ရေဘေးသင့်သူများကို ကူညီရန် စာအုပ်နှင့် အလှုငွေလဲလှယ်သည့် အစီအစဉ်ပြုလုပ်

ရေဘေးသင့်သူများကို ကူညီရန် စာအုပ်နှင့် အလှုငွေလဲလှယ်သည့် အစီအစဉ်ပြုလုပ်
by -
မဇ္ဈိမ
မြန်မာတစ်နိုင်ငံလုံးရှိ ရေဘေးသင့် ပြည်သူများကို ကူညီပံ့ပိုးပေးရန်အတွက် စာအုပ်နှင့်အလှူငွေ လဲလှယ်ပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်း(အလယ်) အမှတ် ၁၄၄၊ စာပေနန်းတော် (ယခင်စာပေလောက ၅) စာအုပ်ဆိုင် အပေါ်ထပ်ရှိ ပန်းဆိုးတန်းပန်ချီခန်းမတွင် သြဂုတ် ၅ ရက်က စတင်ကျင်းပသည်။

ယင်းပွဲကို သြဂုတ် ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရှုတိုင်းယဉ်စာပေ၊ ရေသောက်မြစ် စာပေတို့၏ ကူညီမှုဖြင့်  ‘ကြိုက်တဲ့စာအုပ်ယူ၊ ကြိုက်သလောက် အလှူငွေထည့်  ရေဘေးကူညီရေး' အစီအစဉ်ကို နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် စာရေးဆရာ သွန်းနေစိုးက “စာအုပ် ၁၀ အုပ်ယူယူ တစ်ရာအုပ်ယူ ကြိုက်သလောက် ယူပါ။ အလှူငွေလည်း သတ်မှတ်မထားဘူး။ တစ်ရာထည့်ထည့် တစ်သောင်း ထည့်ထည့်ရပါတယ်”  ဟု ပြောသည်။

အဆိုပါပွဲအပြင် ကူညီသည့် လူငယ်များကလည်း အလှုခံ ထွက်မည်ဖြစ်ပြီး ရရှိသည့် အလှုငွေများကို  ချင်းနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်းမည်ဖြစ်သည်။

သြဂုတ် ရ ရက်တွင်  ပန်းချီဆရာမောင်မောင်စော၏ ရှစ်လေးလုံး အထိမ်းအမှတ် ပန်ချီပြပွဲ ကျင်းပမည် ဖြစ်သည်ဟုလည်း ပြခန်းတာဝန်ခံ ဆရာမ နေညိုလတ်က ဆိုသည်။

Most read this week

December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...
December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...