Published
Thursday, May 31, 2018
ကရင်နီဘာသာ အစီအစဉ် (မေလ ၃၁၊ ၂၀၁၈)
၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ဒုတိယတန်းသင်ရိုးညွှန်းတမ်းသစ်အတွက် ကလေးဗဟိုပြုစနစ်နဲ့ သင်ကြားသွားမယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ဖို့ ပေါ်လစီကို အကောင်အထည်ဖော်သွားမယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးက တွဲဖက်အတွင်းရေးမှူး-၂ က ပြောဆိုလိုက်ပါတယ်။
ကျေးလက်ဒေသမှာ အကောင်အထည်မဖော်ရသေးတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လာမယ့် ဘတ်ဂျတ်နှစ်တွေမှာ တဖြည်းဖြည်းချင်း ထည့်သွင်းအကောင်အထည်ဖော်ပေးမယ်လို့ အစိုးရဌာနက ပြောပါတယ်။
ရင်းနှီးမြှုပ်နှံမှုကို ဟော်တယ်နဲ့ခရီးသွားကဏ္ဍမှာ အဓိကထား ဆက်လက်ဖော်ဆောင်စေလိုတယ်လို့ ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုဖိုရမ်မှာ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။