ဒေသအလိုက် ကရင်လူထုတွေ့ဆုံပွဲမှ Focal Person အမြင်သဘောထား

ဒေသအလိုက် ကရင်လူထုတွေ့ဆုံပွဲမှ Focal Person အမြင်သဘောထား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအတွက် သက်ဆိုင်ရာ ဒေသအလိုက် လူမျိုး ကို အခြေခံသော လူထုတွေ့ဆုံပွဲမှ သဘောထားစာတမ်းများကို ရယူခဲ့ရပြီး ထိုသဘောထားစာတမ်းများကို ရယူရာတွင် ကြုံတွေ့ ရသည့် အခက်အခဲနှင့် ယင်းသဘောထားများမှာ ဒေသအလိုက် ကရင်လူထုများ၏ သဘောထားအားလုံးကို လွှမ်းခြုံနိုင်မှုရှိ၊ မရှိ အခြေအနေများကို ဒေသအလိုက် Focal Person အချို့၏ အမြင်သဘောထားများကို စုစည်းထားသည်။

မန်းထိန်ဝင်းစိန် (ဧရာဝတီတိုင်း Focal Person)

လူထုတွေ့ဆုံပွဲကို ဒေသအလိုက် လုပ်ဖို့နေရာတွေကျတော့ ကျနော်တို့ ဧရာဝတီတိုင်းမှာ ဒေသအလိုက်လုပ်ဖို့ သက်ဆိုင်ရာ ဧရာ ဝတီတိုင်းအစိုးရအဖွဲ့ကိုတင်ပြ ပေမဲ့ ခွင့်ပြုချက်မရ ဘူး။ ပဲခူးဆိုမရ ဘူး၊ ရန်ကုန်ဆိုမရ ဘူး။ တနင်္သာရီဆိုမ ရဘူး။ အဲ့လိုဖြစ်တာ ကိုး။ အဲ့တော့ ပြန်လည်ပြီး ဆုံပြီးတော့ Plan A အနေ နဲ့ ကိုယ့်ဒေသ မှာ ကိုယ်ခွင့်ပြုချက် တင်လို့မရဘူးဆိုရင် Plan B အနေနဲ့ ဘာလုပ်ကြမလဲ ဆိုပြီး ထို့ကော်ကိုးမှာပြန်ဆုံပြီးတော့ သီးခြားအစည်း အဝေး ထိုင်ကြတယ်။ အစည်းအဝေးထိုင်တဲ့အခါ Plan B အနေ နဲ့ EAO ထိန်းချုပ်နေ ရာမှာ သွားလုပ်ကြမယ်ဆိုပြီး အဲ့လို ဆုံးဖြတ်ချက်ချတယ်။

အဲ့လို ဆုံးဖြတ်တဲ့အခါမှာ ရန်ကုန်နဲ့ ဧရာဝတီက တောင်ငူခရိုင်၊ ထိုလွီဝါး အထက်တန်း ကျောင်းမှာလုပ်ဖို့ ဆုံးဖြတ် လိုက် တယ်။ တောင်ငူခရိုင် ကေအဲန်ယူက လည်းပဲလက်ခံပေး တယ်။ အဲ့တော့ ကျနော်တို့က ပြီးခဲ့တဲ့လ (မေလ) ၂၄၊ ၂၅၊ ၂၆မှာ ထိုလွီဝါးအထက်တန်း ကျောင်းမှာလုပ်ဖို့သွားတဲ့အခါကျတော့ ၂၄ရက်တစ်ရက်ပဲ လုပ်ခွင့်ရှိတယ်။ ၂၄ရက် ညနေပိုင်းကျတော့ သက်ဆိုင်ရာ စရဖနဲ့ ထွေ/အုပ်ကနေပြီးတော့ G1(ပထမတန်း စစ်ဦးစီးမှူး)ဆီက ညွှန်ကြားချက်လာတယ်ပေါ့။ ခွင့်ပြုချက်ယူပြီးမှ လုပ်ပါဆိုပြီးတော့တားဆီးတဲ့သဘောဖြစ်သွားတယ်။ ခွင့်ပြုချက်ဆိုတာ ချက်ချင်းထယူလို့ရတဲ့ ကိစ္စမှမဟုတ်တာ အဲ့ဒါနဲ့ ကျနော် တို့ တစ်ပိုင်းတစ်စနဲ့ထပြီးရပ်နားလိုက်ရတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက တိုင်းရင်းသားတိုင်းရဲ့ အနာဂတ်အတွက် အသက်ပဲ။ ကရင် အပါအဝင် တိုင်း ရင်း သား အားလုံးအတွက် အရေးကြီးဆုံး ပါပဲ။ ကျနော်တို့ ထိုလွီဝါးမှာလုပ် တော့ ဧရာဝတီတိုင်း က လူ ၁၂ဝပဲလာတယ်။ အဲ့တော့ ဧရာဝတီတိုင်းကို ကိုယ်စားပြုတဲ့ ဒီ ၁၂ဝကတော့ မပြည့်စုံဘူး။ ထို့နည်းတူ ရန်ကုန်ကလည်း ၄၀ ပဲလာတယ်။ အဲ့တော့ ဒီကိစ္စက အနာဂတ်တည်ဆောက်မဲ့တိုင်းပြည်ရဲ့ ပြည်ထောင်စုစနစ်ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အောက်ခြေအထိ  အချိန်ယူပြီး  ကျယ်ကျယ်ပြန့်ပြန့် အများကြီးလုပ်ဖို့လိုတယ်။ အခုလုပ်တဲ့ ဟာတွေက လုံးဝ မပြည့်စုံ၊ မလုံလောက်ဘူး။ လုပ်ဖို့ လိုတယ်။

 

မန်းမင်းရဲထွေး (ရန်ကုန်တိုင်း လူထုတွေ့ဆုံပွဲ Focal Person)

ရန်ကုန်တိုင်းမှာ အစတုန်းက ဇန်နဝါရီလ ၁၉၊ ၂၀၊ ၂၁ မှာလုပ်ဖို့ လျာထားတယ်။ အဲ့လိုလုပ်ဖို့လျာထားတော့ ၁၀ ရက်နေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ ဦးဖြိုးမင်းသိန်းဆီကို ခွင့်ပြုမိန့်တောင်းတယ်။ ခွင့်ပြုမိန့်တောင်းတဲ့အခါမှာ ဝန်ကြီးချုပ်က ဒါက သူနဲ့မဆိုင်ဘူး။ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန) နဲ့ပဲ ဆိုင်တယ်ဆိုပြီး တော့ အဲ့လို ပြန် လွဲပေးလိုက်တယ်။ အဲ့တော့ အဲ့ဒီ NRPC ကို ဆက်သွယ်ဖို့အတွက် ဒီက KNDCC (ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ရေးကော်မတီ) က ပဒိုစောလှထွန်းဆီ ပြန်ဆက်သွယ် တယ်။ သူကနေပြီး တော့ စောတာဒိုမူး တို့ကို ပြန်ဆက်သွယ်တဲ့အခါမှာ စောတာဒိုမူးကNRPC လည်း အဲ့ဒီကိစ္စကို ဆောင်ရွက်နိုင်မှုမရှိဘူးလို့ဆိုပြီးတော့ အကြောင်းပြန်တဲ့အတွက်ကြောင့် ပဒိုစောလှ ထွန်း က ခဏလောက်စောင့်ပါအုံးဆိုပြီး တော့ စောင့်ရင်း စောင့်ရင်းနဲ့ ၁၇ ရက်၊ ၁၈ ရက်တွေ ဖြစ်လာတော့ သူတို့က ဘာပြောလဲဆို တော့ ဆက်ပဲလုပ် မယ်တဲ့။ ကျနော်တို့ကလည်း အကုန်လုံး လုပ်စရာရှိတာတွေ အကုန်လုပ်တာပေါ့။

နေရာထိုင်ခင်းငှား၊ လာမယ့်သူ တည်းဖို့ ခိုဖို့ နောက်တစ်ခါ တက်ရောက်မဲ့သူတွေဖိတ်ကြားဖို့ အကုန်အစုံလုပ်ပြီးတော့ ၁၉ရက်နေ့မှစပြီးလုပ်လိုက်တယ်။ စောလှထွန်းတို့လည်း ရောက်လာတယ်။ EAO အဖွဲ့တို့ မှတ်တမ်းအဖွဲ့တွေ အကုန် ရောက်လာ တော့သူတို့ရောက်လာတဲ့ ၁၈ရက်နေ့ ညမှာပဲ အင်းစိန်က ခရိုင်မှူးတို့၊ အုပ်ချုပ်ရေးမှူး တွေ နယ်/လုံတွေ ရောက်လာပြီး အဲ့ဒါကို သူတို့ကိုအကြောင်းမကြားဘူး။ မဟုတ်ဘူး ကျနော်တို့က အကြောင်းကြားတယ်။ စသည်ဖြင့် အကျိုးအကြောင်းကိုပြောပြတော့ တစ်ရက်ပဲလုပ်ပါတဲ့။ အဲ့ဒါနဲ့ တစ်ရက်ပဲ လုပ်လိုက်တယ်။ လူထုတွေ့ဆုံပွဲက ဒီအမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာချခဲ့တဲ့ ကဏ္ဍကြီးငါးရပ်ထဲက လေးရပ်ကိုဆွေးနွေးပြီး ရရှိလာတဲ့အချက်တွေကို ကိုယ့်ဒေသအလိုက်မှာရှိနေတဲ့ လူထုတွေကို တွေ့ဆုံပြီးတော့မှ အဲ့ဒါကိုရှင်းလင်းတင်ပြဖို့ဖြစ်တယ်။ လိုရင်လည်း သူတို့ဆန္ဒအတိုင်း ပြန်ဖြည့်စွက်မယ်။ ရှိနေတဲ့အရာကိုလည်း သူတို့စိတ်ကျေနပ်မှုရှိရဲ့လားဆိုတဲ့သဘောနဲ့ လူထုတွေ့တွေ့ဆုံပွဲကိုလုပ်တယ်။ အဲ့အခါ ပထမ တစ်ရက်ပဲလုပ်လိုက်ရတဲ့အတွက် ကြောင့် ကဏ္ဍကြီးလေးရပ် ကို မဆွေးနွေးလိုက်ရ ဘူး။ ဒီအပေါ်မှာ အားရ ကျေနပ်မှုလုံးဝမရှိခဲ့ဘူး။ ဒါပေမဲ့ လေးဝါးကနေ ပြန်လည် အတည်ပြုရေးဆွဲလိုက်တဲ့စာတမ်းတွေ အပေါ်မှာတော့ ကျေနပ်အားရမှုရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတာက လူထုတွေကို ချပြဖို့တော့လိုတယ်။

 

စောအဲ့အယ် (တနင်္သာရီတိုင်း လူထုတွေ့ဆုံပွဲ Focal Person )

ကျနော်တို့ လူထုတွေ့ဆုံပွဲလုပ်တဲ့အခါမှာ အခက်အခဲက ပထမ ကျနော်တို့က ဒီလူထုကြားထဲမှာလုပ်ဖို့ပေါ့။ တနင်္သာရီတိုင်းမှာ သရက်ချောင်းမြို့နယ်၊ ကဒွဲကျေးရွာမှာ လူထုတွေ အများကြီးပါဝင်နိုင် ဖို့ ကျနော်တို့ တွေ အဲ့မှာလုပ်ဖို့ စီစဉ် တယ်။ စီစဉ်တော့ ကျနော်တို့က သရက်ချောင်းမြို့နယ်ထဲမှာ လုပ်မယ့်အတွက် သရက်ချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးကို ခွင့်တောင်းရမယ်လို့ ကျနော်တို့ကိုအသိပေးပါတယ်။ ဆိုတော့ ကျနော်တို့ အစည်းအဝေးမလုပ်ခင် သရက်ချောင်းမြို့နယ်ကို ၅ရက်ကြိုပြီးတော့ စာတင်တယ်။ စာတင်တော့ ကျနော်တို့ကို အကြောင်းပြန်လာတယ်။ သူတို့က ကျင်းပပြုလုပ်ဖို့ဆိုရင် နေပြည်တော်က NRPC ကို စာတင်ဖို့ လိုတယ်လို့ပြောတယ်။ ကျနော်တို့ကလည်း NRPC နေပြည်တော်ရုံးကို စာပြန်တင်တယ်။ အကြောင်းပြန်လာတယ်။ ကျင်းပခွင့်မပေးနိုင်ဘူးပေါ့နော်။အဲ့လိုဖြစ်သွားတယ်။

ကျနော်တို့က ကဒွဲမှာ ကျင်းပလို့မရနိုင်တော့ဘူးဆိုတော့ KNU တပ်မဟာ(၄)ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မ ဟာ ၄ ဌာနချုပ်မှာ ရက်ပြောင်းပြီး ကျနော်တို့ပွဲကို ကျင်းပလိုက်ရတယ်။ ကျနော်တို့ဆီမှာ ဒီလူထုတွေ့ဆုံပွဲက ပထမဦးဆုံးအကြိမ်ပါပဲ။ ကျနော်တို့ ဆွေးနွေးချက်တွေကို ကျနော်တို့က ကြိုပြီးတော့မှ ဆွေးနွေးရမဲ့ ဒီကဏ္ဍလေးခုရဲ့ ဆွေးနွေးရမဲ့ အ ကြောင်းအရာတွေ ကို ဖိတ်ကြားထား တဲ့ ကိုယ်စားလှယ်တွေကို ဖိတ်စာပို့တဲ့အ ချိန်မှာ အတတ်နိုင်ဆုံးပေါ့နော် ကျနော် တို့ ဆွေးနွေးနိုင်မဲ့ ပုဂ္ဂိုလ်တွေကို ဦးစားပေးပြီးတော့ကျနော်တို့ ကြိုပြီးပို့ထားပေးပါ တယ်။ တက်ရောက်ဆွေးနွေးတဲ့ အခါ မှာ ပိုပြီးဆွေးနွေးနိုင်ဖို့အတွက် လေ့လာနိုင်ဖို့အတွက် ကျနော်တို့ ကြိုပြီးပို့ထားလိုက်တယ်။ အခု ဒီလေးဝါးမှာ လုပ် တဲ့ ဆွေး နွေးပွဲကနေ စာတမ်းတွေကို အတည် ပြုလိုက်ပြီးဆို တော့ ဒီလူထု တွေကို ပြန် ပြီး အသိပေးဖို့ဆိုတဲ့အပိုင်း ကျ တော့ ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့်တော့ မလုပ်နိုင် ဘူး။ နိုင်သလောက် တော့ ကျနော်တို့ ပြန်အသိပေး သွားပါမယ်။ ကျနော်တို့က လူထုတွေ့ဆုံပွဲကို လူထုကြားမှာ လုပ်ချင်တာပေါ့ နော်။ လူထုကြား မှာ မလုပ်နိုင်တာက တော့ အခက်အခဲဖြစ်စေတာပေါ့။ အခု ဆွေးနွေးအတည်ပြုလိုက်တဲ့ စာတမ်းတွေက ကျနော်တို့ လူမျိုးရဲ့အနာဂတ်ဖြစ်တဲ့အတွက်ကြောင့်မိုလို့ အရမ်း အရေးကြီးပါတယ်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...