Published
Monday, July 30, 2018
မြန်မာဘာသာ အစီအစဉ် (ဇူလုုိင်လ ၂၉ ၊ ၂၀၁၈)
ဒီနှစ် သီးနှံစိုက်ပျိုးချိန် ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်ဖွဲ့နဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အကြား၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်ပွားတာကြောင့် ပြည်သူတွေထောင်နဲ့ချီ တိမ်းရှောင်ခဲ့ကြရပါတယ်။
စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာ ၆ ရွာ ပြောင်းရွှေ့နေရပြီး ပျောက်ကွယ်သွားတဲ့ကျေးရွာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်မှာတော့ တပ်မတော်စွန့်လွှတ်မြေပေါ်မှာ အစိုးရခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့့ အဆောက်အဦတွေကို သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေး အာဏာပိုင်တွေက ဝင်ရောက်ရှင်းလင်း ဖယ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။