ဒေသအခြေပြု မီဒီယာတို့၏ အခက်အခဲနှင့် တိုင်းရင်းမီဒီယာညီလာခံ

ဒေသအခြေပြု မီဒီယာတို့၏ အခက်အခဲနှင့် တိုင်းရင်းမီဒီယာညီလာခံ

ဒေသအခြေပြု သတင်းမီဒီယာများကို ယခင်အစိုးရ လက်ထက်မှ စတင်ကာ ထုတ်ဝေဖြန့်ချိခွင့်ပြုလာခဲ့ပြီး ယခုအစိုးရ လက်ထက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအခြေစိုက်ဒေသအခြေပြု မီဒီယာများမှာ ပိုမိုများပြားထွန်းကားလာသည်ဟု ဆိုနိုင်ပေသည်။

ယင်းသို့ထုတ်ဝေ ဖြန့်ချိခွင့်များ ရရှိလာသည်ဆိုစေကာမူ တိုင်းရင်းသား မီဒီယာများ နှင့် ဒေသဆိုင်ရာ သတင်းမီဒီယာ များ၏ လတ်တလောရပ်တည်မှု အနေအထားမှာ စင်စစ် လွယ်ကူပြေပြစ်ချောမွေ့လှသည်တော့ မဟုတ်ချေ။

မည်သို့သော အကြောင်းတရားတို့က သတင်းမီဒီယာကို ခက်ခဲစွာရပ်တည်စေသနည်းဟူမူကား သတင်းရယူရန် အခက်အခဲ အချို့ရှိနေခြင်း ၊ သတင်း အရင်းအမြစ်အချို့အနေဖြင့် မီဒီယာများကို လက်ခံဖြေကြားပေးရန် အားနည်းချက်များရှိခြင်း၊ နည်းပညာပိုင်းဆိုင်ရာအခက်အခဲများ သာမက ဈေးကွက်အရ ရပ်တည် ရန်နှင့် ငွေပင်ငွေရင်း စသည် စသည့် စိန်ခေါ်မှုများစွာကလည်း လက်ညှိုးထိုးမလွဲနိုင်အောင် တပုံတပင် ရှိနေပေသည်။

မိမိတို့တိုင်းပြည်၏ နိုင်ငံရေးစနစ်အရ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများလည်း ဒေသအသီးသီး၌ ကိုယ်စီရှိနေကြရာ ဆိုင်ရာနယ်မြေအလိုက် အုပ်ချုပ်ရသော အစိုးရများကို စောင့်ကြည့်ထိန်းကျောင်း ပေးနိုင်သည့် သတင်းမီဒီယာများလို အပ်သလို သက်ဆိုင်ရာ ဒေသအလိုက် အစိုးရနှင့်လွှတ်တော်ကို စောင့်ကြည့် ထိန်းကျောင်းပြီး လူထု အသံကို တင်ပြနိုင်မည့် ဒေသဆိုင်ရာသတင်း မီဒီယာများမှာလည်း မလွဲမသွေ လိုအပ်ပေသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်နှင့် ပြည်သူ လူထုအကြား စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍမှာ အရေးပါ အရာရောက်သလို သတင်းမီဒီယာတို့၏ ရပ်တည်မှုအခက်အခဲကိုရော အစိုးရနှင့် သက်ဆိုင်ရာဌာနအသီးသီးတို့က မည်သို့မည်ပုံ ယင်းအပေါ် ဝိုင်းဝန်းညှိနှိုင်းဖြေရှင်းပေးမည်ဆိုသည်မှာလည်း မေးခွန်းထုတ်ဖွယ်ရာ ကောင်းနေတော့သည်။

မည်သို့ဆိုစေ ယခုလ ၂၇ ရက်မှ ၂၉ ရက်အထိ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပမည့် ဒေသဆိုင်ရာ အများအပြား တက်ရောက်လာကြသည့် တိုင်းရင်းမီဒီယာညီလာခံမှ ထွက်ပေါ်လာအံ့သော စုံညီတွေ့ဆုံဆွေးနွေးမှုရလဒ်များမှတစ်ဆင့် ဒေသဆိုင်ရာမီဒီယာ လက်ငင်းမျက်မှောက် တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများအပေါ် အတိုင်းအတာပမာဏအထိ အဖြေရှာနိုင် အကျိုးသက်ရောက်မှုရှိနိုင်မည်ဟု ဟင်္သာကမျှော်လင့်ထားသည်။

Most read this week

June 19, 2023
ယနေ့ ဇွန်လ ၁၄ ရက်နေ့သည် မိုခါမုန်တိုင်း တိုက်ခတ်သည့် တစ်လ ပြည်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် မေလ ၁၄...
March 15, 2023
မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့...
March 15, 2023
လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း...
March 9, 2023
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ ယနေ့ မတ်လ ၈ ရက်မှာ...