အင်းလေးကန် ရေခမ်းခြောက်လာသဖြင့် ဒေသခံများသွားလာရန်ခက်ခဲ

အင်းလေးကန် ရေခမ်းခြောက်လာသဖြင့် ဒေသခံများသွားလာရန်ခက်ခဲ
အင်းလေးဒေသ ဟဲယာရွာမရွာတွင် ရပ်ထားသည့် စက်လှေတစီးကို မတ်လ ၂၄ ရက်နေ့တွင် တွေ့ရစဉ်။ (ဓါတ်ပုံ-CJ)
အင်းလေးဒေသ ဟဲယာရွာမရွာတွင် ရပ်ထားသည့် စက်လှေတစီးကို မတ်လ ၂၄ ရက်နေ့တွင် တွေ့ရစဉ်။ (ဓါတ်ပုံ-CJ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ယခုနှစ် နွေရာသီကာလ အပူရှိန်ကြောင့် ရေခမ်းခြောက်လာမှုအပြင် ပြီးခဲ့သည့် ရေကြီးမှုအတွင်း တင်ကျန်ခဲ့သည့် နုန်းမြေများကြောင့် သွားလာရေးခက်ခဲနေကြောင်း ဒေသခံများက ဆိုသည်။

အင်းလေးကန်တွင် ရေ လုံးဝခမ်းခြောက်သွားသည့်အနေအထားမျိုး မဟုတ်သော်လည်း ကုန်းကြောင်းဖြင့်လည်း သွားမရဘဲ စက်လှေဖြင့်လည်း သွားလာရန် ခက်ခဲသည့်အနေအထားမျိုးဖြစ်နေကြောင်း ဆိုသည်။

“သွားလာဖို့အရမ်းခက်တယ် ရေလမ်းကသွားမရတော့ဘူး။ ရေကြီးချိန်က အဆမတန်ကြီးပြီး ရေကျတော့အရမ်းကျ မြေထုပမာဏက အရမ်းမြင့်တက်လာတော့ပိုဆိုး။ ဒီနှစ် အင်းလေးတစ်ခုလုံးရေကြီးတော့ နေရာတိုင်း မြေထုမြင့်တက်နေတာ” ဟု အင်းလေး ဟဲယာရွာမဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အင်းလေးကန်အတွင်းရှိ ရွာများအနက် ဟဲယာရွာမနဲ့ မင်းချောင်းရွာမှာ ရေခမ်းခြောက်၊ နုန်းမြေပေါ်လာမှု အများဆုံးဖြစ်ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်ခန့်က စတင်ရေခမ်းခြောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် အင်းလေးကန်တွင်းရှိ ဟဲယာရွာမ၊ တောင်ခြေ၊ ကျွန်းစင်ကြီး၊ အင်းတိန်၊ ရေနွေး စသည့် ကျေးရွာများမှ စပါးစိုက်ဧက ရာနှင့်ချီ နုန်းမြေဝင်ရောက်မှုကြောင့် စပါးခင်းပျက်စီးမှုရှိကြောင်းလည်း သိရသည်။

“စပါးခင်းတွေက ရေကြီးတော့ မြေတွေဝင်ပြီနေရာယူကုန်တာ လယ်မြေတွေမှာမြေထု နှစ်ပေခန့်ဝင်ရောက်တယ်။ အကုန်ပြန်တူးထုတ်ကြရ တူးပြီးတော့လည်း ရေက နည်းသွားတော့ လယ်ရေသွင်းဖို့ခက်ခဲတောင်သူတွေက ယခုကုန်စျေးနှုန်းကြီးနေကြားက မြေအတွက်စရိတ် သီးသန့်ထပ်ပိုထွက်လာတော့ ပိုဆိုးကုန်” ဟု ဒေသခံက ပြောသည်။

အင်းလေးဒေသတွင် သုံးရေအတွက် ကန်တွင်းမှရေကို အဓိက မှီခိုနေရသဖြင့် ရေခမ်းခြောက်မှုကြောင့် သုံးရေအတွက်လည်း အခက်ခဲရှိလာကြောင်း ဒေသခံက ပြောသည်။

“သောက်ရေက ရေသန့်စက်တွေနဲ့ တည်ကြပြီး သောက်ကြရတယ်။ သုံးရေအတွက်ကတော့ ဘုန်းကြီးကျောင်းရေကန်ကနေပြီး ရေပိုက်နဲ့ ပြန်သွယ်တန်းသုံးနေရတယ်” ဟု ၎င်းက ဆိုသည်။

အင်းလေးကန်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့မှစတင်ကာ သုံးပတ်ခန့်ကြာ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

ထို့နောက် ရေပြန်ကျသွားခဲ့သော်လည်း အင်းလေးကန်တွင်းသို့ စီးဝင်သည့် သဲနုန်းမြေများကြောင့် ရေသန့်ရှင်းမှု မရှိတော့ကြောင်း သိရသည်။

“ခါတိုင်းက ရေကန်မပျက်စီးဘူးကော ရေလည်းမကြီးတော့။ အရင်က စက်နဲ့လာတိုင်းရင် သောက်သုံးရန်သင့်တယ် ခုက မသင့်တော့ဘူး” ဟုလည်း ဒေသခံက ပြောသည်။

အင်းလေးကန်ဒေသခံများအနက် ငွေကြေးတတ်နိုင်သူများမှာ သောက်ရေသန့်များ ဝယ်ယူသောက်သုံးနိုင်သော်လည်း အများစုမှာမူ ကန်တွင်းရေကိုသာ အားထားနေရသည်ဟု သိရသည်။

လက်ရှိတွင် အင်းလေးဒေသတွင် သောက်ရေသန့်အတွက် ၂၀ လီတာ တပုံးကို ၁၈၀၀ ကျပ်ဝန်းကျင် ဝယ်ယူသောက်သုံးလျက်ရှိကြောင်း သိရသည်။

March 26, 2025
နွားထိုးကြီးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ မတ်လ ၂၅ ရက်...
မတ်လ ၂၃ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်အချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် လက်ဝဲမြင်းနီကျေးရွာအတွင်းရှိ နေအိမ်များကို တွေ့ရစဉ်။ (ဓါတ်ပုံ – နွားထိုးကြီး - Journal)
March 24, 2025
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ၊ လက်ဝဲ-မြင်းနီကျေးရွာကို စစ်ကောင်စီတပ်က...
March 20, 2025
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို အဝေးထိန်းမိုင်းဖြင့်...
တာချီလိတ်−မယ်ဆိုင် နယ်စပ်ဂိတ်မှတဆင့် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလက နေရပ်ပြန်နေကြသည့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများ။ (ဓာတ်ပုံ − U Htun Maesai)
March 19, 2025
မြန်မာအတာသင်္ကြန်ကာလ၊ ထိုင်းရိုးရာအားဖြင့် ဆုန်ခရန်ကာလဖြစ်သည့် လာမည့်ဧပြီလတွင် ထိုင်းအစိုးရမှ...