ဖားဆောင်းမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်တွေ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးတွေလိုအပ်နေ

ဖားဆောင်းမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်တွေ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးတွေလိုအပ်နေ

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်အနောက်ဖက်ခြမ်း က စစ်ရှောင်စခန်းတစ်ခုမှာ ယခုလအတွင်း ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါတွေလိုအပ်နေတယ်လို့ သိရပါတယ်။

“ငှက်ဖျားရောဂါတွေ အဖြစ်များတယ်လေ။ ဆေးခန်းလဲ မရှိတော့ စလောခိ (ဒေသအခေါ်ဝေါ်) မှာ သွားပြရတယ်။ ဆေးနဲ့ပတ်သက်ပြီး လမ်းခရီးကလဲ အရမ်းဝေးတယ်။ သွားဖို့လာဖို့ကလည်း ခက်ခဲတဲ့ နေရာကို‌ စစ်ရှောင်နေရတော့ ဆေးဝါးနဲ့ ပတ်သက်တဲ့ အခက်ခဲတော့ အများကြီးရှိပါတယ်” လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောပါတယ်။

ဆေးပေးခန်းရှိတဲ့ စလောခိကျေးရွာကိုရောက်ဖို့ စစ်ရှောင်တွေက တစ်နာရီဝန်းကျင် ခြေလျင် လမ်းလျောက်သွားရပါတယ်။

အဆိုပါဆေးပေးခန်းမှာလည်း ရိုးရိုးဖျားနာတာအတွက် ဆေးအနည်းငယ်ရှိပေမဲ့ ကြီးကြီးမားမား ဖျားနာတာတွေအတွက်တော့ ဆေးတွေမရှိဘူးလို့ စစ်ရှောင်တွေကဆိုပါတယ်။

“ရိုးရိုးဖျားနာတို့ဆို ပါရာတော့ရှိ‌တယ်ပေါ့နော်။ တကယ်လို ငှက်ဖျားတို့ တုပ်ကွေးတို့ အဲ့လို ရောဂါကြီးမားမားတွေအတွက်ကျတော့ ဆေးဝါးအခက်ခဲတွေ အများကြီးရှိတယ်ပေါ့နော်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားဆောင်းမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်ပြည်သူတွေအတွက် ဆေးပေးခန်းဆောက်လုပ်နိုင်ဖို့ ကြိုးစားနေကြပေမယ့် ငွေကြေးခက်ခဲတဲ့အပြင် လမ်းခရီး ဝေးလံခေါင်ဖျားတာကြောင့် အလှူရှင်တွေလာရောက်မှုလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ (၁၀၀) ဝန်းကျင်ရှိပြီး လူဦးရေ (၃၀၀) ကျော်ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားနေကြတာ လက်ရှိလူဦးရေရဲ့ တဝက်ခန့် ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

March 7, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စုအတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ကလေးအပါအဝင်...
March 5, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာစာသင်ကျောင်းတစ်ကျောင်းမှာ ပြီးဆုံးတော့မယ့်...
March 4, 2025
လွိုင်ကော်မြို့တွင်းက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်အပါအဝင် အခြေခံပညာစာသင်ကျောင်းတွေနဲ့...
February 28, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်...