Published
Friday, August 17, 2018
ချင်းဘာသာ အစီအစဉ် (သြဂုတ်လ ၁၇၊ ၂၀၁၈)
မလေးရှားကနေ ပြန်လာတဲ့ ချင်းဒုက္ခသည် ၂ ဦး အဖမ်းခံရတာနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေက တခြားအမှုတွေ ဖယ်ထားပြီး ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ချင်းမီဒီယာကွန်ရက်အနေနဲ့ ချင်းဂျာနယ်လစ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ သြဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ချင်းပုံနှိပ်မီဒီယာတွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကိုလည်း တင်ပြမှာ ဖြစ်ပါတယ်။
ကလေးမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ နတ်တံခါးချောင်းတံတားဟာ တောင်ကျရေကြောင့် ပျက်စီးသွားတဲ့အတွက် ဒေသခံတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။