်း၊ တတိယဆုကျပ်(၁၀)သိန်းအပါအဝင် နှစ်သိမ့်ဆုနှင့် အခြားဆုများကိုလည်းချီးမြှင့်ပေးသွားမည်ဟု ပြိုင်ပွဲတာဝန်ရှိသူများကပြောသည်။

ယခင်နှစ် ၆၂နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားတွင် ကရင်ရိုးရာဒုံးအကဝင်ရောက်ယှဉ်ပြိုင်သည့် ဒုံးအဖွဲ့ ၁၆ဖွဲ့ ရှိခဲ့ပြီး နိုဝင်ဘာလရရက်မှ ၁ဝရက်နေ့အထိ ၄ရက်တာ ယှဉ်ပြိုင်ခဲ့ကာကော့ပရံကျေးရွာယဉ်ကျေးမှု စုပေါင်းဒုံးအဖွဲ့မှ ပထမဆုရရှိခဲ့ခြင်းဖြစ်သည်။

 

October 5, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...
October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...