ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပချိန်တွင် တုုိက်ပွဲများ ပြန်လည် မဖြစ်ပွားရန် လုုိအပ်။

ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပချိန်တွင် တုုိက်ပွဲများ ပြန်လည် မဖြစ်ပွားရန် လုုိအပ်။
by -
သုုတလင်း၊ BNI ရွေးကောက်ပွဲသတင်းခန်း
သုုတလင်း၊  BNI ရွေးကောက်ပွဲသတင်းခန်း — ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပချိန်တွင် တုုိက်ပွဲများ ပြန်လည် မဖြစ်ပွားရန် လုုိအပ်ကြောင်း ကချင် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာ မနာမ်တူးဂျာက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ယနေ့အောက်တိုဘာလ ၁၃ ရက်နေ့နံနက်တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

"ရွေးကောက်ပွဲကျင်းတဲ့ အချိန်မှာ တိုက်ပွဲတွေ ရပ်ပေးဖို့ဆိုတဲ့ကိစ္စကို ကျွန်တော်တင်ပြခဲ့ပါတယ်။ ဒါပေမယ့် အချိန်က ၁၅ မိနစ် လောက်ပဲ ရတာမို့လို့ ကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးခဲ့ရဘူး" ဟု ပါတီဥက္ကဌ ဒေါက်တာ မနာမ်တူးဂျာက ဆိုသည်။

ပါတီဥက္ကဌအပါအဝင် ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီအဖွဲ့ဝင်များကို တပ်မတော်ဘက်က ယနေ့နံနက်တွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာတွင် တွေ့ဆုံရန် ဖိတ်ကြားခဲ့ခြင်းလည်းဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပချိန်မတိုင်မီနှင့် ရွေးကောက်ပွဲနေ့တွင် နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ပြန်လည် မဖြစ်ပွားရန် လိုအပ် ကြောင်း တင်ပြချက်နှင့် ပတ်သတ်၍ တပ်မတော်ဘက်ကမူ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရာတွင် ၄င်းတို့ဘက်က တမင်တကာ ထိုးစစ်ဆင်ခြင်း မဟုတ်သော်လည်း နယ်မြေ လုံခြံုရေးအရ လှှည့်လည် သွားလာရာတွင် နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ရခြင်းဖြစ်ကြောင်း ဆိုကြောင်း ဒေါက်တာမနာမ်တူးဂျာက BNI သတင်းဌာနသို့ ပြန်လည်ဖြေကြားသည်။

January 7, 2016
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရသူ ဦးဇခုန်တိန့်ယိန်း အုပ်ချုပ်သော အဆိုပါ...
December 21, 2015
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းကရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း...
December 21, 2015
ဒေါ်နန်းခမ်းက “ ကျွန်မတို့အနေနဲ့အများကြီးခံစားခဲ့ရတယ်။ အခက်ခဲတွေလည်းရင်ဆိုင်ခဲ့ကြရတယ်။...
December 21, 2015
" ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့ရင်တောင် ဒါဟာ တကယ့်အစိုးရဖွဲ့နိုင်တဲ့အနေ အထားတော့ မရှိပါဘူး။...