ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးအသစ် ဦးစိုးထက်နှင့် တွေ့ဆုံမေးမြန်းခြင်း

ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးအသစ် ဦးစိုးထက်နှင့် တွေ့ဆုံမေးမြန်းခြင်း
by -
Salai Hung Tun Gei

"မြို့ပြစီမံကိန်း ဧကတစ်ရာကိစ္စကို အခုလက်စသတ်နေတယ်။ အဲဒါပြီး ရင်တော့ ဧက ငါးရာ နောက်ထပ်ဖော်မယ်။ ကျောဘုတ်ရပ်ကွက် ဖက်မှာလည်း ဧက ငါးရာခြောက်ရာလောက်ကိုလည်းဖော်ထုတ်မယ်။ အိမ်မရှိသေးတဲ့သူတွေ အိမ်အဌားနေတဲ့ သူတွေ၊ ဝန်ထမ်းအငြိမ်း စားတွေကို နေရာထပ်ချပေးဖို့ ဆိုပြီးတော့ ဆောင်ရွက်နေတယ်"

မေး။ ။ ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်း ဝန်ကြီးအသစ်နေရာ တာဝန်စထမ်း ဆောင်လာချိန်မှာ ဘယ်လိုစိန်ခေါ်မှုတွေကြုံရသလဲ။

ဖြေ။ ။ ဟားခါးကို ဇွန်လ ( ၂၉ ) ရက်နေ့ကရောက်ပြီး (၃၀)ရက်နေ့မှာ ဝန်ကြီးတာ ဝန်အတွက် ကျမ်းကျိမ်တယ်။ ပြီးတော့ဝန်ကြီးတာဝန်စတင်ထမ်းဆောင်တယ်၊ လက်ရှိကြီးကြီးမားမား တာဝန်ထမ်းဆောင်ရမှာက ဟားခါးမှာစျေးတည် ဆောက်ရမယ့်ကိစ္စ ဘက်ဂျက်ကျော်ပြီး တည်ဆောက််တာတွေရှိတယ်။ နောက်ပြီးဟားခါးမြို့ပေါ် ရေပေးဝေရေးလုပ်တာ နှစ်နှစ်သုံးနှစ်ကြာပြီ။ အဲဒါမပြီးသေးဘူး။ အဲဒီအတွက်ကို ဟားခါးမြို ့ပေါ်မှာကို ကြီးကြီးမားမားနှစ်ခုပေါ့။ နောက်တစ်ခုကမြို့ပြ စီမံကိန်းလုပ်နေပေမဲ့ ဌာနဆိုင်ရာလုပ်ငန်းအဆင့်မပြတ်တာရယ်။ ဒေသမှာရှိတဲ့ အရင်တုန်းကပိုင်ဆိုင်ခဲ့ တယ်ဆိုတဲ့ဘိုးဘွားပိုင်မြေဆိုတာတွေကြောင့် နည်းနည်းအခက်အခဲရှိတယ်။ အခုပြည်သူလူထုနဲ့ ညှိနှိုင်းပြီးတော့ အဆင်ပြေအောင် ဧကတစ်ရာကိစ္စကို အခုလက်စသတ်နေတယ်။ အဲဒါပြီးရင်တော့ ဧကငါးရာ နောက်ထပ်ဖော်မယ်။ ကျောဘုတ်ရပ်ကွက်ဖက်မှာလည်း ဧက ငါးရာခြောက်ရာလောက်ကိုလည်းဖော်ထုတ်မယ်။ အိမ်မရှိသေးတဲ့သူတွေ အိမ်အဌားနေတဲ့သူတွေ၊ ဝန်ထမ်းအငြိမ်းစားတွေကို နေရာထပ်ချပေးဖို့ဆိုပြီးတော့ ဆောင်ရွက်နေတယ်။

မေး။ ။ ဒီဝန်ကြီးနေရာကနေကိုင်တဲ့ လုပ်ငန်းတွေမှာ အရင်က ဘယ်လိုအားနည်းချက်တွေ ရှိနေခဲ့တယ်လို့ တာဝန်စထမ်းဆောင်ချိန်မှာ မြင်မိတာမျိုးရှိလား။ ဝန်ကြီးအနေနဲ့ ကော ဘယ်လိုယုံကြည်မှုနဲ့ ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ။

ဖြေ ။ ။ စည်ပင်၊ စက်မှုလက်မှုဝန်ကြီးဌာန အပြင်ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကိုပါ တာဝန်ယူရတယ်။ စည်ပင်နဲ့ ဆိုင်တဲ့ မြို့ရွာတွေမှာ သူ့ ဟာသူတော့လည်ပတ် နေပေမယ့် စနစ်တကျလည်ပတ်ဖို့ တော့လို်သေးတာပေါ့။ မြို့ပြစီမံန်ကိန်းတွေမြန်မြန်အကောင် အထည်ဖော်ဖို့ မြို့ပြပုံစံလေးတွေတည်ဆောက်ဖို့ စည်ပင်တွေမှာလုံးဝတာဝန်ရှိတယ်။ အဲဒါကိုလည်းကျွန်တော်တို့ အထွေထွေ အုပ်ချုပ်ရေးနဲ့ ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ နောက်ပြီး လျှပ်စစ်ကလည်းကျွန်တော်တို့ က အခုမှမဟာဓာတ်အားလိုင်း ရတာ လေးမြို့ငါးမြို့ဘဲရှိသေးတယ်။ အခုမတူပီရဖို့ လုပ်နေတယ် နောက်ပြီးမှ တီးတိန်မှာ လုပ်မယ် နောက်ပြီးမှပလက်ဝကိုကျောက်တော်ဘက်နေဆွဲပြီး ပေးဖို့စီစဉ်နေတယ် မဟာဓာတ်အားလိုင်းအားလုံး လွှမ်းခြုံနိုင်ဖို့လုပ်နေပါတယ်။ နောက်ပြီးမဟာဓာတ်အားလိုင်း နောက်ဆယ်နှစ် နှစ်နှစ်ဆယ်အတွင်း မရနိုင်တဲ့နေရာမျိုးအတွက် ရေအားလျှပ်စပ်လုပ်ဖို့ စီစဉ်နေတယ်။ အခုဆိုရင်မတူပီမြို့နယ် ရေဇွာမှာဆိုရင်လည်း မဟာဓာတ်အားလိုင်းပေးဖို့ အခြေနေမပေးသေးတော့ အခုအဲဒီကို (၁.၂မီကာဗိုက်)ရေအားလျှပ်စစ်အတွက် ပြီးခဲ့တဲ့နှစ်ကစပြီး တည်ဆောက်ရေးလုပ်ငန်းတွေစနေပြီ။ နောက်နှစ်နှစ် သုံးနှစ်တွင်းမှာဆိုရင် (၁.၂မီကာဗိုက်)ကိုရဖို့ လုပ်နေတယ်။ နိုင်ငံတော်ရဲ ့ဘက်ဂျက် (၆.၂ဘီလီယံ) လောက်သုံးဖို့ ဆောင်ရွက်နေတယ်။

မေး။ ။ ဟားခါးစျေးကိစ္စက အရည်အသွေးမပြည့်မီလို့ ပြန်ဖျက်လိုက်တာနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လက်ဆောင်ရွက်သွားမှာလဲ။

ဖြေ။ ။ စျေးကိစ္စကျတော့ ကျွန်တော်တို ့ပထမဒီဇိုင်းကိုနှစ်ထပ်ခွဲနဲ ့လုပ်ပြီးတော့ နိုင်ငံတော်ကထည့်ဝင်ငွေ သန်းခြောက်ရာနဲ ့လူထုထည့်ဝင်ငွေ သန်းသုံးရာ့သုံးဆယ် စုစုပေါင်း သန်းကိုးရာသုံးဆယ်နဲ ့ ဆောက်ဖို ့လုပ်တာ။ အမှန်ကနိုင်ငံတော်က ထည့်ဝင်ငွေသန်းခြောက်ရာနဲ ့ နှစ်ထပ်ခွဲကိုလုပ်ဖို ့ ဒီဇိုင်းဆွဲခဲ့ တယ် အဲဒါပြီးတော့မှ လူထုထည့်ဝင်ငွေသန်းသုံးရာ သုံးဆယ်ထည့်တယ် ။ သန်းကိုးရာသုံးဆယ်နဲ ့ ကျတော့နှစ်ထပ်ခွဲလုပ်မယ်ဆိုပြီး ဖြစ်သွားတယ်။ အဲဒီလိုလုပ်တဲ့ ခါကြတော့ ဒီဇိုင်းကနည်းနည်းလေး အပြောင်းအလဲဖြစ်သွားတယ် ။ သန်းခြောက်ရာနဲ့ဒီဇိုင်းဆွဲတယ် ကုမ္ပဏီနဲ့လည်း စာချုပ်မချုပ်ဆိုခဲ့ဘူး။ ဒီဇိုင်းလည်းမပြတ်သေးဘဲနဲ ့ ဖောင်ဒေးရှင်းကို မြန်မြန်လုပ်လိုက်ကြတယ်။ ဒီဇို်င်းကလည်း လုံလောက်တဲ ့ အရည်အသွေးမပြည့်ဘူး။ ကျွန်တော်တို ့ သန်းကိုးရာသုံးဆယ် နဲ့ ဆောက်မယ့် သုံးထပ်ခွဲဒီဇို်င်းကို အဲဒီလိုလုပ်တဲ့အခါကျတော့ ဖောင်ဒေးရှင်းကဘယ်လိုမှ အဆင်မပြေဘူး။ အဲကျတော့ ကျွန်တော်တို ့တာဝန်ရှိတဲ့သူတွေ စစ်ဆေးတယ် ။ စည်ပင်ကော်မတီတွေကစစ်ဆေးတယ် ။ ဒီဟာကဘယ်လိုမှ စံချိန်စံညွန်းမပြည့်တော့ ဆောက်တဲ ့ဟာကိုရပ်ခိုင်းလိုက်တယ်။ အဲဒီလိုလုပ်တဲ့အချိန်မှာသူတို့ က ကုမ္ပဏီအနေနဲ့ နစ်နာမှုရှိပါတယ်လို ့လူကြီးတွေကိုတင်ပြတဲ့ ခါကျတော့ ကျွန်တော်တို ့ ကလည်းသူတို ့ရဲ ့ကုန်ကျစရိတ် အထိုက်လျောက်ကို စာရင်းစစ်ချုပ်တွေက စစ်ဆေးပြီးတော့ ကုန်ကျစရိတ်ကို သန်းကိုးဆယ်ကို ပြန်အမ်းလို်က်တယ်။ အစိုးရရန်ပုံငွေရော ပြည်သူ ထည့်ဝင်ငွေရောမသုံးပါဘူး။ စည်ပင်ထဲက ပိုလျှံငွေနဲ့ ပြန်အမ်းခဲ့တာပါ။ အခု သုုံးထပ်ခွဲဒီဇိုင်းလုပ်တဲ ့အချိန်မှာ ကုမ္ပဏီနဲ ့မလုပ်တော့ဘဲနဲ ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို အပ်လိုက်တယ်။ ဒီဇို််င်းထွက်ပြီ ကုန်ကျစရိတ်တွေလည်းထွက်လာပြီ။ အရည်အသွေးလည်း ပိုကောင်းတယ်။ စျေးတော့ပိုများသွားတယ်။ ကုန်ကျစရိတ်သန်း တစ်ထောင့်ငါးရာနဲ ့ခြောက်ဆယ့်နှစ်သန်း အဲလောက်ထိ်ဖြစ်သွားပြီ။ အခုအဲဒီဟာပြီးဖို ့က ဆောက်လုပ်ရေးကညွန်ကြားတဲ့အတိုင်း ဆောက်လို ့မရဘူး။ သမ္မတရုံး ကခွင့်ပြုမှသာဆောက်လို့ ရမှာကြောင့် နိုင်ငံတော်ရဲ ့ခွင့်ပြုမိန် ့ကို စောင့်နေရတဲ့ကာလဖြစ်တယ် မကြာခင်ရက်ပိုင်းမှာတော့ခွင့်ပြုမိန် ့ရမယ်လို ့မျော်လင့်ပါတယ်။ အဲဒါရရင်ဆောက်တဲ့ကာလက လောလောဆယ်က တစ်နှစ်ပေါ ့ ။ နှစ်ထောင့်ဆယ့်ကိုးမှပြီးမယ်လို့ မျော်မှန်းထားတယ်။

မေး။ ။ လက်ရှိ စျေးသည်တွေရဲ့ အခြေအနေကော ဘယ်လိုရှိသလဲ။

ဖြေ။ ။ စျေးသည်တွေကတော့ ကျွန်တော်မရောက်ခင်မှာတည်းက ရွေ့လိုက်ရတယ် ။ ဘောလုံးကွင်းမှာပဲ။ အခုက စျေးတည်ဆောက်ဖို့ ကုန်ကျစရိတ်ကပိုလာတယ်။ ပိုလာတော့နဂိုမှုလ ဆိုင်ခန်းပိုင်ရှင်ကလည်း (၇၁)ဦးရှိတယ်။ အခန်းကျတော့ ကျွန်တော်တို ့ (၁၂၅)ခန်း ဒီဇိုင်းအရထွက်ပြီ။ ဆိုတော့(၅၃)ခန်းပိုလာတယ်။ (၅၃)ခန်းကိုဝယ်ချင်တဲ့ သူကတော့ လေးငါးရာလောက်ရှိတယ်။ ကျွန်တော်တို့က သိပ််လျော့ရောင်းလို့ မရတဲ့ တင်ဒါစနစ်နဲ ့ရောင်းဖို ့စနစ်တွေ စီမံထားတယ်။

မေး။ ။ ဟားခါးမြို့ပြတိုးချဲ့တာနဲ့ပတ်သက်ပြီး ဒေသခံအချို့က ဆန္ဒဖော်ထုတ်တာမျိုး လည်းရှိခဲ့ဘူးတယ်။ အဲဒီကိစ္စကိုကော ဘယ်လိုဆက်လုပ်မလဲ။

ဖြေ။ ။ မြို ့ပြစီမံန်ကိန်းကလည်း အခုဧကတစ်ရာလုပ်တဲ့ အချိန်မှာ မြေပိုင်ဆိုင်မှု ရှိိခဲ့ သူကို အရင်ခေါ်ပြီးတော့ ဆွေးနွေးတယ်လို ့ပြောပါတယ်။ ဝန်ကြီးအိုက်ဇက်ခင် နဲ့ လည်းဆွေးနွေးဖူးတယ်။ စည်ပင်ကော်မတီတွေနဲ ့လည်းဆွေးနွေးဖူးတယ်။ ဒါပေမဲ့ အဲဒီမှာ လူမစုံတာမျိုးဖြစ်ခဲ့တယ်ထင်တယ်။ အခုအိမ်ယာမြေကွက်တွေ (၂၇၅)ကွက်ချတယ်။ ရုံးဌာနအချို ့လည်းပါတယ်။ အိမ်ယာမရှိသေးတဲ့သူတွေ မုဆိုးမတွေ နောက်ဝန်ထမ်းအငြိမ်းစားတွေ ဘာသာရေးအသင်းဖွဲ ့တွေပေးတဲ့ ခါကျတော့ အခုကအိမ်ယာမြေကိုတိုင်းတာတဲ့ အခါကျတော့ နဂိုဘိုးဘွားပိုင်မြေအဖြစ်ပိုင်ဆိုင်ခဲ့တယ်ဆိုသူတွေက ခြံစည်းရိုးကာတာတွေ လုပ်တော့ နည်းနည်းလေးအခက်အခဲဖြစ်တယ်။ ဒါလည်းအောက်ခြေမှာတော့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်နေပါတယ်။ ဧကငါးရာ မြို့ပြစီမံကိန်းထပ်မံဖော်မယ့်ကိစ္စမှာတော့ တောင်သူတွေနဲ့ ဥယာဉ်ခြံမြေသမားတွေကိုလည်း ကျွန်တော်တို့ ခေါ်ယူပြီးတော့ သေချာညှိနှိုင်းပြီးတော့ ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ အဲဒါကတော့ မြေစရင်းတိုင်းတွေကဧရိယာတိုင်းပြီးတော့ မြို ့ကွက်ပုံစံကို ဖော်ဖို့ လုပ်နေပါတယ်။ အခုဒီလလယ်လောက်ကျရင် မြေယာတိုင်းတဲ့ ကိစ္စပြီးအောင် ဆောင်ရွက်နေပါတယ်။

 

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...