“ မှားပြီးပို့လိုက်တာလို့မြို့နယ်ကော်မရှင်ဥက္ကဌကပြောတယ်။ မဲဆန္ဒနယ်ပြင်ပကကြိုတင်မဲက ရပ်/ကျေးရုံးကိုရောက်လာတာ လက်ခံပါသလားလို့ဥက္ကဌကိုဖုန်းဆက်မေးတော့လက်မခံပါဘူးလို့ဖြေ ပြီးတော့ အခုအဲဒီအထုပ်ဒီရောက်လာတာပဲ”ဟု ဦးတင်မောင်တိုးကပြောသည်။
မဲရေတွက်ရာတွင်ပါဝင်သူ ကိုခွန်မျိုးမြင့်ဦးက မဲအိတ်တွေက ကော်မခြောက်သေးဘူးစိုနေတုန်းပဲ ဟုပြောကာ မဲရေစတင်ရေတွက်သည့် အချိန်မှစကာ ယခုမဲအချိန်ထိ ပြည်သူလွှတ်တော်ကိုယ်စားလှယ် USDP မှဦးစိုင်းဇော်ဇော်၏မဲများ သာဖြစ်သည်ကို တွေ့ရှိနေရ သည်ဟု သတင်းရရှိသည်။
လက်ရှိရေတွက်နေသောမဲစာရင်းမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ မဲဆန္ဒနယ်ပြင်ပကြိုတင်မဲအတွက် ယနေ့ နေ့လည်၂နာရီတွင် မြို့နယ်ကော်မရှင်သို့ လာရောက်ပေးပို့သွားခြင်းဟု မြို့နယ်ကော်မရှင်ခွဲ ဥက္ကဌက ဖြေသည်။