Published
Friday, November 29, 2024
ICNCC နဲ့ ချင်းညီနောင်(CB)တို့က ချင်းပြည်အစိုးရတစ်ရပ်အတွက် ဖွဲ့စည်းပုံပဋိညာဉ်(Charter)မူကြမ်းရေးဆွဲထား
- ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)နဲ့ ချင်းညီနောင်(CB)တို့က ချင်းပြည်အစိုးရတစ်ရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံပဋိညာဉ် (Charter) မူကြမ်းကို ရေးဆွဲထားပြီဖြစ်တယ်လို့ ချင်းညီနောင်ရဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။
- ချင်းပြည် ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်က ချင်းအမျိုးသမီးတစ်ဦး တောထဲကို ဟင်းရှာထွက်ရင်း အဓမ္မပြုကျင့်ခံရပြီး ဆမီးဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
- စစ်ကိုင်းတိုင်း ကလေးမြို့အနောက်မြောက်ပိုင်းဒေသ လက်ပံချောင်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။