ဖက်ဒရယ်ပညာရေးအကြောင်း ပြောကြပါစို့(Federal Education)

ဖက်ဒရယ်ပညာရေးအကြောင်း ပြောကြပါစို့(Federal Education)

ပညာရေးဆိုင်ရာပြောင်းလဲမှုခေါင်းစဉ်များတွင်စိုးစဉ်းငယ်မျှမကြားရ၊မမြင်ရ၊မဖတ်ရှုရသေးသည်မှာကားဖက်ဒရယ်ပညာရေးအကြောင်းပင်ဖြစ်ပါ၏။ ခေတ်အဆက်ဆက်မျက်ကွယ်ပြုထားခဲ့ကြသည်။

တလွဲပုံဖျက်ထားကြသည့်ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ရန်လိုအပ်ချက်ကိုတော့ဖြင့်၂၀၁၂-၂၀၁၅မြန်မာ့နိုင်ငံရေးသမားများပိုမိုစိတ်ဝင်စားမှုရှိလာသည်ကိုတွေ့ရပါသည်။

တိုင်းရင်းသားများ၏ဘဝများ၊ဆန္ဒများ၊ရှင်သန်မှုများနှင့်ထပ်တူကျနေသည်မှာစစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ဟူ၍ကျွန်တော်သုံးသပ်မိပါသည်။

ဖက်ဒရယ်ပညာရေးစနစ်နိဒါန်း

ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်တွင်(ဗဟို)အစိုးရ၏ပညာရေးဆိုင်ရာ တာဝန်နှင့် ဝတ္တရားတို့ကို် ပိုင်းဖြတ်ပေး ထားပါသည်။ 

အထူးသဖြင့်ဖက်ဒရယ်အစိုးရသည်အမျိုးသားပညာရေးမူဝါဒများနှင့်တစ်နိုင်ငံလုံးအပေါ်လွှမ်းခြုံစေမည့် ပညာရေး အစီအစဉ်များကို ချမှတ် ရေးဆွဲသည်။

ပညာရေးတန်းတူညီမျှခြင်းကိစ္စရပ်များ၊ကလေးတိုင်း 

ပညာသင်ကြားခွင့်ရရှိရေးကိစ္စများ၊အရည်အသွေးမြင့်မားရေးကိစ္စများနှင့်အဆင့်မြင့်နှင့်နိုင်ငံတကာပညာရေး၊ပညာရှင်အဆင့်သုတေသနလုပ်ငန်းရပ်များကို တာဝန်ယူပါသည်။

ဖက်ဒရယ်ပညာရေးဝန်ကြီးထားရှိပြီးပါလီမန်တွင်လည်းပညာရေးအတွင်းဝန်များထားရှိသည်။ပြည်နယ်အလိုက်ပညာရေးဝန်ကြီးဌာနကိုထားရှိကြသည်။

ပညာရေးအသုံးစရိတ်အားဖက်ဒရယ်အစိုးရ(ဗဟိုအစိုးရ)၏ပြဌာန်းချက်များအပေါ်အခြေခံ၍သက်ဆိုင်ရာပြည်နယ်အစိုးရများကလွတ်လပ်စွာတာဝန်ယူ ဆောင်ရွက်ရသည်။

ဖက်ဒရယ်နှင့်ပြည်နယ်အစိုးတို့ကတိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုမရှိဘဲကိုယ်ပိုင်ကျောင်းများ၊အမျိုးသားကျောင်းများတွင်မှာလည်းကိုယ်ပိုင်မူဝါဒများ ချမှတ် ကျင့်သုံးနိုင်ခွင့် ရှိသည်။

တစ်ပြည်နယ်လုံးရှိကျောင်းနေအရွယ်ကလေးငယ်တိုင်းစာသင်ခန်းအတွင်းရှိနေပြီးအရည်အသွေးမြင့်အခမဲ့ပညာရေးရရှိစေရေးမှာပြည်နယ်အစိုးရများတွင် အဓိက တာဝန်ရှိသည်။

အနွမ်းပါးဆုံးမိသားစုမှကလေးငယ်များအရည်အသွေးပြည့်မီသောအခြေခံပညာရေးကိုဆုံးခန်းတိုင်အောင်တက်ရောက်ခွင့်ရရှိရေးမှာဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတွင်းရှိ ပြည်နယ်အစိုးရများ၏ ပင်မတာဝန်ဖြစ်သည်။ 

ပြည်နယ်အစိုးရ၏အောင်မြင်မှုကိုစစ်ဆေးတိုင်းတာနိုင်သောစံသတ်မှတ်ချက်တစ်ခုဟုလည်း ဆိုကြသည်။ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင်ပြည်နယ်ပညာရေးဌာနကမိမိတို့သက်ဆိုင်ရာပြည်နယ်များအတွင်းရှိပြည်သူလူထု၏ပညာရေးကိုမူကြိုအဆင့်မှသည်မူလတန်း၊အလယ်တန်းနှင့်အထက်တန်းပညာရေးကိုလုံးဝတာဝန်ယူဆောင်ရွက်သည်။

ပုဂ္ဂလိကလွတ်လပ်ခွင့်ရှိသဖြင့်သီးသန့်ကျောင်းများကိုလည်းဖွင့်လှစ်ခွင့် ပေးထားပါသည်။ သက်မွေးဝမ်းကျောင်းပညာရေးကိုပြည်နယ်အစိုးရများကတစ်စိတ်တစ်ဒေသ တာဝန်ယူပါသည်။သက်မွေးဝမ်းကျောင်းပညာရေးနှင့်အဆင့်မြင့်တက္ကသိုလ်ပညာရေးမှာမည်သည့်အစိုးရလက်အောက်တွင်မှ မရှိပါ။

ဖက်ဒရယ်အစိုးရဖြစ်ဖြစ်၊ပြည်နယ်အစိုးရများကဖြစ်စေတက္ကသိုလ်ပညာရေးကိုတိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့် မရှိပါ။

ဆရာအတတ်သင်ပညာရေးကိုအစိုးရလက်အောက်ခံမဟုတ်သောကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရသောတက္ကသိုလ်များနှင့်ပြည်နယ်အစိုးရပညာရေးဌာနတို့က ပူးပေါင်း ဆောင်ရွက်သည်။

တက္ကသိုလ်များကဆရာအတတ်ပညာသင်ကြားရေး၊ဘွဲ့ချီးမြှင့်ပေးအပ်ခြင်းကိစ္စများဆောင်ရွက်ပြီးပြည်နယ်အစိုးရများကအသိအမှတ်ပြုဆရာအတတ်ပညာလိုင်စင်ကိုထုတ်ဝေးခြင်းဖြစ်သည်။

ပြည်နယ်အစိုးရများကအသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုကပညာရေးဘွဲ့ရရှိထားသူများ၏ရိုးသားဖြောင့်မတ်မှု၊ကလေးသူငယ်များနှင့်သင်ကြားရေးအလုပ်လုပ်ကိုင်နိုင်စွမ်း၊သင်တော့်မှုရှိမရှိ၊အကျင့်စာရိတ္တနှင့်အခြားအချက်အလက်များကိုစစ်ဆေးပြီးမှသာလျှင်“သင်ကြားရေးလိုင်စင်”ထုတ်ပေးသည်။

ပညာရေးတက္ကသိုလ်မှဘွဲ့ဒီဂရီနှင့်ပြည်နယ်အစိုးရအသိအမှတ်ပြုဆရာအတတ်ပညာလိုင်စင်ရရှိထားသူမှသာလျှင်စာသင်ခန်းအတွင်းဝင်ရောက်ပြီး ကျောင်းဆရာလုပ်ခွင့်၊ သင်ကြားခွင့် ရှိသည်။

ဆရာအတတ်ပညာလိုင်စင်မရရှိပါကမဟာဘွဲ့များ၊ပါရဂူဘွဲများရရှိထားသူများပင်ဖြစ်စေကာမူကျောင်းစာသင်ခန်းအတွင်းဝင်ရောက်၍စာသင်ကြားခွင့် မရှိပါ။ 

ဤသည်မှာဥပဒေပြုပြဌာန်းထားသည့်ဖက်ဒရယ်ပညာရေးဆိုင်ရာဆရာအတတ်ပညာရေးကဏ္ဍတစ်စိတ်တစ်ဒေသဖြစ်သည်။

November 27, 2024
တိုက်ပွဲဖြစ်ခြင်းမရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က လုမ်သဲကျေးရွာကို ယမန်နေ့ နိုဝင်ဘာလ ၂၆...
November 25, 2024
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး...
November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...