ရွေးကောက်ပွဲ ရလာဒ်အရ ပြည်သူလွှတ်တော်တွင် ဦးမောင်သိန်းခိုင် (ANP)၊ အမျိုးသားလွှတ်တော်တွင် ဦးဝေစိန်အောင် (ANP)၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ တွင် ဦးအေးသိန်း (ANP) နှင့် မဲဆန္ဒနယ် ၂ တွင် ဦးကျော်ဇောဦးတို့ (တစ်သီးပုဂ္ဂလ) က အနိုင်ရရှိခဲ့သည်ဟု သိရသည်။
ပြည်သူ့လွှတ်တော်၏ မဲရလာဒ်မှာ ဦးမောင်သိန်းခိုင် ၄၄၀၂၇ မဲ၊ ဒေါက်တာကျော့သာစိန် ၁၆၈၁၆ မဲ၊ ဦးသင်္ခါကျော် ၂၁၄၀ မဲ၊ ဒေါ်မြသန်းရွှေ ၁၈၇၇ မဲနှင့် ဒေါ်လှအေးတို့က ၈၃၄ မဲ ရရှိခဲ့သည်။
အမျိုးသားလွှတ်တော်တွင် ဦးဝေစိန်အောင် ၄၅၀၈၇ မဲ၊ ဦးသန်းထွန်း ၁၄၁၉၈ မဲ၊ ဦးသာစံ ၂၀၂၅ မဲ၊ ဦးဦးဘကျော် ၂၀၀၆ မဲနှင့် ဦးဦးအောင်ကျော်တို့က ၁၄၈၆ မဲရရှိခဲ့သည်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ တွင် ဦးအေးသိန်း ၂၁၈၀၉ မဲ၊ ဒေါက်တာသိန်းခိုင် ရ၆၄၂ မဲ၊ ဦးသာလူချေ ၁၀၄၉ မဲ၊ ဦးမောင်သာခိုင် ၁၀၀၇ မဲ၊ ဒေါက်တာကျော်ခိုင် ၉၆၄ မဲနှင့် ဦးအောင်သန်းတို့က ရ၆၃ မဲ ရရှိခဲ့သည်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ တွင် ဦးကျော်ဇောဦး ၁၃၄၃၈ မဲ၊ ဦးကျော်ရွှေ ၉၁၉၅ မဲ၊ ဦးအောင်မြကျော် ၅၂၃၅ မဲ၊ ဦးဇော်ဝင်းမောင် ၁၈၉၄ မဲ၊ ဦးမောင်ထွန်းလှိုင် ၁၀၈၃ မဲ၊ ဦးကျော်ငြိမ်း ၁၀၃၀ မဲ၊ ဦးသာစိန် (ခ) ဦးမောင်သာစိန် ၈၆၉ မဲနှင့် ဦးအောင်သန်းထွန်းတို့က ၄၆၅ မဲ ရရှိခဲ့သည်။