လူမျိုးပေါင်းစုံပါတီမှ ငြိမ်းချမ်းရေးဆောင်ရွက်သွားမည်ဟု မဲဆွယ်စည်းရုံး

လူမျိုးပေါင်းစုံပါတီမှ ငြိမ်းချမ်းရေးဆောင်ရွက်သွားမည်ဟု မဲဆွယ်စည်းရုံး
by -
ကန္တာရဝတီတိုင်း(မ်)
လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)မှ ရွေးကောက်ပွဲအနိုင်ရပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်နေသောငြိမ်း ချမ်းရေးကို အဓိကထား ဆောင်ရွက််သွားမည်ဟု  မဲဆွယ်စည်းရုံးရေးတွင် ပြောဆိုသွားသည်ဟု သိရသည်။

စက်တင်ဘာလ(၂၀)ရက် လွိုင်ကော်မြို့နယ် ထေးဌါးလျားကျေးရွာတွင် ပါတီ မဲဆွယ်စည်းရုံးရေးဟောပြောပွဲတွင်  
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောပိုလေး ယခုလိုပြောသွားခဲ့ခြင်းဖြစ်သည်။

“ အဓိကဆောင်ရွက်သွားမှာကတော့ ငြိမ်းချမ်းရေးကိုပါ ။ ပြီးရင် ပြည်သူတွေ လိုအပ်တဲ့ လူမှု ဖွံ့ဖြိုးရေး စားဝတ်နေရေး ပညာရေး ကျန်းမာရေးပေ့ါ။  
အဲဒါ ဆောင်ရွက်သွားမယ်။” ဟု ဦးစောပိုလေးက ပြောသည်။

ကယားပြည်နယ်တွင် တသီးပုဂ္ဂလ များနှင့် အတူ ပါတီ (၁၁)ပါတီ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး လက်ရှိမဲဆွယ်ကာလတွင် လည်းကျရာ မဲဆန္ဒနယ်အသီးသီးတွင် မဲဆွယ်နေကြချိန်ဖြစ်သည်။

ပြည်သူ့အရေး အမှန်တကယ်လုပ်ဆောင်ပေးနိုင်မည့် ပါတီကို်ယ်စားလှယ်လောင်းကို ရွေးချယ်သွား မည်ဖြစ်ကြောင်း ထေးဌါးလျားကျေးရွာမှ ဦးဖရေရယ်က ပြောသည်။

“တကယ့်ဖက်ဒရယ်မူကို မခွဲခြားပဲနဲ့ တက်တဲ့ပါတီက ကောင်းမှာပဲ။ ဒါပေမယ့် အပြောနဲ့အလုပ်မညီရင်တော့ ပြည်သူကပဲ နစ်နာမှာပဲ ဆိုတော့ တကယ့်အနစ်နာခံပြီး ပြည်သူနဲ့ တသားတည်းထားပြီး တန်းတူညီတူ အလုပ်လုပ်ပေးမယ့်ပါတီကိုတော့ ဦးစားပေး ထည့်မှာပေ့ါ။” ဟု ဦးဖရေးရယ်က ပြောသည်။

နိုင်ငံရေးပါတီများပြားသည့်အတွက် ပြည်သူအနေဖြင့် ပါတီများ ၊ ကိုယ်စားလှယ်လောင်များ၏ အကြောင်းကို လေ့လာနေဆဲသာဖြစ် သည့်အတွက် မဲထည့်ရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။

လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)သည် ပြည်နယ်တွင်းရှိ ဘောလခဲမြို့နယ် ကလွှဲ၍တခြားမြို့နယ် (၆)ခုတွင်  
၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် (၆)ဦး၊ ပြည်နယ်လွတ်တော်ကို်ယ်စားလှယ် (၁၁)ဦး ၊
အမျိုးသားလွတ်တော်ကို်ယ်စားလှယ် (၉)ဦး စုုစုပေါင်းကို်ယ်စားလှယ်လောင်း(၂၆)ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  

၎င်းတို့အထဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း (၃) ဦးပါ၀င်ကြောင်းသိရသည်။

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...