ပွင့်လင်းရာသီ မွန်ပြည်နယ်မှာ နှစ်ဖက်စစ်ရေး ဘယ်လိုဆက်ဖြစ်လာနိုင်လဲ

ပွင့်လင်းရာသီ မွန်ပြည်နယ်မှာ နှစ်ဖက်စစ်ရေး ဘယ်လိုဆက်ဖြစ်လာနိုင်လဲ

ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေအတွက် ပြင်ဆင်နေတယ်လို့ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောလောဆယ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ဒေသတွင်း PDF တွေနဲ့ မွန်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်မှာ နှစ်ဖက်စစ်ရေး တင်းမာတာတွေ မရှိသေးပါဘူး။

ဒါပေမယ့် စစ်ကောင်စီဘက်က အဲဒီဒေသတွေမှာ လက်နက်ကြီးပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာ၊ လုံခြုံရေး ကင်းလှည့်တာနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ လှုပ်ရှားနေတာတွေ ရှိနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သထုံခရိုင် တာဝန်ခံ ကိုအေးမင်းထွန်းက သူတို့အဖွဲ့ လှုပ် ရှားတဲ့ ဒေသဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေရှိနေပြီး စစ်ရေးတိုက်ပွဲအတွက် ပြင် ဆင်တာရှိတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီကတော့ သိတဲ့အတိုင်းပေါ့ဗျာ။ သူတို့ လှုပ်ရှားမှုတွေကတော့ မြို့တွေထဲမှာဆိုရင်လည်း စစ်ဆေးရေးလုပ်တာတွေရှိတယ်။ ကင်းလှည့်တာတွေ ရှိတယ်။ ကားလမ်းမကြီးနဲ့ ရွာတွေ မနီးမဝေးမှာ စစ်ကြောင်းထိုးတာမျိုးတွေ ရှိတာပေါ့။ စစ်ရေးတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်တာတွေတော့ ရှိတာပေါ့။ ဒါကလည်း ကျွန်တော်တို့အနေနဲ့ အသေးစိတ်ဖြေ ကြားလို့မရတာ နားလည်ပေးပါနော်” လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်ကျော်အတွင်း ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မဲပလီနဲ့ ဝက်ခေါင်းပွာရွာကြားကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံရှစ်ဦးထက်မနည်း ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရေးနဲ့ သံဖြူဇရပ်ကြားရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ဆက်လက်လှုပ်ရှားနေသလို နယ်ခြားစောင့်တပ်  BGF တပ်ဖွဲ့တွေ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့အတူ ကင်းလှည့်တာတွေ ရှိ နေပါတယ်။

စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်ကတော့ “စစ်ရေးလှုပ်ရှားမှုတော့ ပြင်ဆင်တာတော့ ရှိတယ်။ ဒါပေမယ့် ဘယ်လိုလည်းဆိုတာ ကျွန်တော်တို့ ထုတ် ဖော်ပြောဆိုလို့ မရတဲ့အနေအထားမျိုးပေါ့”လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီ AD ဟာ မိခင်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ၊ မော်လမြိုင်ခရိုင် တောင်ပေါက်စစ်ရေးခွင်ဖြစ်တဲ့ တပ်ရင်း ၁ နဲ့ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ တပ်ရင်း ၅ တို့ကို ပြန်လည်စုဖွဲ့ပြီး လှုပ်ရှားနေတာပါ။

တစ်ဘက်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင် တပ်ဖွဲ့တွေကို မွန်လူထုတွေက တစ်စုတစ်စည်းတည်းဖြစ်ဖို့ မျှော်လင့်နေကြသလို မွန်လူငယ်တွေကလည်း နိုင်ငံရေးဦး ဆောင်မှုရှိတဲ့ မွန်တပ်ပေါင်းစုဖြစ်ဖို့ တိုက်တွန်းနေကြတာပါ။

ဒါပေမယ့် လက်ရှိအချိန်အထိတော့ အဲဒီအဖွဲ့တွေဟာ မြေပြင်စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်သင်တန်းတက်တာတွေ၊ သတင်းအချက်အလက်မျှဝေတာလောက်ပဲ အတူတကွ လှုပ်ရှားနေကြပြီး တပ်ပေါင်းစုဖြစ်ဖို့ ကြိုးစားနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။

တစ်ဘက်မှာ မဟာမိတ်တွေနဲ့အတူ လှုပ်ရှားတဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူး ပေါင်း လုပ်ဆောင်သွားမယ်လို့ မွန်လက်နက်ကိုင်တော်လှန်‌ရေးတပ်ဖွဲ့တွေက ထုတ်ပြောထားတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက အခြေအနေပေးသလို တိုက်သွားဖို့ ရှိပေမယ့် မြို့ သိမ်းစခန်းသိမ်းတိုက်ပွဲတွေတော့ လုပ်ဆောင်ဖို့ စိန်ခေါ်မှုဖြစ်နေသေးတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့တပ် စတည်ထောင်ထားတာ သုံးနှစ်လောက်ပဲ ရှိသေးတဲ့အပေါ် လက်နက်အင်အား မလုံ လောက်မှုတွေ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အဆင်ပြေရင် ပြေသလို အခြေအနေပေးရင်ပေးသလို တိုက်သွားဖို့တော့ ရှိပါတယ်။ သို့ပါသော်လည်း ပြည်သူတွေ မျှော်လင့်ထားသလို စခန်းသိမ်းတိုက်ပွဲ မြို့သိမ်းတိုက်ပွဲတွေကိုတော့ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မဟာမိတ်တွေအနေနဲ့ လုပ်ဆောင်ဖို့ အတော်လေး စိန်ခေါ်မှုဖြစ်နေသေးတယ်လို့ ကျွန်တော့်အနေနဲ့ ဝန်ခံလိုပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

သက်တမ်းရင့် မွန်၊ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တည်ရှိတဲ့ မွန်ပြည်နယ်မှာ တခြားဒေသတွေလိုပဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၃၀ ထက်မနည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ KNU အပါအဝင် အဲဒီ လက်နက်ကိုင်အဖွဲ့တွေဟာ ရှမ်းမြောက်နဲ့ရခိုင်လိုမျိုး စစ်ကောင်စီတပ်ရင်းတွေ ဌာနချုပ်တွေအထိ ထိုးစစ်

ဆင်ပြီး မြို့ တွေတက်သိမ်းတဲ့ စစ်ဆင် ရေးတွေလုပ်တာ မတွေ့ရသေးပါဘူး။

တောင်ပိုင်းဒေသ စစ်ရေးအခြေအနေတွေ လေ့လာနေသူတစ်ဦးက မွန်နဲ့ကရင်တွေက စစ်ရေးထက် နိုင်ငံရေးကစားကွက်ကိုပဲ အကွက်ရွှေ့နေတာကြောင့် စစ်

ကောင်စီနဲ့ ရန်-ငါ ပြတ်တဲ့ မြောက်ပိုင်းလို စစ်ဆင်ရေးမျိုး တောင်ပိုင်းမှာ ပေါ်လာမယ်မထင်ဘူးလို့ သုံးသပ်ပါတယ်။

“တောင်ပိုင်းမှာ အလှူငွေရဖို့ campaign သဘောလောက်ပဲ သေနတ်ဖောက်နေကြတာ လေးနှစ်ပြည့်တော့မယ်။ ကရင်မှမဟုတ်ဘူး။ မွန်လည်းအဲဒီလိုပဲ။ အဲဒီတော့ ကျွန်တော့်အနေနဲ့ စစ်ရေးဗျူ ဟာဆိုတာထက် စိတ်ဆန္ဒရှိဖို့ပဲလိုနေတယ်လို့ မြင်တယ်။ မွန်နဲ့ကရင်တော်လှန်ရေးခေါင်ဆောင်ဆိုသူတွေကို ‘စစ်ကောင်စီပြုတ်ကျသွားအောင် တကယ်ရောတိုက်နေရဲ့လား’ လို့ ကျွန်တော်တို့မေးရတော့မယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တကယ်တိုက်မယ်ဆိုရင်လည်း လူအင်အား လက်နက်အင်အား အလုံအလောက်ရှိပြီးသားမို့ ဆယ်စုနှစ်နဲ့ချီတဲ့ စစ်ရေးအတွေ့အကြုံနဲ့ စစ်ဆင်ရေးဗျူဟာတွေ လှုပ်ရှားလို့ ရနေပြီးသားလို့ သူ က ထောက်ပြပါတယ်။

အာဏာသိမ်းမှုကြောင့် NCA စာချုပ်ကို ကျောခိုင်းပြီး တော်လှန်ရေးထဲ ပါဝင်လာခဲ့တဲ့ ကရင်အမျိုး သားအစည်းအရုံး KNU ဟာ မွန်ပြည်နယ်က သထုံခရိုင်

အတွင်း စစ်ရေးခွင်အများဆုံး တည်ရှိနေတာပါ။

ကျန်တဲ့ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်ဘက်မှာလည်း KNU ရဲ့ စစ်ရေးခွင်တချို့ရှိနေသလို မွန်လက် နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ မဟာမိတ်ဖွဲ့ လှုပ်ရှားနေကြပါတယ်။

တစ်ဘက်မှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန‌လက်အောက်ရှိ  PDF တပ်တွေနဲ့ စစ်ကြောင်းတွေလည်း အဲဒီဒေ သဘက်မှာ လှုပ်ရှားနေပြီး သက်ဆိုင်ရာ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

Most read this week

October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...
October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...