- ကချင်အထူးဒေသ ၁ ရှိ နယ်ခြားစောင့်တပ်ရင်းကြီး ၃ ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဘက်က အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်ရှိ ကန်ပိုက်တီနယ်စပ်မြို့ဘက်မှာ စစ်ရေးနဲ့ပတ်သက်ပြီး အလေးနက်ထား ဂရုစိုက်နေရတာတွေရှိတယ်လို့ KIO ဘက်က ပြောပါတယ်။
- မြစ်ကြီးနားနဲ့တနိုင်းကို ဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် လမ်းတစ်လျှောက် ကားအမြောက်အများ ပိတ်မိနေပြီး ရွှံ့ဗွက်ထဲကနေလွတ်အောင် ကားတွေကို ဆင်ကြီးတွေနဲ့ ဆွဲထုတ်နေရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
- ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြား ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ပိုမိုမြင့်တက်လာနေပြီး ဘယ်လက်နက်ကိုင်တပ်ဖွဲ့တွေမဆို ဘာသာရေးအဆောက်အအုံကို အလွဲသုံးစားလုပ်ကာ နေရာယူတာမျိုး၊ ပျက်စီးအောင်ပြုလုပ်တာမျိုးတွေ ရှောင်ရှားပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။