ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) ရဲ့ ကိုယ်စားလှယ်လောင်း ဦးအွန်ခိုထန်းနှင့် တွေ့ဆုံမေမြန်းခြင်း

ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) ရဲ့ ကိုယ်စားလှယ်လောင်း ဦးအွန်ခိုထန်းနှင့် တွေ့ဆုံမေမြန်းခြင်း
by -
Salai Khup Khup

၂၀၁၈ နိုဝင်ဘာလ ၃ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တမူးမြို့မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြီင်မဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ဦးအွန်ခိုထန်း(ခ) ဦးချစ်မောင်နှင့် တွေ့ဆုံမေမြန်းခြင်း

မေး>>စစ်ကိုင်းတိုင်း တမှုးမြို့ မဲဆန္ဒနယ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြင့် အဓိကယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ဖြေ>>>စစ်ကိုင်းတိုင်းတမှုးမြို့ နယ် မဲဆန္ဒ(၂)မှာ အဓိကယှဉ်ပြိုင်တာက ချင်းပြည်နယ်ဒေသမှာက ချင်းလူမျိုးက လေးသိန်းကျော်ကျော်လောက်ဘဲ ရှိတာလေ ချင်းပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းလူမျိုးကခြောက်သိန်းကျော်ကျော်ရှိတယ် မိမိဒေသမိမိလူမျိုးတွေ တိုးတတ်ရာကြောင်းအတွက် ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေရဲ့ အခွင့်ရေးကို အထူးသဖြင့်မြှင့်တင်ပေးဖို့ နောက်ပြီးတော့ ချင်းတိုင်းရင်းသားဒေသမှာ ဖွံ့ ဖြိုးတိုးတတ်စေဖို့ နဲ့ အမှတ်(၂)အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး အတွက် ရသင့်ရထိုက်တဲ့ အခွင့်ရေးကို လမ်းကြောင်းအရ ပြုပြင်ပြောင်းလဲပြီးတော့ ဒေသဖွံ့ ဖြိုးရေးကို အဓိကထားပြီးတော့ ကျွန်တော်ကယှဉ်ပြိုင် မှာဖြစ်ပါတယ်။

မေး>>ကျန်တဲ့ နှစ်နှစ်ဝန်းကျင် သက်တမ်းမှာ ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံရမယ် ဆိုရင် ဦးစားပေးလုပ်ဆောင်မဲ့ အရာက ဘာဖြစ်မလဲ။

ဖြေ>>> ကျေးရွာအသီးသီးမှာရှိတဲ့ ဗမာရယ်၊ ချင်းရယ်လို့ မဟုတ်ဘဲ အမှတ်(၂)အတွင်းမှာရှိတဲ့ ကျေးရွာအသီးသီးမှာ ကော်မတီဖွဲ့ စည်းမှာဖြစ်ပါတယ်၊ အဲ့ ဒီကော်မတီတွေက မိမိဒေသမှာ ဘာဖြစ်လဲ၊ ဘာလိုအပ်လည်း အဲဒီကော်မတီရဲ့ ဆုံးဖြတ်ချက် အတိုင်းဘဲ ကျွန်တော်တို့ ကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး>>အခုလွှတ်တော်ကို်ယ်စားလှယ်တွေထက် ပိုပြီးစွမ်းဆောင်နိုင်မယ်လို့ ကိုယ့်ဟာကိုယ် ဘယ်လောက်ထိယုံကြည်မှုရှိလဲ။ အဲဒီအတွက် ဘယ်လိုကြိုးစား ပြင်ဆင်ထားသလဲ။

ဖြေ>>>လက်ရှိဒေသအတွင်းမှာ ယခုထက်ပိုပြီးမှ စွမ်းဆောင်နိုင်ပြီးတော့ ဖွံ့ ဖြိုးတိုးတတ်နိုင်ပါမယ်လို့ ကျွန်တော်အနေနဲ့ ပြင်ဆင်ထားတာရှိသလို၊ အခိုင်အမာ တည်ဆောက်ထားပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး>>အဓိကယှဉ်ပြိုင်ဖက်က ဘယ်ပါတီကဖြစ်မယ်လို့ ထင်လဲ။ ထင်ရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲ။

ဖြေ>>>ကြံ့ ခိုင်ရေးပါတီဖြစ်မယ်။ ကျွန်တော်တို့ ကတိုင်းရင်းသား ပါတီမို့လို့ပါ။

မေး>>ကိုယ့်မဲဆန္ဒနယ်တွေအတွက် အဓိက ကတိပေးရဲတဲ့ အချက်တွေကို ပြောပြပေးလို့ ရမလာ။

ဖြေ>>>လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီးမှ အဓိကလိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေးပေါ့ ဒုတိရအနေနဲ့ တမှုးမြို့ ဟာနယ်စပ််မြို့ ဖြစ်ပါတယ် ခရိုင်လည်း ဖြစ်သလို မဟာဓာတ်အားလိုင်းကို ကျွန်တော်တို့ အရဆွဲယူနှိုင်ဖို့ မျော်မှန်းထားတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...