CDF - မတူပီ တပ်မဟာ ၁ နဲ့ ၂ ကြားက ပဋိပက္ခကို ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ညှိနှိုင်းမှုနဲ့ အဖြေရှာမည်

CDF - မတူပီ တပ်မဟာ ၁ နဲ့ ၂ ကြားက ပဋိပက္ခကို ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ညှိနှိုင်းမှုနဲ့ အဖြေရှာမည်

- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက ပဋိပက္ခဖြစ်ပွားနေမှုကို ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ရဲ့ ညှိနှိုင်းပေးမှုနဲ့ ဆွေးနွေးအဖြေရှာသွားမှာ ဖြစ်တယ်လို့ နှစ်ဖက်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

- စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်  ၆ အတွက် လူငယ်တွေကို စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်နေပြီး စစ်မှုမထမ်းလိုရင် ငွေကြေးအမြောက်အများနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

- ချင်းပြည် မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မယ့် NGO/INGO တွေအနေနဲ့ မိမိတို့ဆောင်ရွက်မယ့် စီမံကိန်းဆိုင်ရာအကြောင်းအရာတွေကို သတင်းပေးပို့ရမှာဖြစ်ပြီး သတင်းပေးပို့ခြင်းမရှိတဲ့အဖွဲ့ အစည်းတွေကို မရာနယ်မြေအတွင်း လှုပ်ရှားသွားလာခွင့်ပြုမှာမဟုတ်ဘူးလို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC/MDF က ထုတ်ပြန်ပါတယ်။

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 24, 2024
- ဒီးမော့ဆိုမြို့နယ်အ‌နောက်ဘက်ခြမ်းမှာ လမ်းပိတ်ဆို့မှု၊ လမ်းတံတားပျက်စီးမှုကြောင့်...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...