ဌာနေပြည်သူအား စာနာနားလည်မှုဖြင့် ဆုံးဖြတ်လုပ်ဆောင်ကြမှသာ အရာရာငြိမ်းချမ်းမည်

ဌာနေပြည်သူအား စာနာနားလည်မှုဖြင့် ဆုံးဖြတ်လုပ်ဆောင်ကြမှသာ အရာရာငြိမ်းချမ်းမည်

၂၀၁၈ခု ဇူလိုင်လ ၁ရရက်နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ စံပရီးကျေးရွာအုပ်စုတွင် ကျေးရွာသူကျေးရွာသားများ နေထိုင် လျှက်ရှိသည့် နေအိမ်၊ ခြံအကာများကို ဖြိုချဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း နေအိမ်ဖျက်ဆီးခံ ရသည့် ရွာသူအမျိုးသမီး အများစု၏ ရင်ဖွင့်သံများထဲတွင် အစိုးရ သို့မဟုတ် ခရိုနီများက ယင်းသို့သော အနိုင်ကျင့်မှုလုပ်ရပ်ကို လုပ်ဆောင်နေသည်ဟု ပြောဆိုနေကြပြီး သင့်တင့်လျောက်ပတ်သော ဖြေရှင်းမှုကို လိုလားနေကြသည်။

အဆိုပါမြေနေရာများမှာ ဒေသခံ ကျေးလက်နေသူများ၏ ဘိုးဘွားပိုင်မြေများဖြစ်ပြီး ယင်းကို စစ်တပ်က တပ်ပိုင်မြေအဖြစ် သိမ်း ဆည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုမှတဆင့် စစ်တပ်က ပြန်လည်စွန့်လွှတ်ထားသော တပ်စွန့်မြေကို မူလ ရွာသူရွာသားများ က အတော်ကြာကြာ အချိန်ယူကာ ခုတ်ထွင်ရှင်းလင်းပြီး နေအိမ်များဆောက်လုပ်ပြီး အတည်တကျ နေထိုင်လာခဲ့ကြသည်။

တစ်ဖက်တွင်လည်း ကေအဲန်ယူက ဒေသခံများ၏ ဘိုးဘွားပိုင်ဆိုင်ရာမြေကို ပြန်လည်အကွက်ချပေးကာ ၎င်းတို့အတွက် မြေ ယာပိုင်ဆိုင်ခွင့်လက်မှတ်(ဂရန်) ထုတ်ပေးထားသည့်သဘောလည်း ရွာသူအမျိုးသမီးများ၏ ပြောဆိုမှုများ ရှိနေသည်။ တပ်စွန့် လွှတ်၍ မြေလွတ်မြေရိုင်းဖြစ်နေသည့် ထိုမြေနေရာကို မိသားစုတစ်စုလျှင် ပေ ၆၀ x ၁၂ဝအကျယ်ရှိ မြေတစ်ကွက်နှုန်းဖြင့် ဥယျာဉ်ခြံမြေအတွက် မြေဧကပေါင်း ၂ဝဝကျော်ကို ၂၀၁ရခုနှစ်က အကွက်ချပေးထားသည်ဟုလည်း ကေအဲန်ယူ ထီလုံမြို့နယ် နှင့် ဗဟိုကလည်း ထုတ်ဖော်ပြောဆိုသည်။

စံပရီးကျေးရွာအုပ်စု၊ စံဖနုံရွာအနားရှိ တပ်စွန့်လွှတ်ထားသည့် မူလမြေ ၁၁၂၈.၉၃ဧကအနက် ၉၂၈.၉၃ဧကကို နိုင်ငံတော်ပိုင်မြေ အဖြစ် သတ်မှတ်ထားရှိပြီးဖြစ်သည့်အတွက် ၁၉၈၉ခုနှစ် မြန်မာနိုင်ငံအောက်ပိုင်းမြို့ရွာရှိ မြေယာအက်ဥပဒေ ပုဒ်မ၂၁(၁)အရ ၎င်းမြေပေါ်တွင် အစိုးရခွင့်ပြုမိန့်မရဘဲ နေထိုင်လုပ်ကိုင်သူများအား အမိန့်စာပါနေ့မှစ၍ ၁၄ရက်အတွင်း ပြောင်းရွှေ့ပေးရန် ဖားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ၃ဝရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိနေထိုင်ကြသူ ဌာနေဒေသခံများသည် အစိုးရ သို့မဟုတ် သက်ဆိုင်ရာဌာနက မည်သည့်လတွင် အဆိုပါစွန့်လွှတ်မြေကို မည်သည့်အချိန်တွင် နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ကြောင်း သိရှိထားကြခဲ့ဟန်မရှိပေ။ ၎င်းတို့အနေဖြင့် ယခုမြေနေရာမှ ပြောင်းရွှေ့ပေးရမည့် အချိန်ကာလ ရက်သတ္တနှစ်ပတ်မှာ တိုတောင်းလွန်းလှသလို မြေယာဆိုင်ရာ ဥပဒေများကိုလည်း ဂဃနဏ နားလည်ထားမှုမရှိသည့်အပြင် မည်သို့သော အရေးယူ ဆောင်ရွက်မှုများရှိသည်ကိုလည်း ဗဟုသုတအဖြစ်ပင် ကြိုတင် သိရှိ ထားမည့်ပုံမပေါ်ကြ။ ဝဿန်ကာလ ရာသီသည် နေရာဒေသတစ်ခုသို့ ရွှေ့ပြောင်းရန်အလို့ငှာ လွယ်ကူမြန်ဆန်စွာ လုပ်ဆောင် နိုင်သည့် အခါသမယ မဟုတ်သည့်အပြင် ယခုနှစ်တွင်မှ မိုးကြီး လေကြီး ရေကြီး မီးပျက် စားဝတ်နေရေးခက်ခဲမှုနှင့် ပြည်သူများ ရင်ဆိုင် ကြုံတွေ့နေကြရသည်။

ထိုရှင်းလင်းမြေကိစ္စနှင့်ပတ်သက်၍လည်း ပြည်နယ်အစိုးရ အပါအဝင် သက်ဆိုင်ရာ ဦးစီးဌာနများက ဒေသခံပြည်သူများ၏ ရင်ဖွင့်သံများနှင့် တပြေးညီ တုန့်ပြန်သံ၊ ရှင်းလင်းသံများ လုပ်ဆောင်ပေးသင့်သည်။ အကယ်၍ အပြန်အလှန် နားထောင်ပေး ခြင်း၊ ညှိနှိုင်းဆွေးနွေး၊ အဖြေရှာကြခြင်းများကို လုပ်ဆောင်မည်ဆိုလျှင် ဖြေရှင်းသွားမည့် နည်းလမ်းတစုံတရာကို သေချာစွာ ရှာ ဖွေသွားနိုင်မည် ဖြစ်သည်။ ဌာနေပြည်သူများသည် မိမိတို့၏ မဲဆန္ဒရှင်များ၊ မိမိတို့ကို အားကိုးအားထားပြုသူများဖြစ်ရာ ၎င်းတို့ အတွက် ထိခိုက်နစ်နာမှု နည်းပါးသော၊ ဆုံးရှုံးမှုမဖြစ်စေသော ဆောင်ရွက်ချက်များကို ပြုလုပ်သွားသင့်သည်ဟု ရှုမြင်သည်။

မည်သို့ပင်ဆိုကြစေ ထိခိုက်နစ်နာနေကြသူများ၏ ဆုံးရှုံးမှုများကို စာနာနားလည်ကူညီနိုင်ရေးအတွက် ပါဝင်ပတ်သက်သူ အသီး သီးနှင့် အကြံပေးကူညီနိုင်ကြသူများက သေချာစွာ ပြန်လည်သုံးသပ်ပြီး အသင့်တော်ဆုံး အနေအထားကို ဆွေးနွေးတိုင်ပင်ရင်း အကောင်းဆုံးနည်းလမ်းကို ရှာဖွေကာ အချိန်၊ ရာသီနှင့်အမှီ လုပ်ဆောင်သွားသင့်ပါကြောင်း တိုက်တွန်းလိုပါသည်။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...