တံဆိပ်တုံးမနှိပ်ဘဲ မဲပေးသူအများအပြားရှိနေ

တံဆိပ်တုံးမနှိပ်ဘဲ မဲပေးသူအများအပြားရှိနေ
by -
မွန်သတင်းအေဂျင်စီ
ယနေ့ကျင်းပသော အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲ ကော်မရှင်တံဆိပ်တုံး UEC မရိုက်နှိပ်ပဲ ဆန္ဒမဲပေးခဲ့့သည်ကို တွေ့ရှိရသည်ဟုသတင်းရရှိသည်။

 “အနားမှာ စောင့်ကြည့်နေကြတဲ့ကော်မရှင်အဖွဲ့တွေလည်း ဆန္ဒမဲပြားပေါ် တံဆိပ်တုံးမနှိပ်ဘဲ မဲထည့်နေတာကို တွေ့ကြတယ်။ သူတို့အနေနဲ့ မဲဆန္ဒပေးတဲ့သူတွေကို ဘာမှပြောခွင့်မရှိလို့ ဒီအတိုင်းစောင့်ကြည့်နေတယ်” ဟု ပငရွာသား ကိုစိုးစိုးက ပြောသည်။

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ မဲရုံ ၄ ရုံသို့လွတ်လပ်သောမွန်သတင်းအေဂျင်စီက သတင်းမှတ်တမ်းရိုက်ယူရာတွင် တွေ့ရှိခဲ့ခြင်းဖြစ် သည်။

Most read this week