"ဗုံးကြဲခံရ၊ သတ်ဖြတ်ခံရတာတွေကြောင့်"

"ဗုံးကြဲခံရ၊ သတ်ဖြတ်ခံရတာတွေကြောင့်"

ချီဖွေမြို့နယ်သည် လူသူရောက်ရှိရန် ခက်ခဲသော နေရာတစ်ခုဖြစ်ပြီး အခြားသော မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်များ ကဲ့သို့ စစ်ပြေးဒုက္ခသည်စခန်းရှိနေပါသည်။

တိုက်ပွဲကြောင့်၂၀၁၂ ခန့်မှ စတင်ပြီး ချီဖွေမြို့ကို ဒုက္ခသည်များ ရောက်လာခဲ့ပါသည်။ လတ်တလော တိုက်ပွဲ များကြောင့်လည်း ချီဖွေဘက်ကို ထွက်ပြေးလာသူရှိနေသဖြင့် ယခု စစ်ရှောင် စုစုပေါင်း ၂၀၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။

ထို့ကြောင့် လူသူသွားရောက် လည်ပတ်ရန် ခက်ခဲလှသော ချီဖွေမြို့နယ် စစ်ပြေးဒုက္ခသည်စခန်း၏ လက်ရှိရင်ဆိုင်နေရသည့် အခြေအနေများကို စခန်း တွဲဖက်တာဝန်ခံ ဆရာ Doi Ma အား ကျွန်တော်တို့ ကချင်သတင်းဌာန KNG က သွားရောက် မေးမြန်း ထားပါသည်။

မေး။ ။ တိုက်ပွဲ ထပ်ဖြစ်လာလို့ ချီဖွေမြို့နယ်ဘက်ကို စစ်ရှောင်ပြည်သူတွေ ထပ်တိုးလာတဲ့ အကြောင်း ပြောပြပါ။

ဖြေ ။ ။ စစ်ပွဲတွေဖြစ််လာတာ အခုနောက်ပိုင်းဆို ပို်ဆိုးလာပါတယ်။ စစ်ရှောင်တွေလည်း ပိုများလာတယ်။ အခု ချီဖွေမြို့မှာ ရှိတဲ့ ဒုက္ခသည် စခန်းကို စစ်ရှောင်တွေ မှာထပ်မံရောက်လာတယ်။ သူတို ့တွေက ချီဖွေမြို ့နယ်ဖြစ်တဲ့ ဇောင်နော်၊ ညော်မော၊ ဂျဝါ၊ နလော် ရွာတွေမှာ ဖြစ်တဲ့ တပ်မတော် တပ်မ- ၃၃ နှင့် KIA ကြား တိုက်ပွဲကြောင့် ပြေးလာတာဖြစ်တယ်။ ဗုံးကြဲခံရ၊ သတ်ဖြတ်ခံရတာတွေကြောင့် ရွာသားတွေက ၄၊ ၅ ရက်လောက် အစာငတ်ပြတ်ခံပြီး တောထဲ ပြေးပေမယ့် မခံနိုင်တဲ့အဆုံး ချီဖွေမှာရှိတဲ့ စစ်ရှောင်စခန်း မှာ ရောက်လာကြတာပါ။

မေး။ ။ ဒါဆိုရင် အခု အခက်အခဲ တွေကို ဘယ်လိုရင်ဆိုင်နေရပါသလဲ။

ဖြေ ။ ။ အဓိကတော့ နေရာ ပေါ့။ ဘုရားကျောင်း၊ မူကြိုကျောင်းနဲ့ တစ်ခြားဆွေမျိုးတော်စပ်တဲ့ နေရာတွေမှာ နေရာ ချထားပေးတယ်။ အစားအသောက်တွေကိုလည်း တစ်နေရာမှာ ဘဲ ချက်စားခိုင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ အစားအသောက် အရမ်းခက်တယ်။ ဒါကြောင့် ရွာသားတွေဆီက တတ်နိုင်သလောက် လိုတာလေးတွေကို အကူအညီ တောင်းခံပြီး လည်ပတ်နေတာပါ။

မေး။ ။ ထောက်ပံံံ့မူတွေကို ဘယ်လိုရသလဲ။

ဖြေ ။ ။ အခုလောလောဆယ်က ကြက်ခြေနီ (ICRC)အဖွဲ့ အနည်းငယ် ထောက်ပံ့နေပါတယ်။ KBC ကတော့ ဆန် တစ်လစာ ပေးထားပါတယ်။ အခု ပိုဆိုးလာတာက မိုးရာသီ အချိန်ရောက်လာရင် အရေးကြီးဆုံး က အဝတ်အစား၊ အစားအသောက်၊ ဆေးဝါး ထောက်ပံ့မူပါ။ ဒါတွေ မရရင် ဘယ်လိုမှ များပြားလှတဲ့ လူဦးရေရဲ့ ပြသာနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ပြီးရင် ကျောင်းသားတွေ ရဲ့အနာဂတ် ရှိတယ်။ အစစအရာရာ ခက်ခဲနေပါတယ်။ တစ်ရက် ကို ဆန်နှစ်အိတ်နီးပါး နှင့် ဟင်းဖိုးက ကျပ် ၈၀၀၀၀ လောက်ကုန်ကျနေပါတယ်။ ကြာလာရင် တော်တော် ခက်ခဲ လာရပါတယ်။ ရွာသားတွေရဲ့ ထောက်ပံ့မူနဲ့ပဲတော့ မလုံလောက်တော့ပါဘူး။

မေး။ ။ ဒီကို အရင်ကတည်းက လာရောက်ခိုလှုံနေခဲ့ကြတဲ့ စစ်ရှောင်တွေက ဘယ်နေရာ၊ ဘယ်လို အခြေအနေ တွေကြောင့် တိမ်းရှောင်လာတာလဲ။

ဖြေ ။ ။၂၀၁၂ က စ ဖြစ်လာတာပါ။ ချီဖွေကိုရောက်နေတဲ့ စစ်ရှောင်တွေက သူတို့ ရွာတွေမှာ လေယာဉ်တွေနဲ ့ ဗုံးလာကျဲ လို့၊ တိုက်ပွဲဖြစ်လို့ ပြေးလာကြတာ ဖြစ်တယ်။ တချို့ကြတော့လည်း ရွာမှာ ပြည်သူ ့စစ် မလုပ်မနေရ စုဆောင်းခံရ၊ စစ်သင်တန်းတွေ ခြိမ်းခြောက်တက်ခိုင်းပြီး အတင်း စစ်သားတွေလုပ်ခိုင်းတဲ့အတွက် စစ်ရှောင်စခန်းကို ရောက်လာတယ်။

မေး။ ။ ဒီပြသာနာတွေနဲ ့ပတ်သက်ပြီး ဆရာ အမြင် ခံစားချက် ပြောပြပေးပါ။

ဖြေ။ ။ ကချင်ပြည်နယ် နေရာတိုင်း စစ်ရှောင်များလာတော့ စိတ်အားငယ်စရာတွေ ဖြစ်လာတယ်။ အဖက်ဖက်တွေး ကြည့်ရင် စိတ်မကောင်းဘူး။ လူမျိုးရး ခွဲခြား စိတ်ဖြာမူတွေ ရှိလာတယ်။ အားလုံးကို ခြုံပြောရရင် တစ်မျိုးလုံးက ဒုက္ခရောက်နေပါပြီ။ ကချင်တစ်မျိုးလုံးကို သူပုန်လို ့သတ်မှတ်ထားတာ ကလည်း မဟာအမှားကြီးပါ ။ ဒါကြောင့် အခုကျွန်တော်တို့ က ငြိမ်းချမ်းရေး လိုနေပါပြီ။ ကိုယ့်နေရာ ၊ ကိုယ့်ဒေသတွေကိုပြန်နေချင်ပြီ။ အခုလို စိတ်မွန်းကြပ်ခြင်းတွေ မလိုချင်တော့ဘူး။ တချို့ အသက်ကြီးသူတွေ ဒီ စိတ်ဝေဒနာနဲ့ ဆုံးပါးသွားလည်း ရှိနေပြီ။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...