နွားထိုးကြီး လက်ဝဲမြင်းနီရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်၊ ၂ ဦး ထိခိုက် နေအိမ် အလုံး ၂၀ ကျော် ပျက်စီး

နွားထိုးကြီး လက်ဝဲမြင်းနီရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်၊ ၂ ဦး ထိခိုက် နေအိမ် အလုံး ၂၀ ကျော် ပျက်စီး
မတ်လ ၂၃ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်အချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် လက်ဝဲမြင်းနီကျေးရွာအတွင်းရှိ နေအိမ်များကို တွေ့ရစဉ်။ (ဓါတ်ပုံ – နွားထိုးကြီး - Journal)
မတ်လ ၂၃ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်အချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် လက်ဝဲမြင်းနီကျေးရွာအတွင်းရှိ နေအိမ်များကို တွေ့ရစဉ်။ (ဓါတ်ပုံ – နွားထိုးကြီး - Journal)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ၊ လက်ဝဲ-မြင်းနီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေး တဦး အပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း နွာထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ယမန်နေ့ (မတ်လ ၂၃ ရက်) မနက် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးသီး နှစ်လုံး ၊ Y-12 လေယာဉ်ဖြင့် ဗုံးသီး အများအပြား ကြဲချသွားခြင်းဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူ့အခွင့်အရေးတာဝန်ခံက ပြောသည်။

မီးလောင်ဗုံးကြောင့် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး နေအိမ် ၇ လုံးမှာ ဗုံးသီးကျ၍ ပျက်စီးခဲ့ရာ စုစုပေါင်း နေအိမ် ၂၂ လုံးပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းက “အဲ့ရွာက မကြာခဏ လေကြောင်းတိုက်ခိုက်ခံရ ရွာတွေထဲက တရွာပါ ။ ဒေသခံတွေလည်း ရွာထဲမှာ မနေရဲတဲ့ တော့အခြေအနေဖြစ်နေပြီ ။ နေအိမ်တွေလည်း ကုန်သလောက်ဖြစ်နေပြီ” ဟု ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မိန်ကလေးမှာ ခြေသလုံးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၅ နှစ်ရွယ် အမျိုးသားတဦးမှာ လက်နှင့် တင်ပါးတို့တွင် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း လူ့အခွင့်အရေးတာဝန်ခံက ဆိုသည်။

လက်ဝဲ-မြင်းနီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခြင်း ၊ မြင်းခြံ ခမရ (၁၅) မှ လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိရာ နေအိမ်အများအပြား ပျက်စီးထားပြီး ပြည်သူများလည်း ဘေးဒုက္ခ ရောက်နေရကြောင်း နွားထိုးကြီးမြို့နယ် (ပအဖ) ထံက သိရသည်။

“ပြည်သူတွေက အမြဲတမ်းလေကြောင်းရန်ကို ထိတ်လန့်နေပြီး ဗုံးခိုကျင်းမြောက်မြားစွားနဲ့ နေထိုင်နေရတယ်။ အိပ်ပျော်နေတဲ့အချိန် လာချသွားတယ်ဆိုရင်လည်း သေကြ၊ ကြေကျ ဒုက္ခတိ ဖြစ်သွားကြတာတွေကို မမြင်ချင်လောက်အောင်ပါပဲ” ဟု ဒေသခံတဦးက ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးခြင်းတို့ကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်နေပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း နွားထိုးကြီးမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြင်းခြံ ခမရ (၁၅) မှ လက်ဝဲမြင်းနီးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့သည်။

Most read this week

March 26, 2025
နွားထိုးကြီးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ မတ်လ ၂၅ ရက်...
အင်းလေးဒေသ ဟဲယာရွာမရွာတွင် ရပ်ထားသည့် စက်လှေတစီးကို မတ်လ ၂၄ ရက်နေ့တွင် တွေ့ရစဉ်။ (ဓါတ်ပုံ-CJ)
March 25, 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် ယခုနှစ် နွေရာသီကာလ အပူရှိန်ကြောင့်...
March 20, 2025
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို အဝေးထိန်းမိုင်းဖြင့်...
တာချီလိတ်−မယ်ဆိုင် နယ်စပ်ဂိတ်မှတဆင့် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလက နေရပ်ပြန်နေကြသည့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများ။ (ဓာတ်ပုံ − U Htun Maesai)
March 19, 2025
မြန်မာအတာသင်္ကြန်ကာလ၊ ထိုင်းရိုးရာအားဖြင့် ဆုန်ခရန်ကာလဖြစ်သည့် လာမည့်ဧပြီလတွင် ထိုင်းအစိုးရမှ...