အချိန်အကန့်အသတ်ကြောင့် တော်လှန်ရေးကို တိုက်ရိုက်ထိရောက်မယ့်ကိစ္စတွေအပေါ် ပိုအားစိုက်ဖို့ NUG ဝန်ကြီးချုပ်ပြော

အချိန်အကန့်အသတ်ကြောင့် တော်လှန်ရေးကို တိုက်ရိုက်ထိရောက်မယ့်ကိစ္စတွေအပေါ် ပိုအားစိုက်ဖို့ NUG ဝန်ကြီးချုပ်ပြော
PVTV
PVTV

အချိန်အကန့်အသတ်ကြောင့် တော်လှန်ရေးကို တိုက်ရိုက်ထိရောက်မယ့် ကိစ္စတွေအပေါ်မှာပဲ ပိုအားစိုက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။

မနေ့က မနက်ပိုင်းမှာကျင်းပခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က အဲဒီလိုပြောခဲ့တဲ့အကြောင်း မနေ့ကညပိုင်းမှာ NUG က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

"တော်လှန်ရေးအောင်မြင်မှုအတွက် အားကောင်းမောင်းသန် အ‌ရွေ့တစ်ခုကို ဖြစ်စေဖို့ပဲ စဥ်းစားကြဖို့နဲ့ အချိန်က အကန့်အသတ် ပိုမိုဖြစ်လာပြီမို့ တော်လှန်ရေးအတွက် တိုက်ရိုက်ထိရောက်မှုရှိစေမယ့် အရေးကြီးတဲ့ကိစ္စတွေအပေါ်  ပိုမိုအားစိုက်လုပ်ဆောင်ပေးကြဖို့၊ ပြင်ဆင်ပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်" လို့ ဝန်ကြီးချုပ်က ပြောခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကလည်း တော်လှန်ရေးအလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့်လုပ်မှသာ တိုင်းပြည်နဲ့လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ်ထုတ်နိုင်မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူလူထုတစ်ရပ်လုံးက ယုံကြည်မျှော်လင့်ချက်တွေ  များစွာရှိကြပါတယ်။ ဒီမျှော်လင့်ချက်တွေ ယုံကြည်မှုတွေကို ကျွန်တော်တို့က ရိုက်ချိုးလို့မရဘူး။ ကျွန်တော်တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေးကို ဘယ်လောက် ခံယူချက်ခိုင်ခိုင်မာမာနဲ့ အပ်နှံထားကြောင်း လက်တွေ့ပြသဖို့ လိုပါတယ်" လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ယာယီသမ္မတ ဒူဝါလရှီးလဟာ NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းကိုပြန်လာကြဖို့ ပြောကြားခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်နေသလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှာ သွားရောက်ခဲ့ပါတယ်။

Most read this week

December 17, 2025
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြစ်ကြီးနားမြို့ကို ရောက်တဲ့အချိန်...
December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...